သင်ခန်းစာ ၅၈

ယေဟောဝါကို ဆက်သစ္စာစောင့်သိပါ

ယေဟောဝါကို ဆက်သစ္စာစောင့်သိပါ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ခရစ်ယာန်စစ်တွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ဦးကြောင့် ယေဟောဝါကို ဝတ်မပြုတော့တာမျိုး မဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ သင်လည်း အဲဒီလို စိတ်ပိုင်းဖြတ်ထားမှာပဲ။ သင့်ရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထားပါတယ်။ (၁ ရာဇဝင်ချုပ် ၂၈:၉ ကို ဖတ်ပါ။) ဘယ်အခြေအနေတွေမှာ ဘုရားကို သစ္စာစောင့်သိဖို့ ခက်နိုင်သလဲ။ သစ္စာစောင့်သိဖို့ ဘာက အကူအညီ ဖြစ်စေနိုင်သလဲ။

၁။ ယေဟောဝါကို သစ္စာစောင့်သိဖို့ ခက်အောင် လူတချို့ ဘယ်လို လုပ်နိုင်သလဲ။

ယေဟောဝါကို ဝတ်မပြုတော့အောင် လူတချို့ တားဆီးကြပါလိမ့်မယ်။ ဘယ်သူတွေ တားဆီးကြမလဲ။ အမှန်တရားကို စွန့်ခွာသူတချို့က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဖျက်ဆီးဖို့ ဘုရားအဖွဲ့အစည်းအကြောင်း မဟုတ်မမှန် ပြောကြတယ်။ သူတို့ကို အယူဖောက်ပြန်သူတွေလို့ ခေါ်တယ်။ ဘာသာရေးခေါင်းဆောင်တချို့လည်း သတိမရှိတဲ့သူတွေ အမှန်တရားကနေ ထွက်သွားဖို့ မဟုတ်မမှန် သတင်းလွှင့်ကြတယ်။ ဆန့်ကျင်သူတွေနဲ့ ငြင်းခုံတာ၊ သူတို့ရဲ့ စာအုပ်၊ ဝက်ဘ်ဆိုက်ဆောင်းပါးတွေ ဖတ်တာ၊ သူတို့ရဲ့ ဗီဒီယိုတွေကို ကြည့်တာက အန္တရာယ်ရှိတယ်။ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေသူတွေကို လမ်းလွဲစေသူတွေနဲ့ပတ်သက်ပြီး ယေရှုက “သူတို့ကို ရှိပါစေ။ သူတို့ဟာ မျက်ကန်းလမ်းပြတွေပဲ။ မျက်ကန်းချင်း လမ်းပြရင် နှစ်ယောက်စလုံး တွင်းထဲ ကျသွားမယ်” လို့ပြောတယ်။​—မဿဲ ၁၅:၁၄

၂။ ကိုယ်ရေးကိုယ်တာကိစ္စ ဆုံးဖြတ်ရာမှာ ယေဟောဝါကို သစ္စာစောင့်သိကြောင်း ဘယ်လို ဖော်ပြမလဲ။

ယေဟောဝါကို ချစ်တဲ့မေတ္တာက မှားယွင်းတဲ့ဘာသာနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ ကိုယ့်ရဲ့ အလုပ်၊ ကိုယ်ပါဝင်တဲ့ အသင်းအဖွဲ့၊ လုပ်ဆောင်မှုမှန်သမျှဟာ မှားယွင်းတဲ့ဘာသာနဲ့ ဆက်နွှယ်နေတာမျိုး မဖြစ်သင့်ဘူး။ ‘ငါ့လူတို့၊ [မဟာဗာဗုလုန်]ကနေ ထွက်သွားကြ’ လို့ ယေဟောဝါ သတိပေးထားတယ်။​—ဗျာဒိတ် ၁၈:​၂၊ ၄

ရှာဖွေလေ တွေ့ရှိလေ

တစ်စုံတစ်ဦးကြောင့် ယေဟောဝါကို သစ္စာစောင့်သိမှု လျော့နည်းသွားတာမျိုး မဖြစ်အောင် လုပ်ဆောင်နိုင်ပုံ၊ မဟာဗာဗုလုန်ကနေ ထွက်ခြင်းအားဖြင့် သစ္စာစောင့်သိကြောင်း ပြနိုင်ပုံတို့ကို လေ့လာပါ။

၃။ ဆရာအတုအယောင်တွေကို သတိထားပါ

ယေဟောဝါအဖွဲ့အစည်းအကြောင်း မဟုတ်မမှန်တာတွေ ကြားရတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။ ပညာအလိမ္မာ ၁၄:၁၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကြားသမျှ မယုံမိဖို့ ဘာကြောင့် ဂရုစိုက်ရမလဲ။

၂ ယောဟန် ၉-၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အယူဖောက်ပြန်သူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။

  • အယူဖောက်ပြန်သူတွေနဲ့ တိုက်ရိုက် မဆက်သွယ်ရင်တောင် သူတို့ရဲ့ သွန်သင်ချက်တွေနဲ့ ဘယ်လို ပတ်သက်မိနိုင်သလဲ။

  • ယေဟောဝါအကြောင်း၊ အဖွဲ့အစည်းအကြောင်း မဟုတ်မမှန် ပြောတာကို နားထောင်ရင် ယေဟောဝါ ဘယ်လို ခံစားရမယ် ထင်သလဲ။

၄။ ညီအစ်ကိုတစ်ဦး အပြစ်လုပ်တဲ့အခါ ဘုရားကို ဆက်သစ္စာစောင့်သိပါ

အသင်းတော်မှာ တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း ကျွန်တော်တို့ သိနေတယ်ဆိုရင် ဘာလုပ်ဖို့ တာဝန်ရှိသလဲ။ ရှေးအစ္စရေးတွေကို ဘုရားပေးတဲ့ ပညတ်မှာပါတဲ့ မူတစ်ခုကို သုံးသပ်ပါ။ ဝတ်ပြုရာ ၅:၁ ကို ဖတ်ပါ။

ဒီကျမ်းပိုဒ်အရ တစ်ယောက်ယောက်က ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း ကျွန်တော်တို့ သိနေရင် အကြီးအကဲတွေကို အသိပေးသင့်တယ်။ အသိမပေးခင် အပြစ်ပြုသူ ကိုယ်တိုင် အကြီးအကဲတွေဆီ သွားပြီး ဝန်ခံဖို့ တိုက်တွန်းတာက မေတ္တာပြရာရောက်တယ်။ သူဝန်မခံရင် ကျွန်တော်တို့က ယေဟောဝါကို သစ္စာစောင့်သိတဲ့အနေနဲ့ အကြီးအကဲတွေကို အသိပေးဖို့လိုတယ်။ ဒီလိုလုပ်ဆောင်တာက

  • ယေဟောဝါဘုရားကို ခိုင်မြဲတဲ့မေတ္တာရှိကြောင်း ဘယ်လိုဖော်ပြသလဲ။

  • အပြစ်ပြုသူကို ခိုင်မြဲတဲ့မေတ္တာရှိကြောင်း ဘယ်လိုဖော်ပြသလဲ။

  • အသင်းတော်မှာ ရှိသူတွေကို ခိုင်မြဲတဲ့မေတ္တာရှိကြောင်း ဘယ်လိုဖော်ပြသလဲ။

ယုံကြည်သူချင်းတစ်ဦး ပြဿနာကြုံတဲ့အခါ ကူညီပေးပါ

၅။ မဟာဗာဗုလုန်နဲ့ ကင်းကင်းနေပါ

လုကာ ၄:၈ နဲ့ ဗျာဒိတ် ၁၈:၄၊ ၅ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဖြေပါ။

  • မှားယွင်းတဲ့ဘာသာရဲ့ ဓလေ့ထုံးစံတွေကို ငါ လိုက်လုပ်နေတုန်းပဲလား။

  • တခြားဘာသာနဲ့ ဆက်နွှယ်နေတဲ့ အသင်းအဖွဲ့တစ်ခုမှာ ငါ ပါဝင်နေသလား။

  • ငါ့အလုပ်က မှားယွင်းတဲ့ဘာသာကို တစ်နည်းနည်းနဲ့ ထောက်ပံ့နေသလား။

  • ငါ့အသက်တာမှာ မှားယွင်းတဲ့ဘာသာနဲ့ ကင်းကင်းနေဖို့ လိုတဲ့ကဏ္ဍတွေ ရှိသလား။

  • ဒီမေးခွန်းတစ်ခုခုကို ဟုတ်တယ်လို့ ဖြေရင် ဘာတွေ ပြုပြင်ပြောင်းလဲသင့်သလဲ။

ဘာပဲဖြစ်ဖြစ် အမှားအမှန်သိစိတ် ကြည်လင်စေမယ့်၊ ယေဟောဝါကို သစ္စာစောင့်သိကြောင်း ဖော်ပြမယ့် ဆုံးဖြတ်ချက်ကို ချပါ။

ဘာသာရေးအတွက် အလှူကောက်ခံတဲ့အခါ သင် ဘာလုပ်မလဲ

လူတချို့ အဆို။ “ယေဟောဝါသက်သေအကြောင်း အယူဖောက်ပြန်သူတွေ ဘာပြောသလဲဆိုတာ သိထားမှ ချေပနိုင်မှာပေါ့။”

  • အဲဒီလို ယူဆတာ ပညာရှိရာရောက်သလား။ ဘာကြောင့်လဲ။

အနှစ်ချုပ်

ယေဟောဝါကို ဆက်သစ္စာစောင့်သိနိုင်ဖို့ဆိုရင် ကျွန်တော်တို့ကို လှည့်ဖြားသူတွေနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်။

ပြန်လည်သုံးသပ်ခြင်း

  • အယူဖောက်ပြန်သူတွေရဲ့ သွန်သင်ချက်ကို ဘာကြောင့် နားမထောင်သင့်သလဲ။

  • ညီအစ်ကို၊ ညီအစ်မတစ်ယောက် ကြီးလေးတဲ့အပြစ် ပြုထားမှန်းသိရင် ဘာလုပ်သင့်သလဲ။

  • မှားယွင်းတဲ့ဘာသာကနေ ထွက်ပါဆိုတဲ့ သတိပေးချက်ကို ဘယ်လို နာခံနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဆန့်ကျင်သူတချို့က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း အားနည်းသွားအောင် ဘာလုပ်ခဲ့ကြသလဲ။

လှည့်စားမှုကို သတိပြုပါ (၉:၃၂)