အခန်း ၁ သတင်းကောင်းဆိုတာ ဘာလဲ ဖွင့်ပါ သတင်းကောင်းဆိုတာ ဘာလဲ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ၁။ ဘုရားသခင်ဆီကလာတဲ့ သတင်းက ဘာလဲ။ ဘုရားသခင်က လူတွေကို ဒီကမ္ဘာပေါ်မှာ ပျော်မွေ့စေချင်တယ်။ ကမ္ဘာအပါအဝင် အရာခပ်သိမ်းကို ကိုယ်တော်ဖန်ဆင်းခဲ့တာက လူတွေကို ချစ်လို့ဖြစ်တယ်။ မကြာခင် ကိုယ်တော်ဟာ လူတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ပြင်ဆင်ပေးပါတော့မယ်။ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားပေးပြီး လူတွေကို သက်သာရာရစေပါတော့မယ်။—ယေရမိ ၂၉:၁၁ ကိုဖတ်ပါ။ ဘယ်လူ့အုပ်ချုပ်မှုကမှ အကြမ်းဖက်မှု၊ ရောဂါနဲ့ သေခြင်းတို့ကို မဖယ်ရှားပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သတင်းကောင်းရှိပါတယ်။ မကြာခင် ဘုရားသခင်ဟာ လူ့အုပ်ချုပ်မှုအားလုံးရဲ့ နေရာကို မိမိရဲ့အုပ်ချုပ်မှုနဲ့ အစားထိုးတော့မှာ ဖြစ်တယ်။ ဘုရားသခင့် အုပ်ချုပ်မှုကို လက်အောက်ခံတဲ့သူတွေက ငြိမ်သက်အေးချမ်းပြီး ကျန်းမာနေပါလိမ့်မယ်။—ဟေရှာယ ၂၅:၈; ၃၃:၂၄; ဒံယေလ ၂:၄၄၊ ၄၅ တို့ကိုဖတ်ပါ။ ၂။ အခုချိန်မှာ သတင်းကောင်းကို ဘာကြောင့် အာရုံစိုက်သင့်သလဲ။ ဒီကမ္ဘာပေါ်ကနေ လူဆိုးတွေကို ဘုရားသခင် ဖယ်ရှားပြီးမှသာ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်ပါလိမ့်မယ်။ (ဇေဖနိ ၂:၃) ဘယ်တော့ အဆုံးတိုင်မှာလဲ။ အခု လူတွေကို ခြိမ်းခြောက်နေတဲ့ အခြေအနေတွေအကြောင်း ကျမ်းစာမှာ ကြိုပြောထားပါတယ်။ အခု ကမ္ဘာပေါ်မှာဖြစ်နေတဲ့အရာတွေက ဘုရားသခင် အရေးယူလုပ်ဆောင်မယ့်အချိန် နီးကပ်လာပြီဆိုတာ ဖော်ပြနေတယ်။—၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။ ၃။ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။ ကျမ်းစာမှာပါတဲ့ ဘုရားသခင်အကြောင်း လေ့လာသင့်ပါတယ်။ ကျမ်းစာဟာ မေတ္တာပြည့်ဝတဲ့ဖခင်တစ်ဦး ပေးလိုက်တဲ့ စာတစ်စောင်နဲ့တူတယ်။ အခုအချိန်မှာ ကောင်းမွန်တဲ့အသက်တာနဲ့ အနာဂတ်မှာ ထာဝရအသက်ကို ဘယ်လိုရနိုင်တယ် ဆိုတာတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ သင် အခုလို ကျမ်းစာပိုနားလည်အောင် လေ့လာနေတာကို တချို့လူတွေ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့အနာဂတ်ကို ကျွန်ုပ်တို့ ပိုင်ဆိုင်နိုင်တယ်ဆိုတာ ဘုရားသခင် ကတိပြုထားတဲ့အတွက် တခြားသူတွေကြောင့် မလေ့လာဘဲ မနေသင့်ပါဘူး။—သုတ္တံ ၂၉:၂၅; ဗျာဒိတ် ၁၄:၆၊ ၇ တို့ကိုဖတ်ပါ။ နောက်သို့ ရှေ့သို့ ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ ကျွန်တော်တို့အကြောင်း ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီး မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာကနေ ရရှိကြပါတယ်။ မိတ်ဆွေကော အဲဒီအဖြေတွေ သိချင်ပါသလား။ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ သတင်းကောင်းဆိုတာ ဘာလဲ လူမျိုးအားလုံးအတွက် သတင်းကောင်း သတင်းကောင်းဆိုတာ ဘာလဲ မြန်မာ လက်သင်္ကေတပြဘာသာစကား သတင်းကောင်းဆိုတာ ဘာလဲ https://cms-imgp.jw-cdn.org/img/p/1102012183/univ/art/1102012183_univ_sqr_xl.jpg fg အခန်း ၁