ကမ္ဘာဦး ၄:၁-၂၆

 အာဒံက ဇနီးဧဝနဲ့အတူအိပ်တော့ ဧဝမှာ ကိုယ်ဝန်ရှိလာတယ်။+ ကာအိနကို+ မွေးတဲ့အခါ ဧဝက “ယေဟောဝါဘုရားရဲ့ အကူအညီနဲ့ သားလေးမွေးပြီ” လို့ပြောတယ်။ ၂  နောက်တော့ ညီအာဗေလကို+ မွေးတယ်။ အာဗေလဟာ သိုးထိန်း၊ ကာအိနဟာ ထွန်ယက်စိုက်ပျိုးသူ ဖြစ်လာတယ်။ ၃  အချိန်အတော်ကြာပြီးနောက်မှာ ကာအိနက ယေဟောဝါဆီ ပူဇော်ဖို့ သီးနှံတချို့ ယူလာတယ်။ ၄  အာဗေလလည်း သိုးအုပ်ထဲက သားဦးတချို့နဲ့+ သိုးအဆီကို ယူလာတယ်။ ယေဟောဝါက အာဗေလနဲ့ သူပူဇော်တဲ့ အလှူကို နှစ်သက်ပေမဲ့၊+ ၅  ကာအိနနဲ့ သူပူဇော်တဲ့ အလှူကိုတော့ မနှစ်သက်ဘူး။ ဒါကြောင့် ကာအိန အရမ်းဒေါသထွက်ပြီး မျက်နှာပျက်သွားတယ်။ ၆  ဒါနဲ့ ယေဟောဝါက ကာအိနကို “ဘာလို့ ဒီလောက်တောင် ဒေါသထွက်ပြီး မျက်နှာပျက်နေရတာလဲ။ ၇  မင်းသာ အခုကစပြီး ကောင်းတာလုပ်မယ်ဆိုရင် မျက်နှာသာပြန်ရမှာပဲ။ ကောင်းတာမလုပ်ရင်တော့ အပြစ်က မင်းကို ခုန်အုပ်ချင်လို့ တံခါးဝမှာ ချောင်းနေတယ်။ အပြစ်ကို မင်း အနိုင်ယူလိုက်ပါ” လို့ပြောတယ်။ ၈  အဲဒီနောက် ကာအိနက ညီအာဗေလကို “လယ်ထဲ သွားရအောင်” လို့ပြောတယ်။ လယ်ထဲရောက်တဲ့အခါ ကာအိနက ညီအာဗေလကို ရန်ရှာပြီး သတ်လိုက်တယ်။+ ၉  နောက်တော့ ယေဟောဝါက “မင်းရဲ့ညီအာဗေလ ဘယ်မှာလဲ” လို့မေးတဲ့အခါ ကာအိနက “ဘယ်သိမလဲ။ ကျွန်တော်က သူ့ရဲ့အုပ်ထိန်းသူမှ မဟုတ်တာ” လို့ဖြေတယ်။ ၁၀  ဘုရားသခင်က “မင်း ဘယ်လိုလုပ်လိုက်တာလဲ။ မင်းညီရဲ့သွေးက မြေကြီးထဲကနေ ငါ့ကို အော်ဟစ်နေပြီ။+ ၁၁  အခု မင်း ကျိန်စာသင့်ပြီ။ မင်းသတ်ခဲ့တဲ့ ညီရဲ့သွေးကို+ သောက်လိုက်တဲ့ မြေပေါ်ကနေ နှင်ထုတ်ခံရပြီ။ ၁၂  မြေကို မင်း ထွန်ယက်စိုက်ပျိုးတဲ့အခါ သီးနှံဖြစ်ထွန်းမှာ မဟုတ်ဘူး။ မြေပေါ်မှာ လှည့်လည်သွားလာနေရတဲ့ ဝရမ်းပြေးဖြစ်လိမ့်မယ်” လို့ပြောတယ်။ ၁၃  ကာအိနက ယေဟောဝါကို “ကိုယ်တော်ပေးတဲ့ အပြစ်ဒဏ်ဟာ ပြင်းထန်လွန်းပါတယ်။ ၁၄  ဒီနေ့၊ ကျွန်တော့်ကို ဒီအရပ်ကနေ ကိုယ်တော် နှင်ထုတ်လိုက်ပြီ။ ရှေ့တော်ကနေ ထွက်သွားရတော့မယ်။ မြေပေါ်မှာ လှည့်လည်သွားလာတဲ့ ဝရမ်းပြေးဖြစ်ရတော့မယ်။ တွေ့တဲ့သူတိုင်း ကျွန်တော့်ကို သတ်တော့မှာပေါ့” လို့ပြောတယ်။ ၁၅  ဒါကြောင့် ယေဟောဝါက “ကာအိနကို သတ်တဲ့သူဟာ ခုနစ်ဆ လက်စားချေခံရမယ်” လို့ပြောတယ်။ ကာအိနကို ဘယ်သူမှ မသတ်ရအောင် အမှတ်အသားတစ်ခု ယေဟောဝါ ပေးလိုက်တယ်။ ၁၆  ကာအိနက ယေဟောဝါရှေ့ကနေ ထွက်သွားပြီး ဧဒင်ဥယျာဉ်အရှေ့ဘက်+ နယ်နှင်ခံတွေရဲ့နယ်မြေမှာ နေထိုင်တယ်။ ၁၇  ကာအိနဟာ ဇနီးနဲ့အတူအိပ်တော့+ ဇနီးမှာ ကိုယ်ဝန်ရှိလာပြီး ဧနောက်ကို မွေးတယ်။ ကာအိနက မြို့တစ်မြို့တည်ပြီး အဲဒီမြို့ကို သားဧနောက်နာမည်နဲ့ မှည့်တယ်။ ၁၈  နောက်ပိုင်းမှာ ဧနောက်က သားအိရတ်ကို ရတယ်။ အိရတ်ရဲ့သားက မဟုယေလ၊ မဟုယေလရဲ့သားက မသုရှေလ၊ မသုရှေလရဲ့သားက လာမက်ဖြစ်တယ်။ ၁၉  လာမက်မှာ ဇနီးနှစ်ယောက် ရှိတယ်။ တစ်ယောက်က အေဒါ၊ နောက်တစ်ယောက်က ဇိလ။ ၂၀  အေဒါက သားယာဗလကို မွေးတယ်။ ယာဗလဟာ တဲထိုးနေထိုင်ရင်း တိရစ္ဆာန်မွေးမြူသူတွေရဲ့ ဖခင်ကြီးပဲ။ ၂၁  သူ့ညီယုဗလကတော့ စောင်း၊ ပလွေတီးမှုတ်သူတွေရဲ့ ဖခင်ကြီးပဲ။ ၂၂  ဇိလလည်း သားတုဗလကာအိနကို မွေးတယ်။ တုဗလကာအိနဟာ ကြေးထည်နဲ့ သံထည်အမျိုးမျိုး ထုလုပ်သူပဲ။ သူ့နှမက နေမဖြစ်တယ်။ ၂၃  နောက်တော့ လာမက်က ဇနီးအေဒါနဲ့ ဇိလအတွက် ကဗျာတစ်ပုဒ် စပ်တယ်– “လာမက်ဇနီးတို့၊ နားထောင်ကြ၊ငါ့စကားကို နားစိုက်ကြ၊ ငါ့ကိုရိုက်တဲ့ လူငယ်လေး၊ ငါသတ်လိုက်တယ်ဟေ့။ ၂၄  ကာအိနကို သတ်မိရင် ကလဲ့စား ခုနစ်ဆ ခံရမတဲ့။+ဒီလာမက်ကို သတ်မိရင် ခံပေတော့ ကလဲ့စား ၇၇ ဆ။” ၂၅  အာဒံဟာ ဇနီးဧဝနဲ့အတူအိပ်တော့ ဧဝက သားတစ်ယောက် ထပ်မွေးတယ်။ ဒါနဲ့ “အာဗေလကို ကာအိန သတ်လိုက်လို့+ အာဗေလအစား နောက်ထပ်မျိုးနွယ်ကို ငါ့အတွက် ဘုရားသခင် ခန့်လိုက်ပြီ” လို့ပြောပြီး ရှေသ*+ လို့နာမည်ပေးတယ်။ ၂၆  ရှေသလည်း သားတစ်ယောက်ရပြီး ဧနုတ်လို့+ နာမည်ပေးတယ်။ အဲဒီအချိန်မှာ ယေဟောဝါရဲ့ နာမည်ကို လူတွေ ခေါ်စပြုကြပြီ။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ခန့်အပ်ခံရသူ၊ ခန့်အပ်ခြင်း။”