အသင့်ဖြစ်ပြီလား

အသင့်ဖြစ်ပြီလား
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

အသင်းတော်နဲ့အတူ ဟောဖို့ အသင့်ဖြစ်ပြီလား

အောက်ပါအချက်တွေ လုပ်ဆောင်နေရင် နှစ်ခြင်းမခံသေးတဲ့ ကြေညာသူ ဖြစ်နိုင်ပါတယ်

  • ပုံမှန် ကျမ်းစာ ဖတ်ရှုလေ့လာတယ်၊ ဆုတောင်းတယ်၊ အစည်းအဝေးတွေ တက်တယ်။

  • သိလာတာတွေကို လက်ခံယုံကြည်ပြီး တခြားသူတွေကို ပြောပြချင်တယ်။

  • ယေဟောဝါကို ချစ်တယ်။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ပဲ ရင်းရင်းနှီးနှီး ပေါင်းတယ်။

  • နိုင်ငံရေး ဒါမှမဟုတ် ဘာသာရေးအဖွဲ့ကနေ နုတ်ထွက်ပြီးပြီ။

  • ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်တယ်။ ယေဟောဝါသက်သေ ဖြစ်ချင်တယ်။

အသင်းတော်နဲ့အတူ ဟောဖို့ အသင့်ဖြစ်ပြီလို့ ခံစားရရင် အရည်အချင်း ပြည့်မီနိုင်ပုံကို အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမ်းစာသင်ပေးသူက စီစဉ်ပေးနိုင်တယ်။

နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား

အောက်ပါအချက်တွေ လုပ်ဆောင်နေရင် နှစ်ခြင်းခံဖို့ အသင့်ဖြစ်နိုင်တယ်

  • နှစ်ခြင်းမခံသေးတဲ့ ကြေညာသူ ဖြစ်ပြီ။

  • ဟောပြောခြင်းမှာ အတတ်နိုင်ဆုံး မှန်မှန် ပါဝင်နေပြီ။

  • “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ကိုကူညီပြီး လမ်းညွှန်ချက်ကို လိုက်နာနေပြီ။​—မဿဲ ၂၄:​၄၅-​၄၇

  • ဆုတောင်းပြီး ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီ။ ဘုရားကို ထာဝစဉ် ဝတ်ပြုချင်တယ်။

နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလို့ ခံစားရရင် အရည်အချင်း ပြည့်မီနိုင်ပုံကို အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမ်းစာသင်ပေးသူက စီစဉ်ပေးနိုင်တယ်။