အခန်း ၇

ကျွန်တော်တို့အစည်းအဝေးတွေက ဘယ်လိုမျိုးလဲ

ကျွန်တော်တို့အစည်းအဝေးတွေက ဘယ်လိုမျိုးလဲ

နယူးဇီလန်

ဂျပန်

ယူဂန္ဓာ

လစ်သူယေးနီးယား

အစောပိုင်း ခရစ်ယာန်အစည်းအဝေးတွေမှာ အဓိကအားဖြင့် သီချင်းဆို၊ ဆုတောင်း၊ ကျမ်းစာဖတ်ရှုဆွေးနွေးတာတွေ လုပ်ကြတယ်။ ဘာရိုးရာဓလေ့ထုံးစံမှ မရှိဘူး။ (၁ ကောရိန္သု ၁၄:၂၆) ကျွန်တော်တို့ရဲ့ အစည်းအဝေးကလည်း အဲဒီလိုပါပဲ။

ကြားရတဲ့အရာတွေက ကျမ်းစာအပေါ်အခြေခံပြီး လက်တွေ့ကျတယ်။ အသင်းတော်တိုင်း အများအားဖြင့် တနင်္ဂနွေနေ့မှာ သမ္မာကျမ်းစာက ဘ၀အသက်တာ၊ ခေတ်ကာလနဲ့ သက်ဆိုင်ပုံကို ရှင်းပြတဲ့ မိနစ် ၃၀ ကြာ ကျမ်းစာဟောပြောချက်ကို နားထောင်ဖို့ အတူစုဝေးကြတယ်။ ကျမ်းချက်တွေကို ကိုယ်ပိုင်ကျမ်းစာကနေ လိုက်ဖတ်ဖို့ ကျွန်တော်တို့အားလုံး အားပေးခံရတယ်။ အဲဒီဟောပြောချက် ပြီးတဲ့နောက် တစ်နာရီကြာတဲ့ ကင်းမျှော်စင်သင်တန်းကို ဆက်ကျင်းပတယ်။ အဲဒီမှာ ကင်းမျှော်စင် လေ့လာရန် စာစောင်က ဆောင်းပါးတစ်ခုကို ဆွေးနွေးပြီး ပါဝင်ဖြေဆိုဖို့ တက်ရောက်သူအားလုံး ဖိတ်ခေါ်ခံရတယ်။ ဒီဆွေးနွေးမှုက ကျမ်းစာလမ်းညွှန်ချက်တွေကို ဘဝအသက်တာမှာ လက်တွေ့ကျင့်သုံးဖို့ ထောက်ကူပေးတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်ပေါင်း ၁၁၀,၀၀၀ ကျော်က ဆောင်းပါးတစ်ခုတည်းကိုပဲ လေ့လာကြတယ်။

ကျွန်တော်တို့ရဲ့ သွန်သင်ခြင်း စွမ်းရည်ကို တိုးတက်စေတယ်။ တစ်ပတ်တာရဲ့ ကြားရက်တစ်ရက်မှာ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး အစီအစဉ်အတွက် အတူတကွ စုဝေးကြတယ်။ အဲဒီမှာ လစဉ်ထုတ် ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်ကို သုံးတယ်။ ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများဆိုတဲ့ ပထမပိုင်းမှာ ကြိုတင်ဖတ်ထားတဲ့ ကျမ်းစာအပိုင်းတစ်ပိုင်းကို ပိုနားလည်စေတယ်။ အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါဆိုတဲ့အပိုင်းမှာ တခြားသူတွေနဲ့ ကျမ်းစာ​ဆွေးနွေးတတ်​အောင် သွန်သင်ပေးတဲ့ သရုပ်ပြခန်းတွေ ပါတယ်။ သွန်သင်ချက်ပေးသူက သင်တန်းသားတွေရဲ့ စာဖတ်စွမ်းရည်နဲ့ စကားပြောစွမ်းရည် တိုးတက်ဖို့ ကြည့်ပေးတယ်။ (၁ တိမောသေ ၄:၁၃) ခရစ်ယာန်အသက်တာလမ်းစဉ် ဆိုတဲ့နောက်ဆုံးအပိုင်းမှာ ကျမ်းစာလမ်းညွှန်ချက်တွေ နေ့စဉ်​ကျင့်သုံး​နိုင်ပုံကို သုံးသပ်တယ်။ ကျမ်းစာအသိပညာ တိုးစေတဲ့ မေးဖြေဆွေးနွေးခန်းတစ်ခု ပါတယ်။

ကျွန်တော်တို့ရဲ့ အစည်းအဝေးကို လာတက်တဲ့အခါ အရည်အသွေးမြင့်မားတဲ့ ကျမ်းစာသင်ကြားပေးမှုတွေကို သင်နှစ်သက်မှာ သေချာပါတယ်။—ဟေရှာယ ၅၄:၁၃

  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေမှာ ဘာတွေ ကြားရမလဲ။

  • ကျွန်တော်တို့ရဲ့ အပတ်စဉ်အစည်းအဝေးတွေထဲက ဘယ်အစည်းအဝေးကို သင်တက်ချင်ပါသလဲ။