အခန်း ၁၀

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ

စစ်မှန်တဲ့ဝတ်ပြုရေးကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ

၁။ စစ်မှန်တဲ့ဝတ်ပြုရေးက တစ်ခုတည်းပဲ ရှိသလား။

“ပရောဖက် အတုအယောင်များကို သတိထားကြလော့။”—မဿဲ ၇:၁၅

စစ်မှန်တဲ့ဝတ်ပြုရေးက တစ်ခုတည်းပဲရှိတယ်လို့ နောက်လိုက်တွေကို ယေရှုပြောခဲ့တယ်။ အဲဒီဝတ်ပြုရေးက ထာဝရအသက်လမ်းကို ဦးတည်တဲ့ လမ်းတစ်လမ်းနဲ့ တူတယ်။ အဲဒီလမ်းကို “တွေ့မြင်သောသူ နည်း” တယ်လို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၇:၁၄) ကျမ်းစာအပေါ် အခြေခံတဲ့ ဝတ်ပြုရေးကိုပဲ ဘုရားသခင် လက်ခံပါတယ်။ အဲဒီဝတ်ပြုရေးမှာ ပါဝင်တဲ့သူအားလုံး ယုံကြည်ခြင်းတစ်မျိုးတည်းနဲ့ စည်းလုံးနေကြပါတယ်။ယောဟန် ၄:၂၃၊ ၂၄; ၁၄:၆; ဧဖက် ၄:၄၊ ၅ တို့ကိုဖတ်ပါ။

၂။ ခရစ်ယာန်အတုအယောင်တွေအကြောင်း ယေရှု ဘာပြောခဲ့သလဲ။

“သူတို့သည် ဘုရားသခင်ကို သိသည်ဟု ဆိုကြသော်လည်း အကျင့်အားဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။”—တိတု ၁:၁၆

လူတွေကို အမှားတွေ သွန်သင်မယ့်သူတချို့ ခရစ်ယာန်ဘာသာထဲကနေ ပေါ်လာမယ်လို့ ယေရှု သတိပေးခဲ့တယ်။ သူတို့ရဲ့ပုံစံကို ကြည့်လိုက်ရင် စစ်မှန်တဲ့ခရစ်ယာန်တွေလိုပါပဲ။ သူတို့ရဲ့ အခြေအနေမှန်ကို ဘယ်လိုနည်းနဲ့ ခွဲခြားသိမြင်နိုင်မလဲ။ ဘုရားသခင်လက်ခံတဲ့ စစ်မှန်တဲ့ဝတ်ပြုရေးတစ်ခုတည်းကပဲ ခရစ်ယာန်စစ်တွေကို ထွက်ပေါ်လာစေပါတယ်။ သူတို့ရဲ့အရည်အသွေးတွေနဲ့ လုပ်ရပ်တွေကိုကြည့်ပြီး သူတို့ဟာ ခရစ်ယာန်စစ်တွေ ဟုတ်မဟုတ်ဆိုတာ ခွဲခြားသိမြင်နိုင်တယ်။—မဿဲ ၇:၁၃-၂၃ ကိုဖတ်ပါ။

၃။ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်တဲ့သူတွေကို ဘယ်လိုခွဲခြားနိုင်မလဲ။

အသွင်အပြင်ငါးမျိုးနဲ့ ခွဲခြားသိမြင်နိုင်ပါတယ်–

  • စစ်မှန်တဲ့ ဝတ်ပြုသူတွေဟာ ကျမ်းစာကို ဘုရားသခင့်စကားတော်အဖြစ် လေးမြတ်ကြတယ်။ ကျမ်းစာမူတွေနဲ့အညီ နေထိုင်ဖို့ သူတို့ ကြိုးစားကြတယ်။ ဒါကြောင့် စစ်မှန်တဲ့ဝတ်ပြုရေးဟာ လူ့အတွေးအခေါ်တွေအပေါ် အခြေခံတဲ့ ဝတ်ပြုရေးတွေနဲ့ ကွဲပြားခြားနားတာဖြစ်တယ်။ (မဿဲ ၁၅:၇-၉) စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ကြဘူး။—ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇ တို့ကိုဖတ်ပါ။

  • ဘုရားသခင့်နာမည် ယေဟောဝါကို ဂုဏ်တင်ကြတယ်။ ယေရှုဟာ လူတွေကို ဘုရားသခင်ရဲ့နာမည် ကြားသိစေခြင်းအားဖြင့် ဂုဏ်တင်ခဲ့တယ်။ ဘုရားသခင်အကြောင်း လူတွေ သိလာအောင် ကူညီပေးခဲ့ပြီး ဘုရားသခင့်နာမည် သန့်ရှင်းမြင့်မြတ်စေဖို့ ဆုတောင်းကြပါလို့လည်း သွန်သင်ပေးခဲ့တယ်။ (မဿဲ ၆:) သင့် ဒေသမှာ ဘယ်ဝတ်ပြုရေးအဖွဲ့က ဘုရားသခင့်နာမည်သိအောင် ကူညီပေးနေပါသလဲ။—ယောဟန် ၁၇:၂၆; ရောမ ၁၀:၁၃၊ ၁၄ တို့ကိုဖတ်ပါ။

  • ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောကြတယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ ယေရှုကို ဘုရားသခင် စေလွှတ်လိုက်တယ်။ ဘုရားသခင့်နိုင်ငံတော်က လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ယေရှုဟာ အဲဒီနိုင်ငံတော်အကြောင်းကို သေဆုံးခါနီးအချိန်အထိ ပြောသွားတယ်။ (လုကာ ၄:၄၃;:; ၂၃:၄၂၊ ၄၃) ဘုရားသခင့်နိုင်ငံတော်အကြောင်းကို နောက်လိုက်တွေ ဟောပြောကြလိမ့်မယ်ဆိုပြီးတော့လည်း ပြောခဲ့တယ်။ သင့်ကို တစ်ယောက်ယောက်က ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြရင် သူဟာ ဘယ်ဝတ်ပြုရေးအဖွဲ့က ဖြစ်နိုင်ပါသလဲ။—မဿဲ ၂၄:၁၄ ကိုဖတ်ပါ။

  • ဆိုးညစ်တဲ့လောကနဲ့ မပတ်သက်ကြဘူး။ သူတို့ဟာ နိုင်ငံရေး ဒါမှမဟုတ် လူမှုရေး ပဋိပက္ခတွေမှာ မပါဝင်ကြဘူး။ (ယောဟန် ၁၇:၁၆; ၁၈:၃၆) ဒီလောကရဲ့ အန္တရာယ်ရှိတဲ့ အမူအကျင့်တွေ၊ သဘောထားတွေကိုလည်း အတုမယူကြဘူး။ယာကုပ် ၄:၄ ကိုဖတ်ပါ။

  • အချင်းချင်း မေတ္တာနဲ့ ပြောဆိုဆက်ဆံကြတယ်။ လူမျိုးနွယ်စုအသီးသီးက လူတွေကို လေးစားဖို့ ကျမ်းစာကနေ သင်ယူကြတယ်။ မှားယွင်းတဲ့ဝတ်ပြုရေးတွေက စစ်ပွဲတွေကို ထောက်ခံအားပေးတတ်ကြပေမဲ့ ခရစ်ယာန်စစ်တွေကတော့ အဲဒီလိုမလုပ်ကြဘူး။ (မိက္ခာ ၄:၁-၃) ခရစ်ယာန်စစ်တွေဟာ တခြားသူတွေကို ကူညီထောက်မဖို့ ကိုယ့်ရဲ့အချိန်နဲ့ ခွန်အားကို ကိုယ်ကျိုးမငဲ့ဘဲ အသုံးပြုကြတယ်။—ယောဟန် ၁၃:၃၄၊ ၃၅; ၁ ယောဟန် ၄:၂၀ တို့ကိုဖတ်ပါ။

၄။ စစ်မှန်တဲ့ဝတ်ပြုရေးကို သင် ခွဲခြားနိုင်ပါသလား။

သမ္မာကျမ်းစာအပေါ် အခြေခံပြီး သွန်သင်၊ ဘုရားသခင့်နာမည်ကို ဂုဏ်တင်ပြီး လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောနေတဲ့အဖွဲ့က ဘယ်အဖွဲ့ဖြစ်မလဲ။ ဒါ့အပြင် မေတ္တာကို လက်တွေ့ကျင့်ပြီး စစ်ပွဲတွေမှာ မပါဝင်တဲ့အဖွဲ့ကကော ဘယ်အဖွဲ့ဖြစ်မလဲ။—၁ ယောဟန် ၃:၁၀-၁၂ ကိုဖတ်ပါ။