သင်ခန်းစာ ၁၈
ခရစ်ယာန်စစ်တွေကို ခွဲခြားသိနိုင်ပုံ
ခရစ်ယာန်ပါလို့ ဆိုသူ လူသန်းထောင်နဲ့ချီ ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ ယုံကြည်ချက်တွေ၊ စံနှုန်းတွေ မတူကြဘူး။ ဒါဆိုရင် စစ်မှန်တဲ့ ခရစ်ယာန်တွေကို ဘယ်လို ခွဲခြားသိနိုင်မလဲ။
၁။ ခရစ်ယာန်ဆိုတာ ဘာလဲ။
ခရစ်ယာန်ဆိုတာ ယေရှုခရစ်ရဲ့ တပည့်နောက်လိုက်တွေပါ။ (တမန်တော် ၁၁:၂၆ ကို ဖတ်ပါ။) ယေရှုတပည့်ဖြစ်ကြောင်း ဘယ်လို သက်သေပြကြသလဲ။ ‘ခင်ဗျားတို့သာ ကျွန်တော့်စကားကို အမြဲလိုက်နာရင် ကျွန်တော့်တပည့်အစစ် ဖြစ်တယ်’ လို့ ယေရှု ပြောတယ်။ (ယောဟန် ၈:၃၁) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ ယေရှုရဲ့သွန်သင်ချက်ကို လိုက်နာရမယ်။ ယေရှုက ကျမ်းစာကို အခြေခံပြီး သွန်သင်တယ်။ ခရစ်ယာန်စစ်တွေရဲ့ ယုံကြည်ချက်ကလည်း ကျမ်းစာကို အခြေခံတယ်။—လုကာ ၂၄:၂၇ ကို ဖတ်ပါ။
၂။ ခရစ်ယာန်စစ်တွေ ဘယ်လို မေတ္တာပြကြသလဲ။
“ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ” လို့ နောက်လိုက်တွေကို ယေရှု ပြောတယ်။ (ယောဟန် ၁၅:၁၂) တပည့်တွေကို ချစ်ကြောင်း ယေရှု ဘယ်လို ပြသလဲ။ သူတို့ကို အချိန်ပေးတယ်။ အားပေးတယ်။ ကူညီတယ်။ သူတို့အတွက် အသက်ကိုတောင် စွန့်ခဲ့တယ်။ (၁ ယောဟန် ၃:၁၆) အလားတူပဲ၊ ခရစ်ယာန်စစ်တွေဟာ မေတ္တာထားဖို့ သင်ပေးရုံလောက်ပဲ မဟုတ်ဘူး။ အပြောနဲ့ရော အလုပ်နဲ့ပါ မေတ္တာပြကြတယ်။
၃။ ခရစ်ယာန်စစ်တွေ ဘာလုပ်ဆောင်ကြသလဲ။
ယေရှုက တပည့်တွေကို လုပ်စရာအလုပ် ပေးခဲ့တယ်။ “ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောဖို့” စေလွှတ်တယ်။ (လုကာ ၉:၂) အစောပိုင်း ခရစ်ယာန်တွေဟာ ဝတ်ပြုတဲ့နေရာမှာသာမက လူအများရှိတဲ့နေရာ၊ အိမ်တွေမှာလည်း သွားဟောကြတယ်။ (တမန်တော် ၅:၄၂ နဲ့ ၁၇:၁၇ ကို ဖတ်ပါ။) ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေလည်း လူတွေရှိတဲ့နေရာတိုင်းမှာ ကျမ်းစာအမှန်တရားကို ဟောကြတယ်။ လူတွေကို ချစ်တဲ့အတွက် အချိန်နဲ့ ခွန်အား စိုက်ထုတ်ပြီး မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှုပေးတဲ့ ကျမ်းစာသတင်းတရား ဟောကြတယ်။—မာကု ၁၂:၃၁။
ရှာဖွေလေ တွေ့ရှိလေ
ခရစ်ယာန်စစ်တွေနဲ့ ယေရှုရဲ့ သွန်သင်ချက်၊ စံနမူနာ မလိုက်နာသူတွေ ကွာခြားပုံကို သုံးသပ်ပါ။
၄။ ခရစ်ယာန်စစ်တွေ ကျမ်းစာအမှန်တရား ရှာဖွေကြ
ခရစ်ယာန်အမည်ခံသူတိုင်း ကျမ်းစာအမှန်တရားကို တန်ဖိုးထားကြတာ မဟုတ်ဘူး။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို ဆွေးနွေးပါ။
ခရစ်ယာန်ချာ့ချ်တချို့ ယေရှုရဲ့ သွန်သင်ချက်တွေ သင်ပေးဖို့ ဘယ်လို ပျက်ကွက်ကြသလဲ။
ကျမ်းစာထဲက အမှန်တရားကို ယေရှု သွန်သင်တယ်။ ယောဟန် ၁၈:၃၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။
ယေရှုရဲ့စကားအရ ‘အမှန်တရားဘက် ရပ်တည်တဲ့’ ခရစ်ယာန်တွေကို ဘယ်လို ခွဲခြားသိနိုင်မလဲ။
၅။ ခရစ်ယာန်စစ်တွေ ကျမ်းစာအမှန်တရား ဟောပြောကြ
ယေရှု ကောင်းကင်မတက်ခင် နောက်လိုက်တွေကို တာဝန်တစ်ခု ပေးတယ်။ ဒါကို အခုချိန်ထိ လုပ်ဆောင်နေပါတယ်။ မဿဲ ၂၈:၁၉၊ ၂၀ နဲ့ တမန်တော် ၁:၈ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။
ဟောပြောခြင်းလုပ်ငန်းကို ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ကြမလဲ။
၆။ ခရစ်ယာန်စစ်တွေ အပြောနဲ့ အလုပ်ညီကြ
စစ်မှန်တဲ့ခရစ်ယာန်ဘာသာကို တွေ့ပြီလို့ တွမ် ဘာကြောင့် လက်ခံသွားသလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။
ဒီဗီဒီယိုမှာ ဘာသာရေးကို တွမ် ဘာကြောင့် စိတ်ပျက်ခဲ့သလဲ။
အမှန်တရား တွေ့ပြီလို့ သူ ဘာကြောင့် လက်ခံသွားသလဲ။
အပြောထက် အလုပ်က ပိုထိရောက်တယ်။ မဿဲ ၇:၂၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။
ယုံကြည်တယ်လို့ ပြောရုံပြောတာ၊ လုပ်ရပ်နဲ့ သက်သေပြတာ ဘယ်တစ်ခုကို ယေရှု အလေးထားသလဲ။
၇။ ခရစ်ယာန်စစ်တွေ အချင်းချင်း ချစ်ကြ
ခရစ်ယာန်တွေဟာ အချင်းချင်းအတွက် အသက်စတေးဝံ့သလား။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို ဆွေးနွေးပါ။
ဒီဗီဒီယိုမှာ ညီအစ်ကို ယိုဟန်စန်အတွက် အသက်စတေးဖို့ လွိုက်ကို ဘာက လှုံ့ဆော်သလဲ။
သူ ခရစ်ယာန်စစ် ပီသတယ်လို့ ထင်ပါသလား။
ယောဟန် ၁၃:၃၄၊ ၃၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။
ယေရှုတပည့်တွေ (ခရစ်ယာန်စစ်တွေ) ဟာ လူမျိုးမတူသူတွေကို ဘယ်လို ပြုမူဆက်ဆံကြသလဲ။
စစ်ဖြစ်ချိန်မှာ သူတို့ ဘာလုပ်ကြမလဲ။
လူတချို့အဆို။ “ခရစ်ယာန်ဂိုဏ်းတွေ အများကြီးရှိပေမဲ့ ကိုးကွယ်တဲ့ ဘုရားကတော့ တစ်ဆူတည်းပါ။”
ခရစ်ယာန်စစ်တွေကို ခွဲခြားသိနိုင်ပုံအကြောင်း ဘယ်ကျမ်းပိုဒ် သုံးပြီး ရှင်းပြမလဲ။
အနှစ်ချုပ်
ခရစ်ယာန်စစ်တွေ ကျမ်းစာသွန်သင်ချက်ကို လိုက်နာကြတယ်။ ကိုယ်ကျိုးစွန့်မေတ္တာ ပြကြတယ်။ ကျမ်းစာအမှန်တရား ဟောကြတယ်။
ပြန်လည်သုံးသပ်ခြင်း
ခရစ်ယာန်စစ်တွေရဲ့ ယုံကြည်ချက်တွေက ဘာကို အခြေခံသလဲ။
ခရစ်ယာန်စစ်တွေ ဖြစ်ကြောင်း ဘယ်အရည်အသွေးက သိစေသလဲ။
ခရစ်ယာန်စစ်တွေ ဘာကို လုပ်ဆောင်ကြသလဲ။
လေ့လာစရာ ထပ်ဖွေရှာ
ယေရှုရဲ့ စံနမူနာနဲ့ သွန်သင်ချက်ကို လိုက်နာဖို့ ကြိုးစားတဲ့အဖွဲ့အကြောင်း ထပ်လေ့လာပါ။
ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ
မေးလေ့ရှိတဲ့ မေးခွန်းများ
ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ ကျမ်းစာလေ့လာမှုဆိုတာ ဘာလဲ
ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ အခမဲ့ လေ့လာမှုအစီအစဉ်မှာ ဘယ်ဘာသာပြန်ကျမ်းကိုမဆို သုံးနိုင်ပါတယ်။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ပါဝင်ဖို့ ဖိတ်ခေါ်လို့ ရတယ်။
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ