ငါနဲ့ ရင်းနှီးနေပါ

ငါနဲ့ ရင်းနှီးနေပါ
  1. ၁။ အမှန်တရား မသိခင်

    လမ်းတွေပျောက်၊ စိတ်တွေ ထင်တိုင်း မျောလွင့်၊ လေလွင့်

    ကိုယ်တော်ရောက်လာ တို့ဘဝထဲ

    အားငယ်ချိန်တိုင်း မြဲ အားကိုးဖော်

    ကိုယ်တော်သာ လမ်းပြနှစ်သိမ့်ပေး

    လိုအပ်သမျှ ဖြည့်ဆည်းလို့ပေး

    (ထပ်ကျော့ပိုဒ်)

    “လာပါ၊ ငါ့နားလာပါ၊” ဘုရားခေါ်နေ

    “ငါလည်း မင်းနားလာမယ်

    ငါတွေ့နေတဲ့ မင်း ကောင်းကွက်

    ကူညီမယ် မင်းလည်း မြင်ဖို့

    ငါနဲ့ ရင်းနှီးနေပါ”

  2. ၂။ တစ်ချိန်က အမှားကြောင့်လေ

    တွေးမိတိုင်း ကိုယ့်ကို ခွင့်လွှတ်ဖို့ သိပ်ခက်နေဆဲ

    ရင်မှာ ပြစ်တင်နေဆဲမို့

    ဘုရားကူညီပေးဖို့ တောင်းပန်မိ

    ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပေး

    ခွန်အားနဲ့ မျှော်လင့်ချက်ပေး

    (ထပ်ကျော့ပိုဒ်)

    “လာပါ၊ ငါ့နားလာပါ၊” ဘုရားခေါ်နေ

    “ငါလည်း မင်းနားလာမယ်

    ငါတွေ့နေတဲ့ မင်း ကောင်းကွက်

    ကူညီမယ် မင်းလည်း မြင်ဖို့

    ငါနဲ့ ရင်းနှီးနေပါ”

    (ဆက်ဆိုရန်)

    ကိုယ်တော်အကြောင်း ငါမသိသေးလည်း

    ငါ့ကို သူသိမြင်တယ်

    ပြန်လည်ဖြေကြား ငါ့ဆုတောင်းသံ

    ငါ့ဘုရား ထာဝစဉ်ပဲ

    (ထပ်ကျော့ပိုဒ်)

    “လာပါ၊ ငါ့နားလာပါ၊” ဘုရားခေါ်နေ

    “ငါလည်း မင်းနားလာမယ်

    ငါတွေ့နေတဲ့ မင်း ကောင်းကွက်

    ကူညီမယ် မင်းလည်း မြင်ဖို့

    ငါနဲ့ ရင်းနှီးနေပါ။”