အခန်း ၂၁ ဗေသလဆိုတာ ဘာလဲ ဖွင့်ပါ ဗေသလဆိုတာ ဘာလဲ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ပန်းချီဌာန၊ အမေရိကန်ပြည်ထောင်စု ဂျာမနီ ကင်ညာ ကိုလံဘီယာ ဟီဘရူးနာမည် ဗေသလဆိုတာက “ဘုရားသခင်ရဲ့ အိမ်တော်” လို့ အဓိပ္ပာယ် ရှိပါတယ်။ (ကမ္ဘာဦး ၂၈:၁၇၊ ၁၉) ဒီနာမည်ဟာ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြား၊ ထောက်ပံ့ဖို့ ယေဟောဝါသက်သေတွေ ကမ္ဘာတစ်ဝန်းမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေအတွက် သင့်တော်တဲ့နာမည် ဖြစ်တယ်။ အုပ်ချုပ်ရေးအဖွဲ့က အမေရိကန်၊ နယူးယောက် ပြည်နယ်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်ကြပြီး အဲဒီကနေ နိုင်ငံများစွာမှာရှိတဲ့ ဌာနခွဲရုံးတွေရဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်ပါတယ်။ ဌာနခွဲရုံးတွေမှာ အမှုဆောင်နေကြသူတွေကို အုပ်စုလိုက်အနေနဲ့ ဗေသလမိသားစုလို့ ခေါ်တယ်။ မိသားစုတစ်စုလိုပဲ သူတို့ဟာ စည်းလုံးစွာနဲ့ အတူနေထိုင်၊ အတူအလုပ်လုပ်၊ အတူစားကြပြီး အတူ ကျမ်းစာလေ့လာကြတယ်။—ဆာလံ ၁၃၃:၁။ ကိုယ်ကျိုးစွန့်စိတ်ဓာတ်နဲ့ မိသားစုဝင်တွေလို အမှုဆောင်ကြတဲ့ အထူးနေရာဖြစ်တယ်။ ဗေသလအဆောက်အဦတိုင်းမှာ ဘုရားသခင့်အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ပြီး နိုင်ငံတော်လုပ်ငန်းမှာ အချိန်ပြည့် လုပ်ဆောင်နေကြတဲ့ ခရစ်ယာန်အမျိုးသား အမျိုးသမီးတွေ ရှိကြတယ်။ (မဿဲ ၆:၃၃) သူတို့တွေဟာ လုပ်အားခ၊ လစာ မရကြပေမဲ့ နေစရာအခန်း၊ အစားအစာနဲ့ ကိုယ်ပိုင် ကုန်ကျစရိတ်တွေအတွက် သတ်မှတ်ထားတဲ့ စိုက်သုံးငွေ ရရှိတယ်။ ဗေသလမိသားစုဝင်ယောက်တိုင်းမှာ တာဝန်ကိုယ်စီ ရှိကြပြီး ရုံးခန်း၊ စားဖိုဆောင်၊ ထမင်းစားခန်းတို့မှာ လုပ်ဆောင်ကြတယ်။ တချို့သူတွေက ပုံနှိပ်၊ စာအုပ်ချုပ်၊ အိမ်မှုပြုစု၊ အဝတ်လျှော်၊ ပြုပြင်ထိန်းသိမ်းရေး၊ တခြားအလုပ်တွေကို လုပ်ဆောင်ကြတယ်။ ဟောပြောခြင်းလုပ်ငန်းကို ထောက်ပံ့ကူညီဖို့ အလုပ်များနေတဲ့နေရာ ဖြစ်တယ်။ ဗေသလတိုင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သမ္မာကျမ်းစာ အမှန်တရားကို လူများနိုင်သမျှ များများဆီ ရောက်ရှိစေဖို့ပါပဲ။ ဒီဘရိုရှာက ဥပမာတစ်ခု ဖြစ်ပါတယ်။ ဒီဘရိုရှာကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြီးကြပ်မှုအောက်မှာ ရေးသားပြုစုပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘာသာပြန်အဖွဲ့တွေဆီ ကွန်ပျူတာစနစ်နဲ့ ပို့ပေးတယ်။ ဗေသလအိမ်တချို့မှာရှိတဲ့ မြန်နှုန်းမြင့် ပုံနှိပ်စက်တွေနဲ့ ပုံနှိပ်ပြီး အသင်းတော် ၁၁၀,၀၀၀ ကျော်ဆီ ပို့ပေးတယ်။ ဒီလုပ်ဆောင်မှုအဆင့်တိုင်းမှာ ဗေသလမိသားစုဝင်တွေ ပါဝင်ကြပြီး အရေးအကြီးဆုံး လုပ်ငန်းဖြစ်တဲ့ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို ထောက်ကူနေခြင်းဖြစ်တယ်။—မာကု ၁၃:၁၀။ ဗေသလမှာ ဘယ်သူတွေ အမှုဆောင်နေကြသလဲ။ သူတို့ကို ဘာတွေ ထောက်ပံ့ပေးထားသလဲ။ ဗေသလတိုင်းရဲ့ လုပ်ဆောင်မှုတွေက အရေးကြီးတဲ့ ဘယ်အလုပ်ကို ထောက်ကူနေခြင်းလဲ။ နောက်သို့ ရှေ့သို့ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ဗေသလဆိုတာ ဘာလဲ ယနေ့ခေတ်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဗေသလဆိုတာ ဘာလဲ မြန်မာ လက်သင်္ကေတပြဘာသာစကား ဗေသလဆိုတာ ဘာလဲ https://cms-imgp.jw-cdn.org/img/p/1102012162/univ/art/1102012162_univ_sqr_xl.jpg