အပိုင်း ၄ ပြန်လည်သုံးသပ်ခြင်း

အပိုင်း ၄ ပြန်လည်သုံးသပ်ခြင်း
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ကျမ်းစာသင်ပေးသူနဲ့အတူ အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

  1. ၁။ ပညာအလိမ္မာ ၁၃:၂၀ ကို ဖတ်ပါ။

    • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

      (သင်ခန်းစာ ၄၈ ကို ကြည့်ပါ။)

  2. ၂။ သင်ဟာ လင်ယောက်ျား ဒါမှမဟုတ် ဇနီးဖြစ်ရင်၊ မိဘ ဒါမှမဟုတ် သားသမီးဖြစ်ရင် ကျမ်းစာမှာပါတဲ့ ဘယ်အကြံဉာဏ်က သင့်အတွက် အကူအညီ ဖြစ်စေသလဲ။

    (သင်ခန်းစာ ၄၉ နဲ့ ၅၀ တို့ကို ကြည့်ပါ။)

  3. ၃။ ဘယ်လို အပြောအဆိုကို ယေဟောဝါ နှစ်သက်သလဲ။ ဘယ်လို အပြောအဆိုကိုတော့ မနှစ်သက်သလဲ။

    (သင်ခန်းစာ ၅၁ ကို ကြည့်ပါ။)

  4. ၄။ ဝတ်စားဖြီးလိမ်းမှုနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချဖို့ ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ။

    (သင်ခန်းစာ ၅၂ ကို ကြည့်ပါ။)

  5. ၅။ ယေဟောဝါနှစ်သက်တဲ့ အပန်းဖြေမှုကို ဘယ်လို ရွေးချယ်နိုင်သလဲ။

    (သင်ခန်းစာ ၅၃ ကို ကြည့်ပါ။)

  6. ၆။ မဿဲ ၂၄:၄၅-​၄၇ ကို ဖတ်ပါ။

    • “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ဟာ ဘယ်သူလဲ။

      (သင်ခန်းစာ ၅၄ ကို ကြည့်ပါ။)

  7. ၇။ အသင်းတော်ကို ထောက်မရာမှာ ကိုယ့်ရဲ့ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေကို ဘယ်လို သုံးနိုင်သလဲ။

    (သင်ခန်းစာ ၅၅ ကို ကြည့်ပါ။)

  8. ၈။ ဆာလံ ၁၃၃:၁ ကို ဖတ်ပါ။

    • အသင်းတော် စည်းလုံးစေဖို့ ဘာတွေ လုပ်ဆောင်နိုင်သလဲ။

      (သင်ခန်းစာ ၅၆ ကို ကြည့်ပါ။)

  9. ၉။ ကြီးလေးတဲ့အပြစ် လုပ်မိရင် ယေဟောဝါရဲ့ အကူအညီ ဘယ်လို ရနိုင်မလဲ။

    (သင်ခန်းစာ ၅၇ ကို ကြည့်ပါ။)

  10. ၁၀။ ၁ ရာဇဝင်ချုပ် ၂၈:၉ ကို ဖတ်ပါ။

    • တခြားသူတွေ စစ်မှန်တဲ့ဝတ်ပြုရေးကို ဆန့်ကျင်တဲ့အခါ၊ အမှန်တရားကို စွန့်သွားကြတဲ့အခါ ယေဟောဝါကို “စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြု” ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

    • ယေဟောဝါကို သစ္စာစောင့်သိဖို့၊ မှားယွင်းတဲ့ဘာသာနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ ဘာတွေ ပြုပြင်ပြောင်းလဲရမလဲ။

      (သင်ခန်းစာ ၅၈ ကို ကြည့်ပါ။)

  11. ၁၁။ နှိပ်စက်ညှဉ်းပန်းခံရချိန်အတွက် ဘယ်လို ကြိုတင် ပြင်ဆင်နိုင်သလဲ။

    (သင်ခန်းစာ ၅၉ ကို ကြည့်ပါ။)

  12. ၁၂။ ဘုရားရေးရာဘက် ဆက်တိုးတက်နေဖို့ ဘာတွေ စီစဉ်ထားသလဲ။

    (သင်ခန်းစာ ၆၀ ကို ကြည့်ပါ။)