အခန်း ၈

အစည်းအဝေး သွားတဲ့အခါ ကျွန်တော်တို့ ဘာကြောင့် သပ်သပ်ရပ်ရပ် ဝတ်စားဖြီးလိမ်းရသလဲ

အစည်းအဝေး သွားတဲ့အခါ ကျွန်တော်တို့ ဘာကြောင့် သပ်သပ်ရပ်ရပ် ဝတ်စားဖြီးလိမ်းရသလဲ

အိုက်စလန်

မက္ကဆီကို

ဂီနီ–ဘစ်ဆော

ဖိလစ်ပိုင်

ယေဟောဝါသက်သေတွေ အသင်းတော်အစည်းအဝေး တက်တဲ့အခါ သပ်သပ်ရပ်ရပ် ဝတ်စားဖြီးလိမ်းတယ်ဆိုတာ ဒီဘရိုရှာမှာပါတဲ့ပုံတွေမှာ သတိပြုမိပါလိမ့်မယ်။ ဘာကြောင့် ဒီလို သပ်သပ်ရပ်ရပ် ဝတ်စားကြသလဲ။

ဘုရားသခင်ကို လေးစားကြောင်း ပြချင်တဲ့အတွက် ဖြစ်တယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြင်ပန်းအသွင်အပြင်ထက် အတွင်းစိတ်သဘောကို အာရုံစိုက်တယ်ဆိုတာ မှန်ပါတယ်။ (၁ ရှမွေလ ၁၆:၇) ဒါပေမဲ့ ဝတ်ပြုဖို့စုဝေးတဲ့အခါ ဘုရားသခင်နဲ့ ဝတ်ပြုသူချင်းတွေကို လေးစားကြောင်း ဖော်ပြလိုကြတယ်။ တရားရုံးကို သွားရမယ်ဆိုရင် တရားသူကြီးရဲ့ရာထူးကို အသိအမှတ်ပြုတဲ့အနေနဲ့ ဖြစ်ကတတ်ဆန်း ဝတ်စားဖြီးလိမ်းမှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ အစည်းအဝေးမှာ ဝတ်စားဖြီးလိမ်းပုံအားဖြင့် “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” ယေဟောဝါနဲ့ ဝတ်ပြုတဲ့နေရာကို လေးစားကြောင်း ဖော်ပြကြတယ်။—ကမ္ဘာဦး ၁၈:၂၅

ကျွန်တော်တို့ လိုက်လျှောက်တဲ့စံနှုန်းကို ဖော်ပြချင်တဲ့အတွက် ဖြစ်တယ်။ သမ္မာကျမ်းစာက ခရစ်ယာန်တွေကို “ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိ” ဝတ်စားဆင်ယင်ပါဆိုပြီး တိုက်တွန်းထားတယ်။ (၁ တိမောသေ ၂:၉၊ ၁၀) ဝတ်စားဆင်ယင်မှုမှာ “ဣန္ဒြေရှိ” တဲ့သူဟာ မြူဆွယ်ရာရောက်တဲ့၊ ဖော်လွန်းတဲ့ ဒါမှမဟုတ် ဝါကြွားရာရောက်တဲ့ အဝတ်အစားတွေကို ဝတ်မှာမဟုတ်ဘူး။ “ချင့်ချိန်မှုရှိ” သူတစ်ယောက်ဆိုရင်လည်း ဖြစ်ကတတ်ဆန်းပုံစံ၊ တစ်ဖက်စွန်းကျတဲ့ပုံစံမျိုး ဝတ်စားမှာမဟုတ်ဘူး။ ဒီလိုမူတွေ ရှိတယ်ဆိုပေမဲ့လည်း ဝတ်စားဆင်ယင်မှုမှာ ရွေးချယ်စရာ အများကြီး ရှိနေပါသေးတယ်။ တင့်တယ်လျောက်ပတ်တဲ့ အသွင်အပြင်က ကျွန်တော်တို့ရဲ့ “ကယ်တင်ရှင် ဘုရားသခင်ရဲ့ သွန်သင်ချက်ကို . . . တင့်တယ်စေနိုင်” ပြီး လူတွေ ‘ဘုရားသခင်ကို ချီးမွမ်း’ အောင် လှုံ့ဆော်ပေးနိုင်တယ်။ (တိတု ၂:၁၀။ ၁ ပေတရု ၂:၁၂) အစည်းအဝေးတွေမှာ သပ်သပ်ရပ်ရပ် ဝတ်စားဖြီးလိမ်းခြင်းက ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးအပေါ် တခြားသူတွေရဲ့ ရှုမြင်ပုံကို အကျိုးသက်ရောက်နိုင်တယ်။

အဝတ်အစားကြောင့် ဝတ်ပြုရာခန်းမကိုလာဖို့ တွန့်ဆုတ်တာမျိုး မဖြစ်ပါနဲ့။ သင့်တော်၊ သန့်ရှင်း၊ လျောက်ပတ်တဲ့ အဝတ်အစားလို့ ပြောတဲ့အခါ စျေးကြီးတာ၊ ဆန်းပြားတာဖြစ်ဖို့ မလိုပါဘူး။

  • ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့အခါ ဝတ်စားပုံက ဘာကြောင့် အရေးကြီးသလဲ။

  • ကျွန်တော်တို့ရဲ့ ဝတ်စားဖြီးလိမ်းပုံကို ဘယ်မူတွေက လမ်းညွှန်ပေးသလဲ။