အခန်း ၁၅ အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ ဖွင့်ပါ အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ဖင်လန် သွန်သင်ခြင်း သိုးထိန်းလည်ပတ်ခြင်း သက်သေခံခြင်း ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာ လခစား ခရစ်ယာန် ဓမ္မဆရာအတန်းအစားဆိုတာ မရှိဘူး။ အဲဒီအစား ခရစ်ယာန်အသင်းတော် စတည်ထောင်တုန်းကလိုပဲ “အသင်းတော်ကို ထိန်းကျောင်း” ဖို့ အရည်အချင်းပြည့်မီတဲ့ ကြီးကြပ်မှူးတွေကို ခန့်အပ်ထားတယ်။ (တမန်တော် ၂၀:၂၈) ဘုရားရေးရာ အရည်အသွေးရှိတဲ့ ဒီအကြီးအကဲတွေက အသင်းတော်ကို ဦးဆောင် ထိန်းကျောင်းတဲ့အခါ “တာဝန်အရလုပ်တာမျိုး မဟုတ်ဘဲ ဘုရားသခင်ရှေ့မှာ စိတ်ပါလက်ပါ လုပ်ဆောင်ကြ” တယ်။ “မသမာတဲ့နည်းနဲ့ အမြတ်ထုတ်ချင်လို့ မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်ကြ” တယ်။ (၁ ပေတရု ၅:၁-၃) ကျွန်တော်တို့အတွက် သူတို့ ဘာလုပ်ဆောင်ပေးကြသလဲ။ ကျွန်တော်တို့ကို ဂရုစိုက်၊ ကာကွယ်ပေးကြတယ်။ အကြီးအကဲတွေက ကျမ်းစာလမ်းညွှန်ချက်တွေ ပေးကြတယ်။ ယေဟောဝါဘုရားနဲ့ ဆက်နီးကပ်နေအောင် ကူညီပေးကြတယ်။ ဒီအရေးကြီးတဲ့တာဝန်ကို ဘုရားသခင် အပ်နှင်းထားကြောင်း သိထားကြတဲ့အတွက် ဘုရားလူမျိုးကို စိုးမိုးခြယ်လှယ်တာမျိုး မလုပ်ဘဲ ကျွန်တော်တို့ရဲ့ ကောင်းကျိုးနဲ့ ပျော်ရွှင်မှုကို တိုးများစေကြတယ်။ (၂ ကောရိန္သု ၁:၂၄) သိုးထိန်းတစ်ဦးက သိုးတစ်ကောင်ချင်းစီကို ကြိုးစား ဂရုစိုက်သလို အကြီးအကဲတွေကလည်း အသင်းသားတစ်ယောက်စီကို သိအောင် ကြိုးစားကြတယ်။—ပညာ. ၂၇:၂၃။ ဘုရားသခင့်အလိုတော် ဆောင်နိုင်ပုံကို သင်ပေးကြတယ်။ အကြီးအကဲတွေက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့ ပတ်စဉ် ပတ်တိုင်း အသင်းတော် အစည်းအဝေးတွေကို ဦးဆောင် ကျင်းပပေးကြတယ်။ (တမန်တော် ၁၅:၃၂) ကိုယ့်ကိုယ်ကိုယ် ပေးဆက်ထားတဲ့ ဒီအကြီးအကဲတွေက ဟောပြောခြင်းလုပ်ငန်းမှာလည်း ဦးဆောင်ပေးကြတယ်။ အမှုဆောင်လုပ်ငန်း အမျိုးမျိုးမှာ ကျွန်တော်တို့နဲ့အတူ လုပ်ဆောင်ပြီး လေ့ကျင့်ပေးကြတယ်။ ကျွန်တော်တို့တစ်ယောက်စီကို အားပေးတယ်။ ဒေသခံ အကြီးအကဲတွေက ကျွန်တော်တို့တစ်ဦးစီကို ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းနေအောင် ကူညီပေးဖို့ အိမ်ကို လာပြီးပဲဖြစ်ဖြစ်၊ ဝတ်ပြုရာ ခန်းမမှာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ စကားပြောဆိုကြတယ်။ ကျမ်းစာနဲ့ နှစ်သိမ့်ပေးကြတယ်။ —ယာကုပ် ၅:၁၄၊ ၁၅။ ကမ္ဘာတစ်ဝန်းမှာ အကြီးအကဲအများစုမှာ အသင်းတော်တာဝန်တွေအပြင် လောကအလုပ်တွေ၊ အချိန်နဲ့ အာရုံစိုက်မှု လိုအပ်တဲ့ မိသားစုတာဝန်တွေလည်း ရှိကြတယ်။ အလုပ်ကြိုးစားတဲ့ ဒီညီအစ်ကိုတွေဟာ ကျွန်တော်တို့ရဲ့ လေးစားမှုကို ရထိုက်ပါတယ်။—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃။ အသင်းတော်အကြီးအကဲတွေရဲ့ တာဝန်ဟာ ဘာလဲ။ အကြီးအကဲတွေက ကျွန်တော်တို့တစ်ဦးစီရဲ့ လိုအပ်ရာကို ဂရုစိုက်ကြောင်း ဘယ်လိုနည်းတွေနဲ့ ပြကြသလဲ။ နောက်သို့ ရှေ့သို့ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ ယနေ့ခေတ်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ မြန်မာ လက်သင်္ကေတပြဘာသာစကား အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ https://cms-imgp.jw-cdn.org/img/p/1102012156/univ/art/1102012156_univ_sqr_xl.jpg