အခန်း ၁၅ ဘာကြောင့် ဆက်ပြီးလေ့လာနေဖို့ လိုသလဲ ဖွင့်ပါ ဘာကြောင့် ဆက်ပြီးလေ့လာနေဖို့ လိုသလဲ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ၁။ ကျမ်းစာကို ဆက်လေ့လာခြင်းကနေ ဘာအကျိုးရနိုင်မလဲ။ အခြေခံကျမ်းစာသွန်သင်ချက်တွေကို သုံးသပ်ခြင်းက ယေဟောဝါဘုရားသခင်ကို ချစ်တဲ့ သင့်ရဲ့မေတ္တာကို ခိုင်မြဲစေမှာ သေချာပါတယ်။ အဲဒီမေတ္တာကို ဆက်ပြီးပြုစုပျိုးထောင်ပေးနေဖို့ လိုပါတယ်။ (၁ ပေတရု ၂:၂) သင့်ရဲ့ထာဝရအသက်မျှော်လင့်ချက်က ကျမ်းစာကို လေ့လာပြီး ဘုရားသခင်နဲ့ ရင်းနှီးသည်ထက် ရင်းနှီးအောင် သင် ပြုလုပ်နေတယ်၊ မနေဘူးဆိုတဲ့အချက်အပေါ် မူတည်တယ်။—ယောဟန် ၁၇:၃; ယုဒ ၂၁ တို့ကိုဖတ်ပါ။ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာ တိုးများလာတဲ့အခါ သင့်ရဲ့ ယုံကြည်ခြင်းကလည်း ခိုင်ခံ့လာမှာဖြစ်တယ်။ ယုံကြည်ခြင်းက သင့်ကို ဘုရားသခင့်စိတ်တော်နဲ့တွေ့အောင် ကူညီပေးပါလိမ့်မယ်။ (ဟေဗြဲ ၁၁:၁၊ ၆) ဒါ့အပြင် နောင်တယူပြီး သင့်ဘဝလမ်းစဉ်ကို ပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။—တမန်တော် ၃:၁၉ ကိုဖတ်ပါ။ ၂။ ဘုရားသခင်နဲ့ပတ်သက်တဲ့ သင့်အသိပညာက တခြားသူတွေကို ဘယ်လိုအကျိုးပြုနိုင်သလဲ။ ယေဟောဝါဘုရားသခင်နဲ့ အထူးဆက်ဆံရေး သင် ရရှိလာနိုင် တခြားသူတွေကို သင် သိရှိခဲ့တဲ့ အကြောင်းအရာတွေ ပြောပြချင်မှာပဲ။ သတင်းကောင်းဆိုရင် ကျွန်ုပ်တို့အားလုံး ပြောပြချင်ကြပါတယ်။ ကျမ်းစာကို သင် ဆက်လေ့လာနေရင်း ယေဟောဝါဘုရားသခင်နဲ့ သတင်းကောင်းကို သင် ယုံကြည်ရတဲ့အကြောင်း ရှင်းပြဖို့ ကျမ်းစာကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိရှိလာပါလိမ့်မယ်။—ရောမ ၁၀:၁၃-၁၅ ကိုဖတ်ပါ။ လူအများစုက ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို အစပြုပြီး သတင်းကောင်း ပြောပြကြတယ်။ လိမ္မာပါးနပ်မှုရှိပါ။ သူတို့ရဲ့ ယုံကြည်ချက်တွေက မှားနေတယ်လို့ မပြောဘဲ ဘုရားသခင်ရဲ့ကတိတွေအကြောင်း ပြောပြပါ။ ဒါ့အပြင်၊ လူတွေက သင်ပြောတဲ့အရာတွေထက် သင့်ရဲ့ ထောက်ထားစာနာတဲ့ အပြုအမူတွေကို ပိုစွဲမှတ်တတ်တယ်ဆိုတာ သတိရပါ။—၂ တိမောသေ ၂:၂၄၊ ၂၅ ကိုဖတ်ပါ။ ၃။ ဘာအခွင့်ထူးတွေ သင် ရရှိနိုင်မလဲ။ ကျမ်းစာကို လေ့လာတာက သင့်ကို ဘုရားသခင်နဲ့ ပိုပြီး ရင်းနှီးလာစေပါလိမ့်မယ်။ နောက်ဆုံးမှာ ဘုရားသခင်နဲ့ အထူးဆက်ဆံရေး ရှိလာပြီး ဘုရားသခင့်မိသားစုဝင်အနေနဲ့အပြင် ကိုယ်တော့်ပိုင်ဆိုင်ရာပါ ဖြစ်လာပါလိမ့်မယ်။—၂ ကောရိန္သု ၆:၁၈ ကိုဖတ်ပါ။ ၄။ သင် ဘယ်လိုဆက်ပြီး တိုးတက်နိုင်ပါသလဲ။ ကျမ်းစာကို ဆက်လေ့လာသွားခြင်းအားဖြင့် တိုးတက်နိုင်ပါတယ်။ (ဟေဗြဲ ၅:၁၃၊ ၁၄) သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲနဲ့ ကျမ်းစာလေ့လာဖို့ ယေဟောဝါသက်သေတစ်ယောက်ကို တောင်းဆိုပါ။ ကျမ်းစာအကြောင်း သင် ပိုသိရှိလာလေ ပိုပျော်ရွှင်လာလေဆိုတာ စိတ်ချပါ။—ဆာလံ ၁:၁-၃; ၇၃:၂၇၊ ၂၈ ကိုဖတ်ပါ။ သတင်းကောင်းဟာ ပျော်ရွှင်တဲ့ဘုရားသခင် ယေဟောဝါဆီကနေ လာပါတယ်။ ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေနဲ့ သင် ရင်းနှီးလာမယ်ဆိုရင် ကိုယ်တော်နဲ့လည်း ရင်းနှီးလာပါလိမ့်မယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဘုရားသခင့်စိတ်တော်နဲ့ တွေ့အောင် သင် ဆက်ကြိုးစားမယ်ဆိုရင် ထာဝရအသက် ရရှိပါလိမ့်မယ်။ ဘုရားသခင်နဲ့ရင်းနှီးအောင်လုပ်တာက သင် လုပ်နိုင်သမျှထဲမှာ အကောင်းဆုံး လုပ်ဆောင်ချက်ပါပဲ။—၁ တိမောသေ ၁:၁၁; ၆:၁၉ ကိုဖတ်ပါ။ နောက်သို့ ရှေ့သို့ ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ အစည်းအဝေးများ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ သင်ကိုယ်တိုင် လေ့လာကြည့်နိုင်ပါတယ်။ ကျွန်တော်တို့အကြောင်း ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီး မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာကနေ ရရှိကြပါတယ်။ မိတ်ဆွေကော အဲဒီအဖြေတွေ သိချင်ပါသလား။ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ဘာကြောင့် ဆက်ပြီးလေ့လာနေဖို့ လိုသလဲ လူမျိုးအားလုံးအတွက် သတင်းကောင်း ဘာကြောင့် ဆက်ပြီးလေ့လာနေဖို့ လိုသလဲ မြန်မာ လက်သင်္ကေတပြဘာသာစကား ဘာကြောင့် ဆက်ပြီးလေ့လာနေဖို့ လိုသလဲ https://cms-imgp.jw-cdn.org/img/p/1102012196/univ/art/1102012196_univ_sqr_xl.jpg fg အခန်း ၁၅