ဂလာတိ ၁:၁-၂၄

  • နှုတ်ခွန်းဆက်စကား (၁-၅)

  • တခြားသတင်းကောင်း မရှိ (၆-၉)

  • ပေါလုဟောတဲ့ သတင်းကောင်း ဘုရားဆီကလာ (၁၀-၁၂)

  • ပေါလုရဲ့ ဘာသာပြောင်းခြင်းနဲ့ အစောပိုင်းလုပ်ဆောင်မှုများ (၁၃-၂၄)

၁  လူတွေ ခန့်အပ်လို့မဟုတ်ဘဲ ခရစ်တော်ကို သေရာကနေ အသက်ပြန်ရှင်စေတဲ့  အဖဘုရားနဲ့+  ယေရှုခရစ်ကိုယ်တိုင်  ခန့်အပ်လို့+  တမန်တော်ဖြစ်လာတဲ့  ကျွန်တော်ပေါလုရော၊ ၂  အတူရှိနေတဲ့ ညီအစ်ကိုအားလုံးကပါ ဂလာတိပြည်မှာရှိတဲ့ အသင်းတော်တွေဆီ စာရေးလိုက်ပါတယ်။ ၃  အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက  မဟာကရုဏာနဲ့  ငြိမ်သက်ခြင်းကို  ခင်ဗျားတို့  ခံစားရပါစေ။ ၄  ခရစ်တော်က  အဖဘုရားသခင်ရဲ့ အလိုတော်အတိုင်း+ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဖယ်ရှားပြီး+ လက်ရှိ ဆိုးသွမ်းတဲ့ လောကစနစ်*+ ကနေ ကယ်တင်နိုင်ဖို့ အသက်စွန့်ခဲ့တယ်။ ၅  ဘုရားသခင်ရဲ့ ဘုန်းတော် အစဉ်ထာဝရ ထင်ရှားပါစေ။ အာမင်။* ၆  ခရစ်တော်ရဲ့  မဟာကရုဏာအားဖြင့် ခင်ဗျားတို့ကို ခေါ်တော်မူတဲ့ အရှင်ဆီကနေ  ချက်ချင်းလှည့်ထွက်ပြီး တခြားသတင်းကို သတင်းကောင်းအဖြစ် လက်ခံလိုက်ကြတာ ကျွန်တော် အံ့သြလို့မဆုံးဘူး။+ ၇  တကယ်တော့ တခြားသတင်းကောင်းဆိုတာ မရှိဘူး။ ခင်ဗျားတို့ကို ဒုက္ခပေးမယ့်သူ၊+ ခရစ်တော်နဲ့ဆိုင်တဲ့ သတင်းကောင်းကို ကပြောင်းကပြန်ဖြစ်အောင် လုပ်မယ့်သူတချို့ပဲ ရှိနေတာ။ ၈  ကျွန်တော်တို့ဖြစ်စေ၊ ကောင်းကင်ကဆင်းလာတဲ့ ကောင်းကင်တမန်ဖြစ်စေ  ကျွန်တော်တို့ဟောပြောတဲ့ သတင်းကောင်းနဲ့ မတူ တဲ့အရာကို  သတင်းကောင်းအဖြစ် ဟောပြောရင်  ကျိန်ခြင်း  ခံရပါစေ။ ၉  ပြောပြီးသားဖြစ်ပေမဲ့ ထပ်ပြောဦးမယ်။ ခင်ဗျားတို့ လက်ခံထားတာနဲ့ မတူတဲ့ တခြားအရာကို သတင်းကောင်းအဖြစ် ဟောပြောတဲ့သူဟာ ကျိန်ခြင်း ခံရပါစေ။ ၁၀  ကျွန်တော် ကြိုးစားနေတာ လူ့မျက်နှာသာ ရဖို့လား၊ ဘုရားမျက်နှာသာ ရဖို့လား။ လူ့အကြိုက် လိုက်နေတာလား။ အဲဒီလိုလိုက်နေရင် ကျွန်တော်ဟာ ခရစ်တော်ရဲ့ကျွန် မဖြစ်နိုင်ဘူး။ ၁၁  ညီအစ်ကိုတို့၊  ကျွန်တော်ဟောတဲ့ သတင်းကောင်းဟာ လူတွေဖန်တီးတဲ့သတင်း မဟုတ်ဘူးဆိုတာ သိစေချင်တယ်။+ ၁၂  အဲဒီသတင်းကောင်းကို လူတွေဆီကနေ ရတာမဟုတ်ဘူး။ လူတွေ သင်ပေးတာလည်း မဟုတ်ဘူး။ ယေရှုခရစ်ကိုယ်တိုင် ဖော်ပြလို့ ရခဲ့တာ။ ၁၃  ဂျူးဘာသာဝင်ဖြစ်တုန်းက ကျွန်တော် ဘယ်လိုကျင့်ကြံခဲ့တယ်ဆိုတာ ခင်ဗျားတို့ ကြားမှာပါ။+ ဘုရားသခင်ရဲ့ အသင်းတော်ကို ရက်ရက်စက်စက် ညှဉ်းဆဲပြီး ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တယ်။+ ၁၄  ဘိုးဘေးတို့ရဲ့ ထုံးတမ်းစဉ်လာကို လိုက်တဲ့နေရာမှာ အလွန်စိတ်ထက်သန်ခဲ့လို့ ဂျူးဘာသာမှာ လူမျိုးတူ၊ ရွယ်တူတွေထက် ကျွန်တော် ပိုပြီးထွန်းပေါက်ခဲ့တယ်။+ ၁၅  ဒါပေမဲ့ ကျွန်တော်  မိခင်ဝမ်းက  ကျွတ်ပြီးနောက် မဟာကရုဏာအားဖြင့်+ ကျွန်တော့်ကို ရွေးချယ်ခဲ့တဲ့ ဘုရားသခင်က၊ ၁၆  သားတော်အကြောင်း လူမျိုးခြားတွေ သိစေဖို့ သတင်းကောင်းဟောပြောရာမှာ  ကျွန်တော့်ကို အသုံးပြုရင် ကောင်းမယ်လို့ ယူဆခဲ့တယ်။+ ဘုရားသခင်  ရွေးချယ်တဲ့အခါ ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ခဲ့ဘူး။ ၁၇  ကျွန်တော့်ထက်အရင် တမန်တော်ဖြစ်နေသူတွေရှိတဲ့ ဂျေရုဆလင်မြို့ကိုလည်း မသွားခဲ့ဘူး။ အဲဒီအစား အာရပ်ပြည်ကို သွားပြီး ဒမတ်စကတ်မြို့ကို+ ပြန်လာခဲ့တယ်။ ၁၈  သုံးနှစ်ကြာတော့  ကေဖ*+ နဲ့တွေ့ဖို့  ဂျေရုဆလင်မြို့ကို+  သွားပြီး  သူ့ဆီမှာ  ၁၅ ရက်  နေတယ်။ ၁၉  သခင့်ညီ ယာကုပ်ကလွဲလို့+ တခြား တမန်တော်တစ်ယောက်နဲ့မှ မတွေ့ခဲ့ဘူး။ ၂၀  ဒီအကြောင်းတွေကို ကျွန်တော် လိမ်ညာပြီးရေးနေတာ မဟုတ်မှန်း ဘုရားသခင်ကို သက်သေထားပြီး ပြောနိုင်တယ်။ ၂၁  အဲဒီနောက် ဆီးရီးယားပြည်နဲ့ ကိလိကိပြည်မှာရှိတဲ့  ဒေသတွေကို ကျွန်တော် သွားတယ်။+ ၂၂  ယုဒပြည်မှာရှိတဲ့ ခရစ်ယာန်အသင်းတော်တွေက  ကျွန်တော့်ကို  မမြင်ဖူးဘူး။ ၂၃  “တစ်ချိန်က ငါတို့ကို နှိပ်စက်သူဟာ+ အခုတော့ ကိုယ်တိုင် ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ ယုံကြည်ခြင်းအကြောင်း သတင်းကောင်းကို ဟောနေပြီ”+  ဆိုတာပဲ ကြားဖူးကြတယ်။ ၂၄  သူတို့က ကျွန်တော့်ကြောင့် ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
ပေတရု။