သင်ခန်းစာ ၄၄

ပွဲနေ့တိုင်းကို ဘုရား နှစ်သက်သလား

ပွဲနေ့တိုင်းကို ဘုရား နှစ်သက်သလား
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ယေဟောဝါက ကျွန်တော်တို့ကို ပျော်စေချင်တယ်။ ပျော်ပွဲရွှင်ပွဲတွေ လုပ်စေချင်တယ်။ ဒါပေမဲ့ ပွဲနေ့တိုင်းကို ဘုရား နှစ်သက်တာ မဟုတ်ဘူး။ ဒီကိစ္စမှာ ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁။ ပွဲနေ့အတော်များများကို ယေဟောဝါ ဘာကြောင့် မနှစ်သက်သလဲ။

ပွဲနေ့များစွာဟာ ကျမ်းစာသွန်သင်ချက်နဲ့ မကိုက်ညီမှန်း၊ တိတ္ထိအယူကနေ ဆင်းသက်လာမှန်း သိရလို့ သင် အံ့သြမိနိုင်တယ်။ အဲဒီပွဲနေ့တွေဟာ မှားယွင်းတဲ့ဘာသာနဲ့ ဆက်နွှယ်တယ်။ နတ်ဆိုးပညာ၊ လူသေရင် ဝိညာဉ်မသေဘူးဆိုတဲ့ အယူအဆ၊ ကံတရားယုံကြည်မှု၊ အယူသီးမှုတို့ကို အခြေခံတဲ့ ပွဲနေ့တွေလည်း ရှိတယ်။ (ဟေရှာယ ၆၅:၁၁) ဒါကြောင့် ယေဟောဝါက “တသီးတခြား နေကြ။ မသန့်ရှင်းတဲ့အရာကို လက်နဲ့တောင် မထိနဲ့တော့” ဆိုပြီး ကျွန်တော်တို့ကို သတိပေးတယ်။​—၂ ကောရိန္သု ၆:၁၇ a

၂။ လူကို အလွန်အမင်း ဂုဏ်တင်တဲ့ ပွဲနေ့တွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

“လူတွေကို ယုံကြည်ကိုးစားတဲ့” ထောင်ချောက်ထဲ မကျသွားဖို့ ယေဟောဝါ သတိပေးတယ်။ (ယေရမိ ၁၇:၅ ကို ဖတ်ပါ။) အုပ်စိုးရှင်နဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့နေ့၊ နိုင်ငံ့အထိမ်းအမှတ်ကို ဂုဏ်တင်တဲ့နေ့၊ လွတ်လပ်ရေးနေ့တို့ ရှိတယ်။ (၁ ယောဟန် ၅:၂၁) နိုင်ငံရေးအဖွဲ့၊ လူမှုရေးအဖွဲ့တွေကို ဂုဏ်ပြုတဲ့ပွဲတွေလည်း ရှိတယ်။ လူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို အမွှမ်းတင်လွန်းတဲ့ ပွဲနေ့၊ ဘုရားရည်ရွယ်ချက်နဲ့မညီတဲ့ အယူအဆကို အားပေးတဲ့ ပွဲနေ့မျိုးမှာ ပါဝင်ရင် ယေဟောဝါ ဘယ်လို ခံစားရမလဲ။

၃။ ဘယ်အမူအကျင့်တွေက ပွဲနေ့တွေကို လက်မခံနိုင်စရာ ဖြစ်စေသလဲ။

“သောက်ကြူးတာ၊ အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ အပြိုင်အဆိုင် သောက်စားတာ” ကို ကျမ်းစာ တားမြစ်တယ်။ (၁ ပေတရု ၄:၃) တချို့ပွဲတွေမှာ လူတွေဟာ အထိန်းအကွပ်မဲ့ပြီး အကျင့်ယိုယွင်းကြတယ်။ ယေဟောဝါရဲ့ မိတ်ဆွေ ဆက်ဖြစ်ချင်ရင် စာရိတ္တ မသန့်ရှင်းမှုတွေကို ကျွန်တော်တို့ ဝေးဝေးရှောင်ရမယ်။

ရှာဖွေလေ တွေ့ရှိလေ

ပွဲနေ့တွေ၊ အခမ်းအနားတွေနဲ့ပတ်သက်ရင် မှန်ကန်တဲ့ဆုံးဖြတ်ချက် ချခြင်းအားဖြင့် ယေဟောဝါကို ပျော်ရွှင်စေနိုင်ကြောင်း လေ့လာပါ။

၄။ ယေဟောဝါကို ဂုဏ်မတင်တဲ့ ပွဲနေ့တွေကို ရှောင်ပါ

ဧဖက် ၅:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ပွဲနေ့တစ်ခု လုပ်သင့်မသင့် ဆုံးဖြတ်တဲ့အခါ ဘာကို ထည့်စဉ်းစားဖို့ လိုသလဲ။

  • သင့်ဒေသမှာ ဘယ်ပွဲနေ့တွေကို လူကြိုက်များသလဲ။

  • အဲဒီပွဲနေ့တွေကို ယေဟောဝါ နှစ်သက်မယ် ထင်သလား။

မွေးနေ့ပွဲ လုပ်တာကို ဘုရား ဘယ်လို သဘောထားသလဲ သိချင်သလား။ ယေဟောဝါကို ဝတ်ပြုသူတွေ မွေးနေ့ပွဲလုပ်တဲ့အကြောင်း ကျမ်းစာမှာ မပါဘူး။ ဘုရားကို ဝတ်မပြုသူတွေရဲ့ မွေးနေ့ပွဲနှစ်ခုအကြောင်းကိုပဲ ဖော်ပြတယ်။ ကမ္ဘာဦး ၄၀:၂၀-၂၂ နဲ့ မဿဲ ၁၄:၆-၁၀ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • မွေးနေ့ပွဲ နှစ်ခုစလုံးမှာ ဘာတူညီချက် ရှိသလဲ။

  • ဒီကျမ်းစာမှတ်တမ်းတွေအရ မွေးနေ့ပွဲ လုပ်တာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

‘မွေးနေ့ပွဲ၊ ကျမ်းစာနဲ့မညီတဲ့ပွဲနေ့တွေ လုပ်တာ မလုပ်တာက ယေဟောဝါအတွက် အရေးကြီးလို့လား’ ဆိုပြီး တွေးမိနိုင်တယ်။ ထွက်မြောက်ရာ ၃၂:၁-၈ ကို ဖတ်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

  • ယေဟောဝါလက်ခံတဲ့အရာကို ဘာကြောင့် သိထားရမလဲ။

  • အဲဒီလိုသိနိုင်ဖို့ ဘယ်လို လုပ်ရမလဲ။

ယေဟောဝါ မနှစ်သက်တဲ့ ပွဲနေ့ဖြစ်မှန်း သိနိုင်ပုံ

  • ကျမ်းစာနဲ့မညီတဲ့ သွန်သင်ချက်တွေမှာ အရင်းခံသလား။ ပွဲနေ့ရဲ့ ရင်းမြစ်ကို ရှာဖွေပါ။

  • လူ၊ အဖွဲ့အစည်း၊ နိုင်ငံ့ အထိမ်းအမှတ်တွေကို အမွှမ်းတင်လွန်းသလား။ ကျွန်တော်တို့က အရာရာထက် ယေဟောဝါကို ဂုဏ်တင်ကြတယ်။ ကမ္ဘာ့ပြဿနာတွေ ပြေလည်ဖို့ ဘုရားကိုပဲ အားကိုးကြတယ်။

  • ဒီဓလေ့ထုံးစံတွေက ကျမ်းစာ စံနှုန်းနဲ့ ကိုက်ညီရဲ့လား။ ကျွန်တော်တို့ စာရိတ္တသန့်ရှင်းနေဖို့ လိုတယ်။

၅။ ကိုယ့်ယုံကြည်ချက်ကို တခြားသူတွေ လေးစားလာအောင် ကူညီပါ

ယေဟောဝါ မနှစ်သက်တဲ့ ပွဲနေ့တွေမှာ ပါဝင်ဖို့ ဖိအားပေးခံရတဲ့အခါ ငြင်းရခက်နိုင်တယ်။ ကိုယ့်ဆုံးဖြတ်ချက်ကို စိတ်ရှည်စွာ၊ ပါးနပ်စွာ ရှင်းပြပါ။ အဲဒီလိုရှင်းပြနိုင်ပုံကို သိဖို့ ဗီဒီယို ဖွင့်ပါ

မဿဲ ၇:၁၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်အရ ပွဲနေ့မလုပ်ရဘူးလို့ မယုံကြည်သူ မိသားစုဝင်တွေကို ပြောသင့်သလား။

  • ပွဲနေ့မှာ ကိုယ်တိုင် မပါဝင်ပေမဲ့ မိသားစုကို ချစ်ခင်တန်ဖိုးထားကြောင်း သိစေဖို့ ဘာလုပ်နိုင်သလဲ။

၆။ ကျွန်တော်တို့ကို ယေဟောဝါ ပျော်စေချင်

ယေဟောဝါက ကျွန်တော်တို့ကို မိသားစု၊ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။ ဒေသနာ ၈:၁၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျွန်တော်တို့ကို ယေဟောဝါ ပျော်စေချင်မှန်း ဒီကျမ်းပိုဒ်က ဘယ်လို ဖော်ပြသလဲ။

ယေဟောဝါက ကျွန်တော်တို့ကို အတူစုဆုံ ပေါင်းသင်းပြီး ပျော်စေချင်တယ်။ ဒါကို အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးတွေမှာ တွေ့နိုင်တယ်။ ဗီဒီယို ဖွင့်ပါ

ဂလာတိ ၆:၁၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • တခြားသူတွေကို ကောင်းမှုပြုနိုင်အောင် လူကြိုက်များတဲ့ပွဲနေ့ လုပ်ဖို့ လိုသလား။

  • ဘယ်လို ပေးကမ်းမှုမျိုးက ပျော်စေသလဲ။ မပေးမဖြစ်လို့ ပေးတာလား၊ စေတနာနဲ့ ပေးတာလား။

  • သက်သေခံများစွာက ကလေးတွေအတွက် ပျော်စရာတွေ စီစဉ်ပေးကြတယ်။ အံ့သြဝမ်းသာသွားအောင် လက်ဆောင်တွေ ပေးကြတယ်။ သင့်မှာ သားသမီးရှိရင် ဘယ်လို ပျော်စရာလေးတွေ စီစဉ်ပေးနိုင်သလဲ။

လူတချို့ အဆို။ “ပွဲနေ့ရဲ့ ရင်းမြစ်က အရေးမကြီးပါဘူး။ မိသားစု၊ မိတ်ဆွေတွေနဲ့ ပျော်ဖို့က အဓိကပဲ။”

  • သင်ကော ဘယ်လို ထင်သလဲ။

အနှစ်ချုပ်

ယေဟောဝါက ကျွန်တော်တို့ကို မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။ ဘုရား မနှစ်သက်တဲ့ ပွဲနေ့တွေကိုတော့ ရှောင်စေချင်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေဟောဝါ မနှစ်သက်တဲ့ပွဲနေ့ ဖြစ်မှန်း သိဖို့ ဘယ်မေးခွန်းတွေ မေးနိုင်သလဲ။

  • ပွဲနေ့တွေနဲ့ပတ်သက်တဲ့ သင့်ဆုံးဖြတ်ချက်ကို မိသားစု၊ မိတ်ဆွေတွေ နားလည်အောင် ဘယ်လို ရှင်းပြမလဲ။

  • ကျွန်တော်တို့ကို ယေဟောဝါ ပျော်စေချင်မှန်း ဘယ်လို သိရသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကျောင်းခရစ္စမတ်ပွဲမှာ မပါဝင်လို့ လှောင်ပြောင်ခံရတဲ့အခါ လူငယ်တစ်ဦး ပါးနပ်စွာ တုံ့ပြန်ပုံကို ကြည့်ပါ။

လှောင်ပြောင်မှုကို ရင်ဆိုင် ဖြေရှင်းခြင်း (၂:၀၄)

a တခြားသူတွေ ပွဲနေ့ကျင်းပချိန်မှာ ဘာလုပ်သင့်သလဲ သိဖို့ ရှင်းလင်းချက် ၅ ကို ကြည့်ပါ။