သမ္မာကျမ်းစာကို ဘယ်လိုရှုမြင်ပါသလဲ

သမ္မာကျမ်းစာကို ဘယ်လိုရှုမြင်ပါသလဲ

ဘယ်လို​ ပြော​မ​လဲ

  • လူ့ဉာဏ်​ပညာနဲ့ ရေးသားထားတဲ့ စာအုပ်။

  • ဒဏ္ဍာရီပုံပြင်​စာအုပ်။

  • ဘုရားသခင့် တရားစကားတော်။

ကျမ်းစာ​အဆို

‘ကျမ်းစာစောင်​အားလုံး​ဟာ ဘုရားသခင့် စွမ်းအားတော်​ရဲ့ လမ်းညွှန်မှု​နဲ့ ရေးသား​ထားတယ်။’ —၂ တိမောသေ ၃:၁၆ကမ္ဘာသစ် ဘာသာပြန်ကျမ်း။

သမ္မာ​ကျမ်းစာက​နေ ရရှိနိုင်​မယ့် အကျိုး​ကျေးဇူးများ

ဘဝနဲ့​ဆိုင်တဲ့ အရေးကြီး​မေးခွန်း​တွေအတွက် ကျေနပ်​လောက်တဲ့​အဖြေ။—ပညာအလိမ္မာ ၂:၁-၅

နေ့စဉ်​အသက်တာ​အတွက် ယုံကြည်​စိတ်ချရ​တဲ့ လမ်းညွှန်ချက်—ဆာလံ ၁၁၉:၁၀၅

အနာဂတ်အတွက် စစ်မှန်တဲ့​မျှော်လင့်ချက်။—ရောမ ၁၅:၄

ကျမ်းစာ​အဆို​ကို ယုံကြည်​စိတ်ချ​နိုင်​ပါသလား

စိတ်ချ​နိုင်တဲ့ အကြောင်းရင်း အနည်းဆုံး သုံးခုရှိပါတယ်–

  • အံ့သြဖွယ်ကောင်း​လောက်အောင် ရှေ့နောက်​ညီညွတ်မှု။ သမ္မာကျမ်းစာ​ကို နှစ်ပေါင်း ၁,၆၀​၀ ကျော်ကာ​လ​အတွင်းမှာ လူ​အ​ယောက် ၄၀ လောက်​က ရေးသားခဲ့တယ်။ သူတို့​ထဲက အများစုဟာ တစ်ယောက် နဲ့​တစ်ယောက် မတွေ့ဖူး​ကြဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမတော်​နဲ့ အုပ်ချုပ်​မှု​ဆိုတဲ့ အကြောင်းအရာ တစ်ခု​တည်းကို​ပဲ အဓိက​ရေးသားခြင်း​အားဖြင့် ကျမ်းစာ​တစ်အုပ်​လုံး​ဟာ ရှေ့နောက်​ညီညွတ်​ပါတယ်။

  • ရိုးသားတဲ့ ကျမ်း​ရေးသူတွေ။ သမိုင်း​ပညာရှင်တွေဟာ ကိုယ့်​လူမျိုးရဲ့ အောင်မြင်မှု​တွေကို​ပဲ ရေးသား​လေ့​ရှိ​ပါတယ်။ ဒါပေမဲ့​ သမ္မာကျမ်းစာ ရေးသားသူ​တွေကတော့ ကိုယ်တိုင်​နဲ့ ကိုယ့်​လူမျိုးရဲ့ အားနည်း​ချက်​တွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့​ကြပါ​တယ်။—၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆။ ဆာလံ ၅၁:၁-၄

  • ယုံကြည်​စိတ်ချရ​တဲ့ ကြိုဟောချက်​တွေ။​ ရှေးခေတ်​ဗာဗုလုန်မြို့​ကြီး ပျက်စီး​မယ့်​အကြောင်း​ သမ္မာ​ကျမ်းစာက နှစ်ပေါင်း​ ၂၀၀ ကြိုတင်ဟော​ခဲ့တယ်။ (မိက္ခာ ၅:၂) ဗာဗုလုန်မြို့​ကြီး ဘယ်​ပုံ​ဘယ်​နည်းနဲ့ ကျဆုံးသွား​မယ်ဆို​တဲ့အပြင် အောင်နိုင်သူ​ရဲ့ နာမည်ကို​တောင် ကြိုတင်​ဖော်ပြခဲ့တယ်။—မဿဲ ၂:၁-၆

    ကျမ်းစာ​ကြိုဟောချက် အတော်များများ​ဟာ အသေးစိတ်​က​အစ ပြည့်စုံ​ခဲ့တယ်။ ဒီ​အချက်​က သမ္မာကျမ်းစာ​ကို ဘုရားသခင်ရဲ့ လမ်းညွှန်မှု​နဲ့ ရေးသား​ထားတယ်​ဆိုတာ ယုံကြည်​စိတ်ချ​စေ​ပါတယ်။—၂ ပေတရု ၁:၂၁

စဉ်းစားကြည့်ပါ

သမ္မာ​ကျမ်းစာက သင့်​ဘဝအတွက် ဘယ်လို​ အကျိုး​ဖြစ်စေ​နိုင်သလဲ။

အဲဒီ​မေးခွန်း​အတွက် ကျမ်းစာအဖြေ​ကို ဟေရှာယ ၄၈:၁၇၊ ၁၈ နဲ့ ၂ တိမောသေ ၃:၁၆၊ ၁၇ တို့​မှာ ဖတ်ကြည့်ပါ။