အခန်း ၈

မကောင်းမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုရတာလဲ

မကောင်းမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုရတာလဲ

၁။ မကောင်းမှု ဘယ်လိုစတင်ခဲ့သလဲ။

လူ့အုပ်ချုပ်မှုက လူ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာ သက်သေထူဖို့ ဘုရားသခင် အချိန် အလုံအလောက် ပေးခဲ့

စာတန် ဦးဆုံးလိမ်လည်ခဲ့ချိန်ကစပြီး ဒီကမ္ဘာပေါ် မကောင်းမှု စတင်လာခဲ့ပါတယ်။ အစပိုင်းမှာ စာတန်က စုံလင်တဲ့ ကောင်းကင်တမန်ဖြစ်ပေမဲ့ သူဟာ “အမှန်တရား၌ မတည်မနေ” ခဲ့ပါဘူး။ (ယောဟန် ၈:၄၄) သူဟာ ဘုရားသခင်သာ ပိုင်ဆိုင်ထိုက်တဲ့ ကိုးကွယ်မှုကို ရယူလိုစိတ်ပြင်းပြလာခဲ့တယ်။ ဒါနဲ့ ဧဝကို လိမ်ညာပြောဆိုပြီး ဘုရားသခင်ရဲ့စကားကိုမဟုတ်ဘဲ သူ့စကားကို နားထောင်ဖို့ ဖြားယောင်းခဲ့တယ်။ အာဒံလည်း ဧဝနဲ့ပေါင်းပြီး ဘုရားသခင်ရဲ့စကားကို နားမထောင်ခဲ့ဘူး။ အာဒံရဲ့ ဆုံးဖြတ်ချက်ကြောင့် ဆင်းရဲဒုက္ခနဲ့ သေခြင်း ဖြစ်ပေါ်လာခဲ့ရတယ်။—ကမ္ဘာဦး ၃:၁-၆၊ ၁၉ ကိုဖတ်ပါ။

ဘုရားသခင်ရဲ့စကားကို နားမထောင်ဖို့ ဧဝကို စာတန် အကြံပေးခဲ့တုန်းက တကယ်ဆိုရင် သူဟာ ဘုရားသခင်ရဲ့အုပ်ချုပ်ပိုင်ခွင့်ကို ဆန့်ကျင်နေတာဖြစ်ပါတယ်။ လူအများစုကလည်း စာတန်ဘက်ပါသွားပြီး ဘုရားသခင်ကို သူတို့ရဲ့အုပ်စိုးရှင်အဖြစ် လက်မခံကြတော့ပါဘူး။ ဒီလိုနဲ့ စာတန်ဟာ “ဤလောကကို အစိုးရသောမင်း” ဖြစ်လာပါတယ်။—ယောဟန် ၁၄:၃၀; ၁ ယောဟန် ၅:၁၉ တို့ကိုဖတ်ပါ။

၂။ ဖန်ဆင်းရာတွေမှာ ချို့ယွင်းချက်ရှိပါသလား။

ဘုရားသခင် ဖန်ဆင်းထားတဲ့အရာအားလုံးမှာ ချို့ယွင်းချက် လုံးဝမရှိပါဘူး။ ဘုရားသခင် ဖန်ဆင်းထားတဲ့ လူသားတွေနဲ့ ကောင်းကင်တမန်တွေဟာ ကိုယ်တော့် စကားကို အပြည့်အဝ နာခံနိုင်စွမ်းရှိကြတယ်။ (တရားဟောရာ ၃၂:၄၊ ၅) ကောင်းတာလုပ်မလား၊ ဆိုးတာလုပ်မလားဆိုတာကို လွတ်လပ်စွာရွေးချယ်နိုင်စွမ်းနဲ့ ကျွန်ုပ်တို့ကို ဖန်ဆင်းထားတယ်။ အဲဒီစွမ်းရည်ကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးကြောင်း ဖော်ပြခွင့်ရရှိကြတယ်။—ယာကုပ် ၁:၁၃-၁၅; ၁ ယောဟန် ၅:၃ တို့ကိုဖတ်ပါ။

၃။ ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို အခုထိ ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ။

ဘုရားသခင်ဟာ သူ့ရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ဆန့်ကျင်တဲ့သူတွေကို ချက်ချင်း အရေးမယူဘဲ အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားခဲ့တာ ဘာကြောင့်လဲ။ ဘုရားသခင်မပါဘဲ အုပ်ချုပ်ဖို့ ကြိုးစားမှုမှန်သမျှဟာ အချည်းနှီးဆိုတာ ဖော်ပြချင်လို့ပါပဲ။ (ဒေသနာ ၇:၂၉;:) လူ့သမိုင်း နှစ်ပေါင်း ၆,၀၀၀ ကြာပြီးတဲ့ နောက်မှာ အဲဒီအချက်က ပိုပြီးထင်ရှားလာတယ်။ လူ့အုပ်စိုးရှင်တွေဟာ စစ်၊ ရာဇဝတ်မှု၊ တရားမမျှတမှုနဲ့ ရောဂါတွေကို မဖယ်ရှားပေးနိုင်ခဲ့ကြပါဘူး။—ယေရမိ ၁၀:၂၃; ၂ ပေတရု ၃:၇-၉ တို့ကိုဖတ်ပါ။

ဘုရားသခင့်အုပ်ချုပ်မှုကို လက်ခံတဲ့သူတွေက အကျိုးကျေးဇူးတွေ ခံစားရမှာဖြစ်ပါတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) မကြာခင် လူ့အုပ်ချုပ်မှုမှန်သမျှ ဖယ်ရှားခံရပါတော့မယ်။ ဘုရားသခင့်အုပ်ချုပ်မှုကို လက်အောက်ခံတဲ့သူတွေပဲ ဒီကမ္ဘာမှာ နေထိုင်ရပါလိမ့်မယ်။—ဟေရှာယ ၁၁:။—ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။

၄။ ဘုရားသခင့်စိတ်ရှည်မှုကြောင့် ကျွန်ုပ်တို့ ဘာပြုလုပ်ခွင့်ရသလဲ။

လူသားတွေ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတာ ကိုယ်ကျိုးကြောင့်ဆိုပြီး စာတန် အခိုင်အမာပြောထားတယ်။ အဲဒီကလိမ်ကျတဲ့စကား မှားတယ်ဆိုတာ သင် သက်သေပြနိုင်ပါသလား။ သက်သေပြနိုင်ပါတယ်။ ဘုရားသခင့်အုပ်ချုပ်မှုနဲ့ လူ့အုပ်ချုပ်မှု ဘယ်အရာကို နှစ်သက်သလဲဆိုတာ ဘုရားသခင်ရဲ့စိတ်ရှည်မှုကြောင့် ကျွန်ုပ်တို့ ဖော်ပြခွင့်ရကြတယ်။ ကျွန်ုပ်တို့ရဲ့ဘဝလမ်းစဉ်က ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုကို ဖော်ပြမှာဖြစ်တယ်။—ယောဘ ၁:၈-၁၂; သုတ္တံ ၂၇:၁၁ တို့ကိုဖတ်ပါ။

၅။ ဘုရားသခင်ကို ကျွန်ုပ်တို့ရဲ့အုပ်စိုးရှင်အဖြစ် ဘယ်လိုရွေးချယ်နိုင်သလဲ။

ဘုရားသခင်ကို ကျွန်ုပ်တို့ရဲ့အုပ်စိုးရှင်အဖြစ် လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုက ဖော်ပြ

ကျမ်းစာအပေါ် အခြေခံတဲ့ ဝတ်ပြုရေးအမှန်ကို ရှာဖွေပြီး အဲဒီဝတ်ပြုရေးမှာ ပါဝင်ခြင်းအားဖြင့် ရွေးချယ်နိုင်ပါတယ်။ (ယောဟန် ၄:၂၃) ယေရှုလုပ်ခဲ့တဲ့အတိုင်း နိုင်ငံရေး၊ စစ်မှုနဲ့ ကင်းကင်းရှင်းရှင်း နေခြင်းအားဖြင့် စာတန်ရဲ့အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ပါတယ်။ယောဟန် ၁၇:၁၄ ကိုဖတ်ပါ။

စာတန်ဟာ သူ့ရဲ့အစွမ်းတန်ခိုးကို အသုံးပြုပြီး အကျင့်ယိုယွင်းမှုနဲ့ ဘေးဖြစ်စေတဲ့ အမူအကျင့်တွေကို အားပေးနေပါတယ်။ အဲဒီလိုအကျင့်ဆိုးတွေကို ကျွန်ုပ်တို့ ရှောင်ကြဉ်တဲ့အတွက် မိတ်ဆွေတချို့နဲ့ ဆွေမျိုးတချို့က ကဲ့ရဲ့နိုင်တယ် ဒါမှမဟုတ် ဆန့်ကျင်နိုင်ပါတယ်။ (၁ ပေတရု ၄:၃၊ ၄) ဒါကြောင့် ကျွန်ုပ်တို့ ရွေးချယ်ရတော့မှာဖြစ်တယ်။ တကယ်လို့ ဘုရားသခင်ကို ချစ်မြတ်နိုးသူတွေနဲ့ ပေါင်းသင်းဖို့၊ ဘုရားသခင်ရဲ့ ပညာရှိပြီး မေတ္တာပါတဲ့ ပညတ်တွေကို လိုက်လျှောက်ဖို့ ရွေးချယ်မယ်ဆိုရင် အခက်အခဲကြုံလာတဲ့အခါ ဘယ်သူမှ ဘုရားသခင်ပြောတဲ့အတိုင်း လုပ်မှာမဟုတ်ဘူးဆိုတဲ့ စာတန်ရဲ့လိမ်လည်မှုက မှားတယ်ဆိုတာ သက်သေထူနိုင်မှာဖြစ်တယ်။—၁ ကောရိန္သု ၆:၉၊ ၁၀; ၁၅:၃၃ ကိုဖတ်ပါ။

ဘုရားသခင်ဟာ လူသားတွေကိုချစ်တဲ့အတွက် မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးမယ်ဆိုပြီး အာမခံတယ်။ ဘုရားသခင်ရဲ့ကတိစကားကို ယုံကြည်ကြောင်း လုပ်ရပ်နဲ့ တင်ပြသူတွေဟာ ဒီကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ကြရမှာ ဖြစ်တယ်။—ယောဟန် ၃:၁၆ ကိုဖတ်ပါ။