ယေဟောဝါ အတူရှိ

ယေဟောဝါ အတူရှိ
  1. ၁။ မနက်လင်းတော့ ဒီနေ့တွက် စာဖတ်ပြီး ဆုတောင်း

    ပြင်ဆင်ကာ အစာစားပြီးတော့ အလုပ်သွားနေစဉ်

    မဟောပြောဖို့ တားထားလည်း ငါဟောပြောမှာပဲ

    လူ့စကားထက် ဘုရားစကား ငါနားထောင်မယ်

    (ထပ်ကျော့ပိုဒ်)

    လေပြည်လေညင်းလေးလို ငါ့စိတ်ထဲ အေးချမ်းမှု တိုက်ခတ်နေ

    ဘာကြောင့်မို့ ကြောက်ရမှာလဲ၊ ဘုရား ရှိတာပဲ

    ဘာကြောင့်မို့ ကြောက်ရမှာလဲ၊ ဘုရား ရှိတာပဲ

  2. ၂။ အိမ်ကို ပြန်လာကာ ငါ စဉ်းစားကြည့်လိုက်တော့

    ဒီလူ ရင်မှာ သောကတို့ ဖုံးလွှမ်းနေတာ

    ပြန်ဆုံချင်ပါတယ် ငါ အမှန်တရား ဟောဖို့

    သူ့ဘဝလေး စိတ်အေးရဖို့ အမှန်တရား လိုတာ

    (ထပ်ကျော့ပိုဒ်)

    လေပြည်လေညင်းလေးလို ငါ့စိတ်ထဲ အေးချမ်းမှု တိုက်ခတ်နေ

    ဘာကြောင့်မို့ ကြောက်ရမှာလဲ၊ ဘုရား ရှိတာပဲ

    ဘာကြောင့်မို့ ကြောက်ရမှာလဲ၊ ဘုရား ရှိတာပဲ

    (ဆက်ဆိုရန်)

    ကိုယ်တော့်တရားစကား ဒီရင်မှာ လောင်နေ

    ယေဟောဝါနာမ အားလုံး ကြားဖို့

    တတ်စွမ်းသလောက် ငါကြိုးစားဟောဖို့

    စိတ်ပိုင်းဖြတ်ထား၊ အဆုံးထိတိုင် ငါခံရပ်သွား

    အရပ်ရပ်က ဘုရားကျေးကျွန်အားလုံးအတိုင်းပဲ

    ငါဆက်တိုက်ခိုက်ရင်း၊ မြဲမြဲ ရပ်ရင်း

    ဘုရားပေးမယ့် ကောင်းချီးတွေ စဉ်းစားရင်းနဲ့

    ဇွဲမလျှော့နဲ့ အားတင်း၊ ဆက်ဟောနေမှာ

  3. ၃။ ဒီလိုနဲ့ အိမ်ပြန်ကာ တွေးကြည့်လိုက်တော့

    ကိုယ်တော်ရယ် ကျေးဇူးပဲ၊ ကျေးဇူးတင်တယ်

    မသေချာ မရေရာ၊ နောက်နေ့တွေလည်း

    ဘုရားဘေးနားရှိလို့ မကြောက်တော့ပါ

    (ထပ်ကျော့ပိုဒ်)

    လေပြည်လေညင်းလေးလို ငါ့စိတ်ထဲ အေးချမ်းမှု တိုက်ခတ်နေ

    ဘာကြောင့်မို့ ကြောက်ရမှာလဲ၊ ဘုရား ရှိတာပဲ

    ဘာကြောင့်မို့ ကြောက်ရမှာလဲ၊ ဘုရား ရှိတာပဲ။