ပိုမိုကောင်းမွန်တဲ့အချိန်က လက်တစ်ကမ်းမှာ ဖွင့်ပါ ပိုမိုကောင်းမွန်တဲ့အချိန်က လက်တစ်ကမ်းမှာ ဝမ်းနည်းပါတယ်၊ media player မဖွင့်နိုင်ပါ။ ဒီဗီဒီယိုကို ကူးယူ စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ ပိုမိုကောင်းမွန်တဲ့အချိန်က လက်တစ်ကမ်းမှာ “ခဏကြာပြီးမှ မတရားသောသူမရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁။ အထက်ပါ ကျမ်းစာကြိုဟောချက် အမှန်တကယ် ဖြစ်လာမှာကို တွေ့ချင်ပါသလား။ တွေ့ချင်မှာ သေချာပါတယ်။ မကြာခင် အဲဒီကြိုဟောချက် ဖြစ်ပျက်လာတော့မယ်ဆိုတာကို ယုံကြည်ဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေ ရှိပါတယ်။ ကျွန်ုပ်တို့ဟာ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ညွှန်ပြပေးတဲ့ ကျမ်းစာကြိုဟောချက်တချို့ကို ရှေ့ဆောင်းပါးတွေမှာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ (၂ တိမောသေ ၃:၁-၅) မျှော်လင့်ခြင်းအခွင့်ကို ကျွန်ုပ်တို့ရရှိနိုင်အောင် အဲဒီကြိုဟောချက်တွေအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ဖို့ ကျမ်းရေးသူတွေကို ဘုရားသခင် လမ်းညွှန်ပေးခဲ့တယ်။ (ရောမ ၁၅:၄) အဲဒီကြိုဟောချက်တွေ ပြည့်စုံနေတာက အခု ကျွန်ုပ်တို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ မကြာခင် အဆုံးတိုင်တော့မယ်ဆိုတာကို ဖော်ပြပါတယ်။ နောက်ဆုံးသောနေ့ရက်တွေ ကုန်လွန်ပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်လာဦးမလဲ။ ဘုရားသခင့်နိုင်ငံတော်က လူသားတွေကို အုပ်ချုပ်မှာဖြစ်တယ်။ (မဿဲ ၆:၉၊ ၁၀) အဲဒီအချိန်ရောက်ရင် မြေကြီးပေါ် ဖြစ်ပျက်မယ့် အခြေအနေတွေအကြောင်း ကျမ်းစာဖော်ပြချက်ကို သုံးသပ်ကြည့်ရအောင်– ● အငတ်ဘေး မရှိတော့ဘူး။ ‘ပြည်တော် [“မြေကြီး၊” ကဘ] ၌ များစွာသောစပါးရှိ၍ အသီးအနှံသည် တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။’—ဆာလံ ၇၂:၁၆။ ● ရောဂါတွေ မရှိတော့ဘူး။ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄။ ● ကမ္ဘာမြေကြီးက အသစ်ပြုပြင်ခံရမယ်။ “တောနှင့်သွေ့ခြောက်သောမြေသည် ဝမ်းမြောက်လိမ့်မည်။ သဲကန္တာရလည်း ရွှင်လန်း၍ အပွင့်ပွင့်လိမ့်မည်။”—ဟေရှာယ ၃၅:၁၊ သမ္မာ။ ဒါတွေက မကြာခင် ပြည့်စုံလာတော့မယ့် အားရှိစရာ ကျမ်းစာကြိုဟောချက် အနည်းငယ်ပဲဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အချိန် ရောက်လာဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်ဆိုတာကို ယေဟောဝါသက်သေတွေ ဘာကြောင့် ယုံကြည်ရသလဲဆိုတာ မေးမြန်းကြည့်ပါလေ။ နောက်သို့ ရှေ့သို့ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ပိုမိုကောင်းမွန်တဲ့အချိန်က လက်တစ်ကမ်းမှာ ကင်းမျှော်စင် ပိုမိုကောင်းမွန်တဲ့အချိန်က လက်တစ်ကမ်းမှာ မြန်မာ လက်သင်္ကေတပြဘာသာစကား ပိုမိုကောင်းမွန်တဲ့အချိန်က လက်တစ်ကမ်းမှာ https://assetsnffrgf-a.akamaihd.net/assets/ct/1add6d1d93/images/syn_placeholder_sqr.png က၁၁ ၅/၁