ကမ္ဘာဦး ၈:၁-၂၂

  • လွှမ်းမိုးတဲ့ရေ လျော့ကျသွား (၁-၁၄)

    • ချိုးငှက်တစ်ကောင် လွှတ် (၈-၁၂)

  • သင်္ဘောထဲက ထွက် (၁၅-၁၉)

  • ကမ္ဘာနဲ့ပတ်သက်တဲ့ ဘုရားရဲ့ကတိ (၂၀-၂၂)

 ဘုရားသခင်က နောဧနဲ့ သင်္ဘောထဲက သားယဉ်တွေ၊ သားရဲတွေကို သတိရတယ်။+ ဒါနဲ့ မြေပေါ်မှာ လေတိုက်စေတဲ့အတွက် ရေတွေ စပြီးလျော့ကျလာတယ်။ ၂  ကောင်းကင်မှာရှိတဲ့ ရေထုကြီးနဲ့ ကောင်းကင်ရေတံခါးတွေ ပိတ်သွားတဲ့အတွက် မိုးစဲသွားတယ်။+ ၃  ရေတွေ တဖြည်းဖြည်းလျော့လာပြီး ရက်ပေါင်း ၁၅၀ စေ့တဲ့အခါ အတော်လေး ကျသွားတယ်။ ၄  ခုနစ်လပိုင်း၊ ၁၇ ရက်နေ့မှာ သင်္ဘောက အာရရတ်တောင်ပေါ်မှာ တင်သွားတယ်။ ၅  ဆယ်လပိုင်းအထိ ရေပုံမှန်လျော့ကျလာတယ်။ ဆယ်လပိုင်း၊ တစ်ရက်နေ့မှာ တောင်ထိပ်တွေ ပေါ်လာတယ်။+ ၆  ရက် ၄၀ စေ့ပြီးနောက် နောဧက သင်္ဘောပြတင်းပေါက်ကို ဖွင့်ပြီး၊+ ၇  ကျီးနက်တစ်ကောင် လွှတ်လိုက်တဲ့အခါ ကျီးနက်ဟာ မြေပေါ်မှာ ရေခန်းခြောက်သွားချိန်အထိ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေတယ်။ ၈  အဲဒီနောက် ရေတွေကျမကျ သိနိုင်ဖို့ ချိုးငှက်တစ်ကောင် လွှတ်လိုက်တယ်။ ၉  မြေတစ်ပြင်လုံး ရေဖုံးလွှမ်းနေသေးလို့+ ချိုးငှက်ဟာ နားစရာနေရာမတွေ့ဘဲ နောဧရှိရာ သင်္ဘောဆီ ပြန်လာတယ်။ ဒါကြောင့် နောဧက ချိုးငှက်ကိုယူပြီး သင်္ဘောထဲ ပြန်သွင်းတယ်။ ၁၀  နောက်ထပ်ခုနစ်ရက် စောင့်ပြီးနောက် ချိုးငှက်ကို သင်္ဘောထဲကနေ လွှတ်လိုက်ပြန်တယ်။ ၁၁  ညဦးပိုင်းမှာ ချိုးငှက်ပြန်လာတဲ့အခါ သံလွင်ရွက်စိမ်း ကိုက်ချီလာတာကို တွေ့တော့ ရေကျနေပြီဆိုတာ နောဧသိသွားတယ်။+ ၁၂  ခုနစ်ရက်စောင့်ပြီးနောက် ထပ်လွှတ်တဲ့အခါ ချိုးငှက် ပြန်မလာတော့ဘူး။ ၁၃  နောဧ အသက် ၆၀၁ နှစ်ပြည့်တဲ့နှစ်၊+ ပထမလ၊ တစ်ရက်နေ့မှာ ရေတွေခန်းသွားတယ်။ သင်္ဘောအမိုးကို နောဧ ဖွင့်ကြည့်လိုက်တော့ မြေပြင်ခြောက်သွေ့လာတာကို တွေ့ရတယ်။ ၁၄  ဒုတိယလ၊ ၂၇ ရက်နေ့မှာ မြေကြီးဟာ လုံးဝခြောက်သွေ့သွားပြီ။ ၁၅  အဲဒီအခါ ဘုရားသခင်က နောဧကို၊ ၁၆  “မင်းရဲ့ သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲက ထွက်လာကြ။+ ၁၇  ပျံတတ်တဲ့သတ္တဝါတွေ၊ တိရစ္ဆာန်တွေ၊ တွားသွားသတ္တဝါတွေဖြစ်တဲ့ သတ္တဝါအားလုံးကိုလည်း ခေါ်ထုတ်ပါ။+ မြေပေါ်မှာ သူတို့ မျိုးပွားပြီး များပြားလာရမယ်”+ လို့ပြောတယ်။ ၁၈  နောဧလည်း သား၊+ မယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲကနေ ထွက်လာတယ်။ ၁၉  တွားသွားသတ္တဝါ၊ ပျံတတ်တဲ့သတ္တဝါ၊ မြေပေါ်သွားလာတဲ့ သတ္တဝါတွေလည်း အမျိုးအလိုက် သင်္ဘောထဲကနေ ထွက်လာတယ်။+ ၂၀  အဲဒီနောက် နောဧက ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်တယ်။+ သန့်ရှင်းတဲ့တိရစ္ဆာန်တွေနဲ့ ပျံတတ်တဲ့သတ္တဝါတွေထဲက+ တချို့ကို ယူပြီး မီးရှို့ပူဇော်တယ်။+ ၂၁  ယေဟောဝါလည်း မွှေးကြိုင်တဲ့* ရနံ့ကို ရတယ်။ ဒါကြောင့် ယေဟောဝါက “လူတွေဟာ ငယ်ငယ်ကတည်းက စိတ်အကြံအစည် ဆိုးညစ်ကြတယ်။+ ဒီတော့ လူတွေကြောင့် ကမ္ဘာမြေကို ငါဘယ်တော့မှ မကျိန်တော့ဘူး။+ သတ္တဝါတွေကို အခုလိုမျိုး ငါဘယ်တော့မှ မဖျက်ဆီးတော့ဘူး။+ ၂၂  အခုကစပြီး ကမ္ဘာမြေပေါ်မှာ မျိုးကြဲချိန်နဲ့ ရိတ်သိမ်းချိန်၊ ချမ်းအေးချိန်နဲ့ ပူပြင်းချိန်၊ နွေရာသီနဲ့ ဆောင်းရာသီ၊ နေ့နဲ့ည လုံးဝမပြတ်စေရဘူး”+ လို့စိတ်ထဲမှာ ပြောတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “စိတ်ပြေငြိမ်းစေတဲ့။”