စည်းလုံးတဲ့လူမျိုး

စည်းလုံးတဲ့လူမျိုး

ကူးယူပါ။

  1. ၁။ မှောင်ဖုံး တိမ်ညိုများ လွှမ်းနေ

    တို့ ကြိုတွေ့မြင် ပုံရိပ်များ

    မုန်တိုင်းလို နှိပ်စက်ညှဉ်းပန်းမှု

    တို့ ကြုံတွေ့နေ နှစ်များစွာ

    ခက်ခဲမှု ရဲရဲ ရင်ဆိုင်မယ်

    ရှင်ယေဟောဝါ ထောက်မပေး

    ရင်ဆိုင် လက်နက်များ ဝိုင်းရံလည်း

    ဘယ်ခါမှ ငါတို့ မကြောက်

    (ထပ်ကျော့ပိုဒ်)

    တည်ကြည်စည်းလုံးတဲ့ လူမျိုးပါ

    နေရာတိုင်းက လာလည်းပဲ

    အခိုင်အမာ လက်တွဲပြီး ခံရပ်ကြမှာ

    ရှင်ယေဟောဝါ မြဲမြံစေ

    ရှင်ယေဟောဝါ မြဲမြံစေ

  2. ၂။ စိတ်အေးစွာ မျှော်လင့်ကိုးစားနေ

    ရှင်ယေဟောဝါ မြင့်ဆုံးပဲ

    ကယ်နုတ်ရှင် ဘုရားပဲလေ

    မြဲမြံမေတ္တာ မကုန်ဆုံးပေ

    ဘယ်တော့မှ စွန့်ပစ် ထွက်မသွား

    ကူညီပေး စွမ်းအားတော်နဲ့

    ရန်သူများ တိုက်ခိုက် မစွမ်းနိုင်ပါ

    ရှင်ယေဟောဝါ ငါတို့ဘုရား

    (ထပ်ကျော့ပိုဒ်)

    တည်ကြည်စည်းလုံးတဲ့ လူမျိုးပါ

    နေရာတိုင်းက လာလည်းပဲ

    အခိုင်အမာ လက်တွဲပြီး ခံရပ်ကြမှာ

    ရှင်ယေဟောဝါ မြဲမြံစေ

    (ဆက်ဆိုရန်)

    ခိုင်မာစွာ လက်တွဲကြ

    မကြောက်တမ်း ရင်ဆိုင်ကြစို့

    ရှင်သန်နေ နှလုံးသား မေတ္တာ

    ကိုယ်တော်ဆီ ဆက်သထားကြ

    (ထပ်ကျော့ပိုဒ်)

    တည်ကြည်စည်းလုံးတဲ့ လူမျိုးပါ

    နေရာတိုင်းက လာလည်းပဲ

    အခိုင်အမာ လက်တွဲပြီး ခံရပ်ကြမှာ

    ရှင်ယေဟောဝါ မြဲမြံစေ

    ရှင်ယေဟောဝါ မြဲမြံစေ