မြင်ယောင်နေပါ ဖွင့်ပါ မြင်ယောင်နေပါ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ကူးယူပါ– ဂီတသင်္ကေတဖြင့် ၁။ ဘဝက သိပ်ခက်ခဲ ပင်ပန်းတယ် တို့ နွမ်းလျလို့ စိတ်ပင်ပန်းချိန် ဒီမျက်လုံးမှိတ် တွေးမြင်ကြည့်လိုက် အို မျှော်လင့်ချက် ဖြစ်လာမှာပဲ။ (ထပ်ကျော့ပိုဒ်) မြင်ယောင်ပါကွာ၊ ဒုက္ခတွေ ကွယ်ပျောက်လို့ ဘဝ သိပ်လှ တို့ နုပျိုလာမယ့်နေ့ ရွှေရောင်နံနက်ခင်းလင်းချိန် တို့နိုးလာပြီး “ကျေးဇူး၊ ကျေးဇူးပဲနော်” ပြောမယ်၊ တို့ရဲ့ ရင်ထဲက။ ၂။ မကြားခဲ့ဖူးပါကွယ် အသံများရယ် ခု ဝိုးတဝါးလေးပဲ မြင်ရတယ် သံစဉ်လေးများ ကြားနိုင်တော့မယ် ရွှေရောင်နေ့သစ် တွေ့မြင်နိုင်မယ်။ (ထပ်ကျော့ပိုဒ်) မြင်ယောင်ပါကွာ၊ ဒုက္ခတွေ ကွယ်ပျောက်လို့ ဘဝ သိပ်လှ တို့ နုပျိုလာမယ့်နေ့ ရွှေရောင်နံနက်ခင်းလင်းချိန် တို့နိုးလာပြီး “ကျေးဇူး၊ ကျေးဇူးပဲနော်” ပြောမယ်၊ တို့ရဲ့ ရင်ထဲက။ (ဆက်ဆိုရန်) စိတ်သွားတိုင်း မလိုက်နိုင်လို့ ကြေကွဲလည်း မကြာတော့ဘူး ပြေးလွှားနိုင်မှာပဲ။ (ထပ်ကျော့ပိုဒ်) မြင်ယောင်ပါကွာ၊ ဒုက္ခတွေ ကွယ်ပျောက်လို့ ဘဝ သိပ်လှ တို့ နုပျိုလာမယ့်နေ့ ရွှေရောင်နံနက်ခင်းလင်းချိန် ပျော်ကာ မြူးပြီပဲ နေ့တိုင်းပဲ တို့ စိတ်မှာ ကြည်နူးမဆုံး။ (ထပ်ကျော့ပိုဒ်) မြင်ယောင်ပါကွာ၊ ဒုက္ခတွေ ကွယ်ပျောက်လို့ ဘဝ သိပ်လှ တို့ နုပျိုလာမယ့်နေ့ တွေးကြည့်လိုက်ပေါ့ နေ့သစ်တိုင်း အင်အားသစ်နဲ့ “ကျေးဇူး၊ ကျေးဇူးပဲနော်” ရင်မှာ အမြဲ။ နောက်သို့ ရှေ့သို့ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ မြင်ယောင်နေပါ မူရင်းသီချင်းများ မြင်ယောင်နေပါ မြန်မာ လက်သင်္ကေတပြဘာသာစကား မြင်ယောင်နေပါ https://cms-imgp.jw-cdn.org/img/p/1014272/univ/art/1014272_univ_sqr_xl.jpg