ယေဟောဝါဘုရားသခင်ရဲ့ အလိုတော်ကို သင် ဆောင်ရွက်မလား

ယေဟောဝါဘုရားသခင်ရဲ့ အလိုတော်ကို သင် ဆောင်ရွက်မလား

ယေဟော​ဝါ​သက်သေ​တွေအကြောင်း၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု​အကြောင်း​နဲ့ ကျွန်တော်​တို့ရဲ့ အဖွဲ့အစည်း​အကြောင်း သိအောင် ဒီ​ဘရိုရှာ​ကို အချိန်​​ယူ လေ့လာ​ခဲ့တဲ့​အတွက်​ ကျေးဇူးတင်ပါတယ်။ ဒီနေ့ ယေဟော​ဝါ​ဘုရား​ရဲ့ အလိုတော် ဆောင်ရွက်နေ​သူတွေကို သိအောင် ဒီဘရိုရှာက ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘုရားသခင်အကြောင်း ဆက်ဆည်းပူးဖို့၊ သိလာတာတွေကို မိသားစုဝင်နဲ့ မိတ်ဆွေတွေကို ပြောပြဖို့၊ ခရစ်ယာန်​အစည်းအဝေး​တွေကို လာတက်ရောက်ဖို့ အားပေးလိုပါတယ်။—ဟီဘရူး ၁၀:၂၃-၂၅

ယေဟော​ဝါ​ဘုရား​​အကြောင်း ပို​သိလာတာနဲ့အမျှ သင့်ကို ဘုရားသခင် ဘယ်လောက် ချစ်တယ်ဆိုတာ သိလာပါလိမ့်မယ်။ သင်ဘက်​ကလည်း ဘုရား​​ကို ချစ်ကြောင်း အတတ်နိုင်ဆုံး ဖော်ပြ​ဖို့ လှုံ့ဆော်​ခံရ​ပါလိမ့်မယ်။ (၁ ယောဟန် ၄:၈-၁၀၊ ၁၉) ဘုရားသခင်ကို ချစ်ကြောင်း နေ့စဉ်အသက်တာမှာ ဘယ်လို ဖော်ပြနိုင်မလဲ။ ဘုရားသခင် ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လိုက်နာခြင်းဟာ ဘာကြောင့် အကျိုးအရှိဆုံးလဲ။ ကျွန်တော်တို့နဲ့အတူ ဘုရားသခင့်အလိုတော် ဆောင်ရွက်ချင်တဲ့စိတ်ရှိအောင် ဘာက လှုံ့ဆော်ပေးမလဲ။ ဒီအဖြေတွေ ရဖို့ သင့်ကိုကျမ်းစာသင်ပေးတဲ့သူက ဆက်ကူညီပေးချင်ပါလိမ့်မယ်။ သင်နဲ့ သင့်မိသားစုဟာ “ထာဝရအသက်ရစေတဲ့ ... ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်နိုင်” ကြဖို့ ဖြစ်ပါတယ်။​—⁠ယုဒ ၂၁

ဒီစာအုပ်ကို ဆက်လေ့လာ​ခြင်းအားဖြင့် အမှန်တရား​လမ်းမှာ ဆက်တိုးတက်​ဖို့ သင့်ကို အားပေး​ပါတယ်။