အခန်း ၂၄ ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ ဖွင့်ပါ ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ နီပေါလ် တိုဂို ဗြိတိန် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းက နှစ်စဉ် ကျမ်းစာနဲ့ တခြားစာအုပ်စာပေတွေကို သန်းရာနဲ့ချီ ပုံနှိပ်ပြီး အခမဲ့ဖြန့်ချိနေပါတယ်။ ဝတ်ပြုရာခန်းမတွေနဲ့ ဌာနခွဲရုံးတွေကို ဆောက်လုပ်ပြီး ပြုပြင်ထိန်းသိမ်းကြတယ်။ ထောင်နဲ့ချီတဲ့ ဗေသလအိမ်သားတွေနဲ့ ခရစ်ယာန်သာသနာပြုတွေကို ထောက်ပံ့ပေးပြီး ဘေးအန္တရာယ် ကျရောက်ချိန်မှာ ကယ်ဆယ်ရေးအကူအညီတွေ ပေးကြတယ်။ ‘ဒါတွေအားလုံးအတွက် ငွေကြေး ဘယ်လိုထောက်ပံ့သလဲ’ ဆိုပြီး သင် မေးကောင်းမေးပါလိမ့်မယ်။ ဆယ်ဖို့တစ်ဖို့ ကောက်တာ၊ အလှူငွေ လိုက်ကောက်တာမျိုး ကျွန်တော်တို့ မလုပ်ဘူး။ ဟောပြောခြင်းလုပ်ငန်းအတွက် ငွေကြေးအကုန်အကျ များလှပေမဲ့ ငွေမကောက်ခံပါဘူး။ ယေဟောဝါ ထောက်ပံ့နေတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် “လူတွေဆီက ထောက်ပံ့မှုရဖို့ ဘယ်တော့မှ တောင်းခံမှာ၊ အသနားခံမှာ မဟုတ်ဘူး” လို့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ကင်းမျှော်စင် ဒုတိယမြောက်စာစောင်မှာ ဖော်ပြခဲ့တယ်။ တကယ်လည်း ကျွန်တော်တို့ တစ်ခါမှ မတောင်းခံခဲ့ဘူး။—မဿဲ ၁၀:၈။ ကျွန်တော်တို့ရဲ့ အလုပ်တွေကို စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ဆောင်ရွက်တယ်။ ကျွန်တော်တို့ရဲ့ ကျမ်းစာပညာပေးလုပ်ငန်းကို လူတော်တော်များများ နှစ်သက်ကြပြီး အလှူငွေတွေ ပေးကြတယ်။ ကမ္ဘာတစ်ဝန်းမှာ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ဖို့ သက်သေခံတွေကိုယ်တိုင်လည်း ကိုယ့်အချိန်၊ ခွန်အား၊ ငွေကြေးနဲ့ တခြားအရာတွေကို ပျော်ပျော်ရွှင်ရွှင် ပေးဆက်လှူဒါန်းကြတယ်။ (၁ ရာဇဝင်ချုပ် ၂၉:၉) စေတနာ အလျောက် အလှူငွေ ထည့်ဝင်ချင်သူတွေအတွက် ဝတ်ပြုရာခန်းမနဲ့ အစည်းအဝေးတွေမှာ အလှူငွေသေတ္တာတွေကို ထားပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် jw.org/mya ကနေလည်း လှူဒါန်းနိုင်ပါတယ်။ ငွေကြေးတွေကို အများအားဖြင့် သာမန်လူတန်းစားတွေက ထည့်ဝင်လှူဒါန်းကြတာပါ။ သူတို့တွေဟာ ဝတ်ပြုရာအိမ်တော်က အလှူငွေသေတ္တာထဲ ဒင်္ဂါးငယ်နှစ်ပြား ထည့်တဲ့ ဆင်းရဲတဲ့မုဆိုးမနဲ့ တူကြတယ်။ အဲဒီမုဆိုးမရဲ့လုပ်ရပ်ကို ယေရှု ချီးမွမ်းခဲ့တယ်။ (လုကာ ၂၁:၁-၄) ဘယ်သူမဆို “စိတ်ဆုံးဖြတ်ထားတဲ့အတိုင်း လှူဒါန်း” နိုင်ဖို့ “ဥစ္စာတချို့ကို . . . သီးသန့်ဖယ်ထား” နိုင်တယ်။—၁ ကောရိန္သု ၁၆:၂။ ၂ ကောရိန္သု ၉:၇။ ယေဟောဝါဘုရားက မိမိအလိုတော် ပြီးမြောက်ဖို့ တန်ဖိုးရှိတဲ့ “ဥစ္စာ” တွေကို နိုင်ငံတော်လုပ်ငန်းအတွက် ထောက်ပံ့လိုသူတွေရဲ့ စိတ်နှလုံးကို ဆက်လှုံ့ဆော်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။—ပညာ. ၃:၉။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းက တခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဘယ်လို ကွာခြားသလဲ။ စေတနာအလျောက်ထည့်ဝင်တဲ့ အလှူငွေတွေကို ဘယ်လို အသုံးပြုကြသလဲ။ နောက်သို့ ရှေ့သို့ ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ စာကြည့်တိုက် မဂ္ဂဇင်းများ ကင်းမျှော်စင်၊ နိုးလော့! မဂ္ဂဇင်းများကို ကူးယူးပါ။ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ ယနေ့ခေတ်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ မြန်မာ လက်သင်္ကေတပြဘာသာစကား ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ https://cms-imgp.jw-cdn.org/img/p/1102012165/univ/art/1102012165_univ_sqr_xl.jpg