လူမျိုးအားလုံးအတွက် သတင်းကောင်း

လူမျိုးအားလုံးအတွက် သတင်းကောင်းဆိုတာ ဘာလဲ။ အဲဒါကို ဘာကြောင့်ယုံကြည်နိုင်သလဲ။ မေးလေ့မေးထရှိတဲ့မေးခွန်းတွေရဲ့ အဖြေတွေ ဒီဘရိုရှာမှာ ပါတယ်။

ဒီစာစောင်ကနေ အကျိုးရရှိနိုင်ပုံ

ဒီစာစောင်က ကျမ်းစာကို တိုက်ရိုက်လေ့လာနိုင်အောင် ကူညီပေးပါလိမ့်မယ်။ ရည်ညွှန်းထားတဲ့ကျမ်းချက်တွေကို သင့်ကျမ်းစာထဲကနေ ဘယ်လိုရှာတွေ့နိုင်မလဲ ဆိုတာကို လေ့လာကြည့်ပါ။

သင်ခန်းစာ

သတင်းကောင်းဆိုတာ ဘာလဲ

ဘုရားသခင်ဆီကလာတဲ့ သတင်းက ဘာလဲ၊ ဘာကြောင့် အာရုံစိုက်သင့်သလဲ၊ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။

သင်ခန်းစာ

ဘုရားသခင်က ဘယ်သူလဲ

ဘုရားသခင်မှာ နာမည်ရှိသလား။ ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်သလား။

သင်ခန်းစာ

ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား

ကျမ်းစာက ဘုရားသခင်ဆီကလာတာလို့ ဘာကြောင့် ပြောနိုင်တာလဲ။

သင်ခန်းစာ

ယေရှုခရစ်က ဘယ်သူလဲ

ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ၊ ရွေးနုတ်ဖိုးဆိုတာ ဘာလဲ၊ အခု ယေရှု ဘာလုပ်နေသလဲ စတာတွေကို လေ့လာကြည့်ပါ။

သင်ခန်းစာ

ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ

ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ၊ ဆင်းရဲဒုက္ခတွေ ဘယ်တော့ ပျောက်ကွယ်သွားမလဲ၊ ပရဒိသု ဘယ်လိုပြန်ဖြစ်လာမလဲ၊ ပရဒိသုမြေကြီးပေါ်မှာ ဘယ်သူတွေ နေထိုင်ကြမလဲ စတဲ့အကြောင်းတွေကို ကျမ်းစာမှာ ဖော်ပြပေးထားတယ်။

သင်ခန်းစာ

သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက်ရှိသလဲ

သေသွားတဲ့အခါ ဘာဖြစ်သလဲ။ သေဆုံးသွားတဲ့ ချစ်မြတ်နိုးရသူတွေကို ပြန်တွေ့နိုင်အုံးမလား။

သင်ခန်းစာ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်က ဘယ်သူလဲ။ ဒီနိုင်ငံတော်က ဘာတွေကို လုပ်ဆောင်ပေးမှာလဲ။

သင်ခန်းစာ

မကောင်းမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုရတာလဲ

မကောင်းမှု ဘယ်လိုစတင်ခဲ့သလဲ။ ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို အခုထိ ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ။ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မလား။

သင်ခန်းစာ

သင့်မိသားစုပျော်ရွှင်အောင် ဘယ်လိုလုပ်နိုင်သလဲ

ပျော်ရွှင်တဲ့ဘုရားသခင် ယေဟောဝါက မိသားစုတွေကို ပျော်ရွှင်စေချင်တယ်။ ခင်ပွန်းတွေ၊ ဇနီးတွေ၊ မိဘတွေနဲ့ သားသမီးတွေအတွက် အကျိုးရှိတဲ့ ကျမ်းစာအကြံပြုချက်ကို လေ့လာကြည့်ပါ။

သင်ခန်းစာ

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ

စစ်မှန်တဲ့ဝတ်ပြုရေးက တစ်ခုတည်းပဲ ရှိသလား။ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အသွင်အပြင်ငါးမျိုးကို လေ့လာကြည့်ပါ။

သင်ခန်းစာ

ကျမ်းစာမူတွေက အကျိုးရှိသလား

ကျွန်ုပ်တို့ လမ်းညွှန်မှု ဘာကြောင့် လိုအပ်ရတယ်၊ အရေးကြီးတဲ့ ကျမ်းစာမူနှစ်ခုက ဘာတွေလဲဆိုတာ ယေရှု ရှင်းပြခဲ့တယ်။

သင်ခန်းစာ

ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်နိုင်မလဲ

ဆုတောင်းချက်အားလုံးကို ဘုရားသခင် နားထောင်သလား။ ဘယ်လိုဆုတောင်းသင့်သလဲ။ ဘုရားသခင်နဲ့ ရင်းနှီးနိုင်ဖို့ နောက်ထပ်ဘာတွေလုပ်နိုင်သေးသလဲ စတဲ့အကြောင်းတွေကို လေ့လာကြည့်ပါ။

သင်ခန်းစာ

ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ

စစ်မှန်တဲ့ဘုရားတစ်ပါးတည်းကို လူတိုင်း ဝတ်ပြုမယ့်အချိန် ရှိလာနိုင်သလား။

သင်ခန်းစာ

ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့်ရှိရတာလဲ

စစ်မှန်တဲ့ခရစ်ယာန်တွေကို ဘာကြောင့်နဲ့ ဘယ်လို ဖွဲ့စည်းထားတယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။

သင်ခန်းစာ

ဘာကြောင့် ဆက်ပြီးလေ့လာနေဖို့ လိုသလဲ

ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာနဲ့ ကျမ်းစာက တခြားသူတွေကို ဘယ်လိုအကျိုးပြုနိုင်သလဲ။ ဘာအခွင့်ထူးတွေ သင် ရရှိနိုင်မလဲ။