အခန်း ၂

ဘုရားသခင်က ဘယ်သူလဲ

ဘုရားသခင်က ဘယ်သူလဲ

၁။ ဘုရားသခင်ကို ကျွန်ုပ်တို့ ဘာကြောင့် ဝတ်ပြုသင့်သလဲ။

စစ်မှန်တဲ့ဘုရားသခင်ဟာ အရာအားလုံးကို ဖန်ဆင်းတဲ့အရှင် ဖြစ်ပါတယ်။ ဘုရားသခင်မှာ အစမရှိသလို အဆုံးလည်း မရှိပါဘူး။ (ဆာလံ ၉၀:) ကျမ်းစာမှာပါတဲ့ သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာပါ။ (၁ တိမောသေ ၁:၁၁) ဘုရားသခင်ကြောင့် ကျွန်ုပ်တို့အသက်ရှင်နေတဲ့အတွက် ကိုယ်တော့်ကိုပဲ ဝတ်ပြုသင့်ပါတယ်။—ဗျာဒိတ် ၄:၁၁ ကိုဖတ်ပါ။

၂။ ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။

ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးကြတဲ့အကြောင်းက ဘုရားသခင်ဟာ လူတွေထက် ပိုအဆင့်မြင့်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ (ယောဟန် ၁:၁၈;:၂၄) ဘုရားသခင် ဖန်ဆင်းထားသမျှ အရာတွေထဲမှာ ကိုယ်တော်ရဲ့ အရည်အသွေးတွေကို တွေ့ရတယ်။ ဥပမာ၊ မျိုးပေါင်းစုံလင်လှတဲ့ သစ်သီးဝလံတွေ၊ ပန်းမန်တွေကို အသေအချာ လေ့လာကြည့်ရင် ဘုရားသခင့်မေတ္တာနဲ့ ဉာဏ်ပညာကို တွေ့မြင်နိုင်ပါတယ်။ ကျယ်ပြောလှတဲ့ စကြဝဠာကို ကြည့်လိုက်ရင်လည်း ဘုရားသခင့် တန်ခိုးတော်ကို တွေ့မြင်နိုင်ပါတယ်။—ရောမ ၁:၂၀ ကိုဖတ်ပါ။

ကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်ရဲ့ အရည်အသွေးတွေ အကြောင်း ပိုသိလာနိုင်ပါတယ်။ ဥပမာ၊ ဘုရားသခင် နှစ်သက်ရာ၊ မနှစ်သက်ရာ၊ လူတွေနဲ့ ပြုမူဆက်ဆံပုံ၊ အခြေအနေကို ကြည့်ပြီး တုံ့ပြန်တတ်ပုံကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။—ဆာလံ ၁၀၃:၇-၁၀ ကိုဖတ်ပါ။

၃။ ဘုရားသခင်မှာ နာမည်ရှိသလား။

‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမသည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ’ ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၆:) ဘုရားသခင်မှာ ဘွဲ့အမျိုးမျိုးရှိပေမဲ့ နာမည်ကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒီနာမည်ကို ဘာသာစကားလိုက် အသံထွက် အမျိုးမျိုးရှိကြတယ်။ မြန်မာလိုဆိုရင် “ယေဟောဝါ” လို့ အသံထွက်ပါတယ်။—ယေရမိ ၃၃:၂ ကိုဖတ်ပါ။

ဘာသာပြန်ကျမ်း အတော်များများမှာ ဘုရားသခင့်နာမည်ကို ဖယ်ထုတ်ပြီး သခင် ဒါမှမဟုတ် ဘုရားသခင်ဆိုတဲ့ ဘွဲ့တွေနဲ့ အစားထိုးထားကြတယ်။ ဒါပေမဲ့ မူရင်းကျမ်းစောင်တွေမှာတော့ ဘုရားသခင့်နာမည်ကို အကြိမ်ပေါင်း ၇,၀၀၀ နီးပါး ဖော်ပြထားပါတယ်။ လူတွေကို ဘုရားသခင်အကြောင်း ယေရှု သွန်သင်တဲ့အခါ ဘုရားသခင့်နာမည်ကို ကြားသိစေခဲ့တယ်။—ယောဟန် ၁၇:၂၆ ကိုဖတ်ပါ။

၄။ ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်သလား။

မေတ္တာပြည့်ဝတဲ့ ဒီဖခင်လိုပဲ ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ ရေရှည်ကောင်းကျိုးအတွက် လုပ်ဆောင်ပေးနေ

ဆင်းရဲဒုက္ခတွေ များပြားလာတာက ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆင်းရဲဒုက္ခတွေ ကြုံစေခြင်းအားဖြင့် စမ်းသပ်နေတယ်လို့ လူတချို့က ဆိုကြပေမဲ့ အဲဒါက မမှန်ပါဘူး။—ယာကုပ် ၁:၁၃ ကိုဖတ်ပါ။

ဘုရားသခင်ဟာ လူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားခြင်းအားဖြင့် ဂုဏ်တင်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီလို ရွေးချယ်ခွင့်ပေးထားတဲ့ ဘုရားသခင်ကို ကျေးဇူးတင်သင့်ပါတယ်။ (ယောရှု ၂၄:၁၅) ဒါပေမဲ့ လူတော်တော်များများကတော့ မကောင်းမှုတွေပြုဖို့ ရွေးချယ်ကြတဲ့အတွက် ဆင်းရဲဒုက္ခတွေ ပိုများလာရတာ ဖြစ်တယ်။ အဲဒီလို မတရားမှုတွေကို ဘုရားသခင် တွေ့တဲ့အခါ စိတ်ထိခိုက်ပါတယ်။—ကမ္ဘာဦး ၆:၅၊ ၆ ကိုဖတ်ပါ။

ယေဟောဝါဟာ ကျွန်ုပ်တို့ကို ဂရုစိုက်တဲ့ ဘုရားသခင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှင်စေလိုတယ်။ ဒါကြောင့် မကြာခင် ဆင်းရဲဒုက္ခတွေနဲ့ ဖြစ်ပေါ်စေတဲ့သူတွေကို ဖယ်ရှားပစ်ပါတော့မယ်။ ဒီအတောအတွင်း ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုထားတာက ဘုရားသခင်မှာ အကြောင်းကောင်းတွေ ရှိလို့ဖြစ်တယ်။ အဲဒီအကြောင်းကို အခန်း ၈ မှာ ရှင်းပြသွားပါမယ်။—၂ ပေတရု ၂:၉; ၃:၇၊ ၁၃ ကိုဖတ်ပါ။

၅။ ဘုရားသခင်နဲ့ရင်းနှီးအောင် ဘယ်လိုလုပ်မလဲ။

ဘုရားသခင်က သူ့ဆီ ဆုတောင်းပြီး ရင်းနှီးအောင်လုပ်ဖို့ ကျွန်ုပ်တို့ကို ဖိတ်ခေါ်ထားတယ်။ ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဘုရားသခင် စိတ်ဝင်စားတယ်။ (ဆာလံ ၆၅:; ၁၄၅:၁၈) ကိုယ်တော်ဟာ ခွင့်လွှတ်ဖို့အသင့်ရှိတယ်။ ကိုယ်တော့်စိတ်နဲ့တွေ့အောင် ကျွန်ုပ်တို့ ကြိုးစားနေတာတွေ၊ ကြိုးစားနေတဲ့ကြားက မအောင်မြင်တာတွေကိုတောင် ကိုယ်တော် သတိပြုမိတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ မစုံလင်သူတွေဖြစ်ပေမဲ့လည်း ဘုရားသခင်နဲ့ရင်းနှီးအောင် လုပ်နိုင်ပါတယ်။—ဆာလံ ၁၀၃:၁၂–၁၄; ယာကုပ် ၄:၈ တို့ကိုဖတ်ပါ။

ဘုရားသခင်က ကျွန်ုပ်တို့ကို အသက်ပေးထားတဲ့အတွက် တခြားသူတွေထက် ဘုရားသခင်ကို ပိုချစ်သင့်တယ်။ (မာကု ၁၂:၃၀) ဘုရားသခင့်အကြောင်း ထပ်လေ့လာပြီး ကိုယ်တော်တောင်းဆိုရာကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်ကိုချစ်ကြောင်း ဖော်ပြတာနဲ့အမျှ ကိုယ်တော်နဲ့ သင် ပိုရင်းနှီးလာပါလိမ့်မယ်။—၁ တိမောသေ ၂:၄; ၁ ယောဟန် ၅:၃ တို့ကိုဖတ်ပါ။