တပည့် ဖြစ်စေခြင်း ယော. ၃:၁၊ ၂ သင်ခန်းစာ ၁၀ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားပါ ဖွင့်ပါ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားပါ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ကျမ်းစာမူ။ “ဘုရားသခင်ရဲ့ သတင်းကောင်းကို ဝေမျှဖို့သာမက အသက်ကို ပေးဖို့တောင် အသင့်ပါပဲ။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ ချစ်မြတ်နိုးရသူတွေ ဖြစ်လာလို့ပါ။”—၁ သက်. ၂:၈။ ယေရှု ဘာလုပ်သလဲ ဗီဒီယို။ နိကောဒင်ကို ယေရှု သွန်သင်ပေး ၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် ယောဟန် ၃:၁၊ ၂ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ– က။ ယေရှုဆီ နိကောဒင် ဘာကြောင့် ညမှ လာတာ ဖြစ်မလဲ။—ယောဟန် ၁၂:၄၂၊ ၄၃ ကို ကြည့်ပါ။ ခ။ တပည့် ဖြစ်စေခြင်း လုပ်ငန်းအတွက် ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားကြောင်း ယေရှု ဘယ်လို ပြသလဲ။ ယေရှုဆီကနေ ဘာသင်ယူရသလဲ ၂။ တပည့် ဖြစ်စေခြင်း လုပ်ငန်းမှာ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားခြင်းအားဖြင့် လူတွေကို ချစ်ကြောင်း ကျွန်တော်တို့ ပြကြတယ်။ ယေရှုကို အတုယူပါ ၃။ ကျမ်းစာသင်သား အဆင်ပြေတဲ့ အချိန်၊ နေရာမှာ သင်ပါ။ သူ့အတွက် ပိုအဆင်ပြေတဲ့ နေ့၊ အချိန် ရှိနိုင်တယ်။ သူ့အလုပ်၊ အိမ် ဒါမှမဟုတ် တခြားတစ်နေရာရာက သူ့အတွက် ပိုအဆင်ပြေမလား။ ဖြစ်နိုင်သရွေ့ သူ အဆင်ပြေဖို့ ဦးစားပေးပြီး ကိုယ့်ဇယားကို ချိန်ညှိပါ။ ၄။ မှန်မှန် လေ့လာပါ။ ကိုယ် မသင်နိုင်တဲ့အခေါက်တွေမှာ သင်အံမှု မဖျက်လိုက်ပါနဲ့။ စဉ်းစားကြည့်ပါ– က။ အဲဒီအပတ် တခြားအချိန် ပြောင်းသင်လို့ ရမလား။ ခ။ ဖုန်းဆက်၊ ဗီဒီယို ချိတ်ဆက်ပြီး သင်လို့ ရမလား။ ဂ။ အစားသင်ပေးဖို့ ကြေညာသူတစ်ယောက်ကို အကူအညီ တောင်းလို့ ရမလား။ ၅။ သဘောထားမှန် ရှိဖို့ ဆုတောင်းပါ။ သင်သားဘက်က သင်အံမှု ခဏခဏ ဖျက်တယ်၊ သိလာတဲ့အတိုင်း လိုက်လုပ်ဖို့ နှောင့်နှေးနေတယ်ဆိုရင်တောင် သူ့အပေါ် လက်မလျှော့မိဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဖိ. ၂:၁၃) သင်သားမှာ ကောင်းကွက်တွေ ရှိမှာပဲ။ အဲဒီကောင်းကွက်တွေကို အာရုံစိုက်နိုင်ဖို့ ဆုတောင်းပါ။ ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ ပညာ. ၃:၂၇။ တ. ၂၀:၃၅။ ၂ ကော. ၁၂:၁၅ နောက်သို့ ရှေ့သို့ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားပါ လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားပါ မြန်မာ လက်သင်္ကေတပြဘာသာစကား ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားပါ https://cms-imgp.jw-cdn.org/img/p/1102023310/univ/art/1102023310_univ_sqr_xl.jpg lmd ၁၀