သင်ခန်းစာ ၃၀

သေဆုံးသွားတဲ့ ချစ်ရသူတွေကို ပြန်တွေ့နိုင်

သေဆုံးသွားတဲ့ ချစ်ရသူတွေကို ပြန်တွေ့နိုင်
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

သေခြင်းက လူတွေကို ဝမ်းနည်းပူဆွေးစေတယ်။ ဒါကြောင့် ကျမ်းစာက သေခြင်းကို ရန်သူလို့ ခေါ်ထားတယ်။ (၁ ကောရိန္သု ၁၅:၂၆) သင်ခန်းစာ ၂၇ မှာ လေ့လာခဲ့တဲ့အတိုင်း ဒီရန်သူကို ယေဟောဝါ အနိုင်ယူပါတော့မယ်။ ဒါဆိုရင် သေသွားတဲ့သူတွေကော။ လူသန်းပေါင်းများစွာ အသက်ပြန်ရှင်လာအောင်၊ ထာဝရအသက်ရအောင် ယေဟောဝါ လုပ်ပေးမယ်ဆိုတဲ့ သိပ်ကောင်းတဲ့ကတိအကြောင်း ဒီသင်ခန်းစာမှာ လေ့လာပါမယ်။ လူသေတွေ ရှင်ပြန်ထမြောက်လာအောင် ဘုရား လုပ်ပေးတော့မယ်။ ဒါဖြစ်နိုင်ပါ့မလား။ ကောင်းကင်မှာနေဖို့ ထမြောက်မှာလား။ ကမ္ဘာပေါ် နေဖို့ ထမြောက်လာမှာလား။

၁။ သေဆုံးသွားတဲ့ ချစ်ရသူတွေအတွက် ယေဟောဝါရဲ့ဆန္ဒက ဘာလဲ။

ယေဟောဝါက သေဆုံးသွားသူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးဖို့ ဆန္ဒပြင်းပြတယ်။ သစ္စာရှိသူ ယောဘက မိမိသေသွားတဲ့အခါ ဘုရားမေ့ထားမှာ မဟုတ်မှန်း စိတ်ချတယ်။ “ကိုယ်တော် ခေါ်တဲ့အခါ [သင်္ချိုင်းကနေ] ပြန်ထူးပါ့မယ်” လို့ ဘုရားကို သူပြောတယ်။​—ယောဘ ၁၄:​၁၃-၁၅ ကို ဖတ်ပါ။

၂။ လူသေတွေ အသက်ပြန်ရှင်နိုင်မယ်ဆိုတာ ဘယ်လို သိရသလဲ။

ယေရှု ကမ္ဘာပေါ် ရှိချိန်က လူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တဲ့တန်ခိုး ဘုရား ပေးခဲ့တယ်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနဲ့ မုဆိုးမရဲ့သားကို အသက်ပြန်ရှင်စေခဲ့တယ်။ (မာကု ၅:​၄၁၊ ၄၂။ လုကာ ၇:​၁၂-၁၅) နောက်ပိုင်း ယေရှုရဲ့မိတ်ဆွေ လာဇရု သေဆုံးသွားတယ်။ လာဇရုကို သင်္ဂြိုဟ်တာ လေးရက်ကြာပြီဖြစ်ပေမဲ့ အသက်ပြန်ရှင်လာအောင် ယေရှု လုပ်ပေးတယ်။ ဘုရားဆီ ဆုတောင်းပြီးနောက် “လာဇရု၊ ထွက်လာခဲ့” ဆိုပြီး အော်ခေါ်လိုက်တဲ့အခါ “ကွယ်လွန်သူဟာ . . . ထွက်လာတယ်။” လာဇရု အသက်ရှင်နေပြီ။ (ယောဟန် ၁၁:​၄၃၊ ၄၄) လာဇရုရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ ဘယ်လောက် ပျော်လိုက်မလဲ။

၃။ သေဆုံးသွားတဲ့ ချစ်ရသူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ။

“ရှင်ပြန်ထမြောက်လာမယ်” လို့ ကျမ်းစာ ကတိပေးတယ်။ (တမန်တော် ၂၄:၁၅) ယေရှု ရှင်ပြန်ထမြောက်ပေးလိုက်သူတွေဟာ ကောင်းကင်ရောက်ခဲ့တာ မဟုတ်ဘူး။ (ယောဟန် ၃:၁၃) ကမ္ဘာပေါ် အသက်ပြန်ရှင်လာလို့ ဝမ်းသာနေကြတာ။ မကြာခင်မှာလည်း ယေရှုက လူသန်းပေါင်းများစွာကို အသက်ပြန်ရှင်စေပြီး ကမ္ဘာ့ပရဒိသုမှာ ထာဝစဉ် နေထိုင်စေမယ်။ လူတွေ သတိမရတော့ရင်တောင် ဘုရားရဲ့မှတ်ဉာဏ်မှာ ရှိနေသူတွေအပါအဝင် “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး” အသက်ပြန်ရှင်လာကြမယ်လို့ ယေရှု ပြောတယ်။​—ယောဟန် ၅:​၂၈၊ ၂၉

ရှာဖွေလေ တွေ့ရှိလေ

လူသေတွေ အသက်ပြန်ရှင်နိုင်တယ်၊ အသက်ပြန်ရှင်လာကြမယ်ဆိုတဲ့ ကျမ်းစာအထောက်အထားကို ဆန်းစစ်ပါ။ ရှင်ပြန်ထမြောက်ခြင်းက နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ပေးနိုင်ပုံကို လေ့လာပါ။

၄။ လူသေတွေကို အသက်ပြန်ရှင်စေနိုင်ကြောင်း ယေရှု သက်သေပြ

မိတ်ဆွေ လာဇရုအတွက် ယေရှု လုပ်ပေးခဲ့တာကို ထပ်လေ့လာပါ။ ယောဟန် ၁၁:၁၄၊ ၃၈-၄၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • လာဇရု တကယ်သေပြီဆိုတာ ဘယ်လို သိရသလဲ။​ —အခန်းငယ် ၃၉ ကို ကြည့်ပါ။

ဗီဒီယို ဖွင့်ပါ။

  • လာဇရု ကောင်းကင်ရောက်နေရင် ကမ္ဘာပေါ် အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးမယ်လို့ ထင်ပါသလား။

၅။ လူများစွာ ရှင်ပြန်ထမြောက်လာကြမယ်

ဆာလံ ၃၇:၂၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ရှင်ပြန်ထမြောက်လာမယ့် လူသန်းထောင်ပေါင်းများစွာ ဘယ်မှာ နေထိုင်ကြမလဲ။

ယေဟောဝါကို ဝတ်ပြုသူတွေအပြင် လူများစွာကို ယေရှု ရှင်ပြန်ထမြောက်စေမယ်။ တမန်တော် ၂၄:၁၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘယ်သူ အသက်ပြန်ရှင်လာတာကို မြင်တွေ့ချင်သလဲ။

ဖခင်က အိပ်ပျော်နေတဲ့ ကလေးကို နှိုးသလိုပဲ ယေရှုခရစ်က သေလွန်သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်

၆။ ရှင်ပြန်ထမြောက်ခြင်းက နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ပေး

ယာအိရုသမီးအကြောင်း ကျမ်းစာမှတ်တမ်းက ဝမ်းနည်းပူဆွေးသူတွေကို နှစ်သိမ့်မှုပေးပြီး အားရှိစေတယ်။ လုကာ ၈:၄၀-၄၂၊ ၄၉-၅၆ ပါ ဖြစ်ရပ်မှန်ကို ဖတ်ကြည့်ပါ။

ယေရှုက ယာအိရုသမီး အသက်ပြန်ရှင်လာအောင် မလုပ်ပေးခင် “ဘာမှ မစိုးရိမ်ပါနဲ့။ ယုံကြည်ခြင်းသာ ရှိပါ” လို့ ယာအိရုကို ပြောတယ်။ (အခန်းငယ် ၅၀ ကို ကြည့်ပါ။) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က အောက်ပါအခြေအနေတွေမှာ ဘယ်လိုကူညီပေးနိုင်သလဲ။

  • ချစ်ရသူတစ်ဦး သေဆုံးသွားတဲ့အခါ

  • ကိုယ်တိုင် အသက်အန္တရာယ် ကြုံရတဲ့အခါ

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် ဖီလစ်စတီရဲ့ မိဘတွေ ဘယ်လို နှစ်သိမ့်မှုရပြီး အားရှိသွားသလဲ။

လူတချို့ အဆို။ “လူသေတွေ အသက်ပြန်ရှင်လာမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

  • သင် ဘယ်လို ထင်ပါသလဲ။

  • ရှင်ပြန်ထမြောက်ခြင်း ရှိတယ်ဆိုတာ ဘယ်ကျမ်းချက်ကို သုံးပြီး ရှင်းပြမလဲ။

အနှစ်ချုပ်

သေဆုံးသူ သန်းပေါင်းများစွာ အသက်ပြန်ရှင် လာမယ်။ သူတို့ကို ယေဟောဝါ အသက်ပြန်ရှင်စေချင်တယ်။ အသက်ပြန်ရှင်စေနိုင်တဲ့တန်ခိုး ယေရှုကို ပေးထားတယ်။

ပြန်လည်သုံးသပ်ခြင်း

  • လူသေတွေ အသက်ပြန်ရှင်လာအောင် ယေဟောဝါနဲ့ ယေရှု လုပ်ပေးချင်တဲ့ဆန္ဒ ရှိကြောင်း ဘယ်လို သိရသလဲ။

  • ရှင်ပြန်ထမြောက်လာသူ သန်းပေါင်းများစွာ ဘယ်မှာ နေကြမလဲ။ ကောင်းကင်မှာလား၊ ကမ္ဘာပေါ်မှာလား။ ဘာကြောင့် အဲဒီလိုဖြေသလဲ။

  • သေဆုံးသွားတဲ့ ချစ်ရသူတွေ အသက်ပြန်ရှင်လာမယ်လို့ ဘာကြောင့် စိတ်ချသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ချစ်ခင်ရသူ သေဆုံးသွားတဲ့အခါ ကလေးတွေ ခံရပ်နိုင်အောင် ဘာက ကူညီပေးမလဲ။

ရွေးဖိုး (၂:၀၇)