ပြန်လည်ပတ်ခြင်း တ. ၁၉:၈-၁၀ သင်ခန်းစာ ၇ ဇွဲရှိပါ ဖွင့်ပါ ဇွဲရှိပါ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ကျမ်းစာမူ။ “တစ်အိမ်ပြီး တစ်အိမ် သွားပြီး နေ့စဉ်မပြတ် သွန်သင်ဟောပြောကြတယ်။”—တ. ၅:၄၂။ ပေါလု ဘာလုပ်သလဲ ဗီဒီယို။ ဧဖက်မြို့မှာ ပေါလု ဇွဲမလျှော့တမ်း ဟော ၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် တမန်တော် ၁၉:၈-၁၀ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ– က။ လူတချို့ ဆန့်ကျင်တဲ့အခါ ပေါလု လက်လျှော့လိုက်မယ့်အစား စိတ်ဝင်စားသူတွေကို ဘယ်လို ဇွဲရှိရှိ ကူညီပေးသလဲ။ ခ။ စိတ်ဝင်စားသူတွေဆီ ပေါလု ဘယ်နှရက် တစ်ခါ သွားသလဲ။ ဘယ်လောက်ကြာကြာ အဲဒီလို သွားသလဲ။ ပေါလုဆီကနေ ဘာသင်ယူရသလဲ ၂။ ပြန်လည်ပတ်မှုတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့၊ ကျမ်းစာ သင်အံမှုတွေ စနိုင်ဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်ဖို့ လိုတယ်။ ပေါလုကို အတုယူပါ ၃။ ကိုယ် အဆင်ပြေတဲ့အချိန် မဟုတ်ဘဲ တစ်ဖက်သား အဆင်ပြေမယ့်အချိန် သွားပါ။ ‘သူ့ကို ဆက်သွယ်ဖို့ ဘယ်အချိန် အဆင်ပြေဆုံးလဲ။ စကားပြောဖို့ ဘယ်အချိန်၊ ဘယ်နေရာက သူ့အတွက် အဆင်ပြေဆုံးလဲ’ လို့ စဉ်းစားပါ။ ကိုယ့်အတွက် အဆင်ပြေတဲ့အချိန် မဟုတ်ရင်တောင် လိုလိုလားလား သွားပါ။ ၄။ အချိန်းအချက် လုပ်ပါ။ တစ်ခေါက် ဆုံပြီးတိုင်း နောက်တစ်ခေါက် ဆုံနိုင်မယ့် အချိန်ကို သတ်သတ်မှတ်မှတ် ချိန်းချက်ခဲ့ပါ။ ချိန်းတဲ့အတိုင်း ရောက်အောင် သွားပါ။ ၅။ မျှော်လင့်ချက် ထားပါ။ အိမ်မှာ တွေ့ရခဲတာနဲ့ပဲ၊ အလုပ်များနေတတ်တာနဲ့ပဲ စိတ်မဝင်စားဘူးလို့ အလျင်စလို ကောက်ချက် မချပါနဲ့။ (၁ ကော. ၁၃:၄၊ ၇) ဆုံနိုင်ဖို့ ဇွဲရှိရှိ ဆက်ကြိုးစားပါ။ အချိန်ဖြုန်းရာတော့ မကျပါစေနဲ့။—၁ ကော. ၉:၂၆။ ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ တ. ၁၀:၄၂။ ၁ ကော. ၉:၂၂၊ ၂၃။ ၂ ကော. ၄:၁။ ဂလ. ၆:၉ နောက်သို့ ရှေ့သို့ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ဇွဲရှိပါ လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ ဇွဲရှိပါ မြန်မာ လက်သင်္ကေတပြဘာသာစကား ဇွဲရှိပါ https://cms-imgp.jw-cdn.org/img/p/1102023307/univ/art/1102023307_univ_sqr_xl.jpg lmd ၇