ကမ္ဘာဦး ၅:၁-၃၂

  • အာဒံကနေ နောဧအထိ (၁-၃၂)

    • အာဒံ သားသမီးရ ()

    • ဘုရားလမ်းစဉ်အတိုင်း လိုက်လျှောက်သူ ဧနောက် (၂၁-၂၄)

 အာဒံရဲ့ သမိုင်းမှတ်တမ်းကတော့– ဘုရားသခင်က အာဒံကို ဖန်ဆင်းတဲ့နေ့မှာ မိမိနဲ့တူအောင် ဖန်ဆင်းတယ်။+ ၂  ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းတယ်။+ ဖန်ဆင်းတဲ့နေ့မှာ+ သူတို့ကို ကောင်းချီးပေးပြီး “လူ” ဆိုတဲ့ နာမည်ပေးလိုက်တယ်။ ၃  အာဒံဟာ အသက် ၁၃၀ မှာ သူနဲ့တူတဲ့ သားတစ်ယောက် ရတယ်။ အဲဒီသားကို ရှေသလို့+ နာမည်ပေးတယ်။ ၄  ရှေသကို ရပြီးနောက် အနှစ် ၈၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၅  အသက် ၉၃၀ မှာ အာဒံ သေဆုံးသွားတယ်။+ ၆  ရှေသဟာ အသက် ၁၀၅ နှစ်မှာ သားဧနုတ်ကို+ ရတယ်။ ၇  ဧနုတ်ကို ရပြီးနောက် ၈၀၇ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၈  အသက် ၉၁၂ နှစ်မှာ ရှေသ သေဆုံးသွားတယ်။ ၉  ဧနုတ်ဟာ အသက် ၉၀ မှာ သားကေနန်ကို ရတယ်။ ၁၀  ကေနန်ကို ရပြီးနောက် ၈၁၅ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၁၁  အသက် ၉၀၅ နှစ်မှာ ဧနုတ် သေဆုံးသွားတယ်။ ၁၂  ကေနန်ဟာ အသက် ၇၀ မှာ သားမဟာလေလကို ရတယ်။+ ၁၃  မဟာလေလကို ရပြီးနောက် အနှစ် ၈၄၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၁၄  အသက် ၉၁၀ မှာ ကေနန် သေဆုံးသွားတယ်။ ၁၅  မဟာလေလဟာ အသက် ၆၅ နှစ်မှာ သားယာရက်ကို ရတယ်။+ ၁၆  ယာရက်ကို ရပြီးနောက် အနှစ် ၈၃၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၁၇  အသက် ၈၉၅ နှစ်မှာ မဟာလေလ သေဆုံးသွားတယ်။ ၁၈  ယာရက်ဟာ အသက် ၁၆၂ နှစ်မှာ သားဧနောက်ကို ရတယ်။+ ၁၉  ဧနောက်ကိုရပြီးနောက် အနှစ် ၈၀၀ အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၂၀  အသက် ၉၆၂ နှစ်မှာ ယာရက် သေဆုံးသွားတယ်။ ၂၁  ဧနောက်ဟာ အသက် ၆၅ နှစ်မှာ သားမသုရှလကို ရတယ်။+ ၂၂  မသုရှလကို ရပြီးနောက် စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း အနှစ် ၃၀၀ ဆက်လျှောက်လှမ်းတယ်။ တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၂၃  ဧနောက်ဟာ ၃၆၅ နှစ် အသက်ရှင်တယ်။ ၂၄  ဧနောက်ဟာ စစ်မှန်တဲ့ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း ဆက်လျှောက်လှမ်းတယ်။+ အဲဒီနောက် သူ့ကို ဘုရားသခင်သိမ်းယူတဲ့အတွက် နောက်ထပ်မတွေ့ရတော့ဘူး။+ ၂၅  မသုရှလဟာ အသက် ၁၈၇ နှစ်မှာ သားလာမက်ကို ရတယ်။+ ၂၆  လာမက်ကို ရပြီးနောက် ၇၈၂ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၂၇  အသက် ၉၆၉ နှစ်မှာ မသုရှလ သေဆုံးသွားတယ်။ ၂၈  လာမက်ဟာ အသက် ၁၈၂ နှစ်မှာ သားတစ်ယောက် ရတယ်။ ၂၉  “ယေဟောဝါဘုရား ကျိန်လိုက်တဲ့မြေပေါ်မှာ ပင်ပင်ပန်းပန်း အလုပ်ကြမ်းလုပ်ရတဲ့ ငါတို့ကို ဒီသားက စိတ်သက်သာရာရစေမှာပဲ”+ ဆိုပြီး သားကို နောဧ*+ လို့နာမည်ပေးတယ်။ ၃၀  လာမက်ဟာ နောဧကို ရပြီးနောက် ၅၉၅ နှစ် အသက်ရှင်ပြီး တခြားသားသမီးတွေကိုလည်း ရသေးတယ်။ ၃၁  အသက် ၇၇၇ နှစ်မှာ လာမက် သေဆုံးသွားတယ်။ ၃၂  နောဧဟာ အသက် ၅၀၀ မှာ သားရှေမ၊+ ဟာမ၊+ ယာဖက်+ တို့ကိုရတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “သက်သာရာရစေသူ” ဖြစ်နိုင်။