ဘုရားသခင့်အလိုတော်က ဘာလဲ ဖွင့်ပါ ဘုရားသခင့်အလိုတော်က ဘာလဲ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ဘုရားသခင်က ကျွန်တော်တို့ကို ငြိမ်းချမ်းသာယာတဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ် ပျော်ရွှင်စွာ အသက်ရှင်စေချင်တယ်။ ‘ဒီလို ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ဘူး’ လို့ သင်စဉ်းစားမိနိုင်တယ်။ ဘုရားသခင့်နိုင်ငံတော်က အဲဒီလိုဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း၊ လူတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရွယ်ချက်အကြောင်း လူအားလုံး လေ့လာဖို့ ဘုရားသခင် အလိုတော်ရှိတယ်။—ဆာလံ ၃၇:၁၁၊ ၂၉; ဟေရှာယ ၉:၇။ ဘုရားသခင်က ကျွန်တော်တို့ကို အကျိုးရယူခံစားစေချင်တယ်။ မေတ္တာပြည့်ဝတဲ့ဖခင်ဟာ ကိုယ့်ကလေးတွေအတွက် အကောင်းဆုံးဖြစ်စေချင်သလို ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံစံဖခင် ယေဟောဝါကလည်း ကျွန်တော်တို့ကို ထာဝစဉ် ပျော်ရွှင်စေချင်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) “ဘုရားသခင်ရဲ့အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲတည်တယ်” ဆိုပြီး ကိုယ်တော်ကတိပြုထားတယ်။—၁ ယောဟန် ၂:၁၇။ ဘုရားသခင့် လမ်းစဉ်အတိုင်း ကျွန်တော်တို့ကို လျှောက်လှမ်းစေချင်တယ်။ ဖန်ဆင်းရှင်က ကျွန်တော်တို့ကို ‘ဘုရားရဲ့လမ်းစဉ်အတိုင်း လျှောက်လှမ်း’ နိုင်ဖို့ “နည်းလမ်းတော်တွေ သွန်သင်ပေး” ချင်တယ်ဆိုတဲ့အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၂:၂၊ ၃) ဘုရားသခင်က ‘နာမတော်အတွက် လူတွေကို’ ဖွဲ့စည်းခဲ့တယ်။ သူတို့တွေက ဘုရားအလိုတော်ကို ကမ္ဘာတစ်ဝန်း သိရှိအောင် လုပ်ဆောင်ကြတယ်။—တမန်တော် ၁၅:၁၄။ ဘုရားသခင်က ကျွန်တော်တို့ကို ဝတ်ပြုရေးမှာ စည်းလုံးစေချင်တယ်။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းက လူတွေကို စိတ်ဝမ်းကွဲပြားစေမယ့်အစား စစ်မှန်တဲ့မေတ္တာ ဖြစ်ပေါ်လာစေပြီး စည်းလုံးစေတယ်။ (ယောဟန် ၁၃:၃၅) နေရာတိုင်းမှာရှိတဲ့ အမျိုးသား/သမီးတွေ ဘုရားသခင်ကို တစ်စည်းတစ်လုံး ဝတ်ပြုကိုးကွယ်နိုင်ပုံအကြောင်း ဒီနေ့ ဘယ်သူတွေ သွန်သင်ပေးနေသလဲ။ ဒီဘရိုရှာကိုသုံးပြီး အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ နောက်သို့ ရှေ့သို့ ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ ကျွန်တော်တို့အကြောင်း ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲ လူတွေကို အခမဲ့ ကျမ်းစာလေ့လာဖို့ ဖိတ်ခေါ်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေကို လူသိများကြတယ်။ ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲဆိုတာ လေ့လာကြည့်ပါ။ ကျွန်တော်တို့အကြောင်း ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီး မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာကနေ ရရှိကြပါတယ်။ မိတ်ဆွေကော အဲဒီအဖြေတွေ သိချင်ပါသလား။ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ဘုရားသခင့်အလိုတော်က ဘာလဲ ယနေ့ခေတ်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဘုရားသခင့်အလိုတော်က ဘာလဲ မြန်မာ လက်သင်္ကေတပြဘာသာစကား ဘုရားသခင့်အလိုတော်က ဘာလဲ https://assetsnffrgf-a.akamaihd.net/assets/ct/1add6d1d93/images/syn_placeholder_sqr.png