ဂလာတိ ၃:၁-၂၉
-
ပညတ်တရား စောင့်ထိန်းခြင်းနဲ့ ယုံကြည်ခြင်းရဲ့ ခြားနားချက် (၁-၁၄)
-
ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မယ် (၁၁)
-
-
အာဗြဟံ ကတိတော်ရခဲ့တာ ပညတ်တရားကြောင့် မဟုတ် (၁၅-၁၈)
-
ခရစ်တော်ဟာ အာဗြဟံရဲ့မျိုးနွယ် (၁၆)
-
-
ပညတ်တရားရဲ့ မူလအစနဲ့ ရည်ရွယ်ချက် (၁၉-၂၅)
-
ယုံကြည်ခြင်းကြောင့် ဘုရားသခင်ရဲ့ သားသမီးတွေဖြစ်လာ (၂၆-၂၉)
-
ခရစ်တော် ပိုင်ဆိုင်သူတွေဟာ အာဗြဟံရဲ့မျိုးနွယ်ဖြစ် (၂၉)
-
၃ အသိဉာဏ်မဲ့တဲ့ ဂလာတိပြည်သားတို့၊ ခင်ဗျားတို့ကို ဘယ်သူ လှည့်စားလိုက်တာလဲ။+ တကယ်တော့ သစ်တိုင်တင်ခံရတဲ့ ယေရှုခရစ်အကြောင်း ခင်ဗျားတို့ ကောင်းကောင်း နားလည်ထားတာပဲ။+
၂ ကျွန်တော် တစ်ခုလောက် မေးချင်တယ်၊ ခင်ဗျားတို့ စွမ်းအားတော်ရရှိတာဟာ ပညတ်ကို စောင့်ထိန်းလို့လား။ ဒါမှမဟုတ် ကြားနာခဲ့တာကို ယုံကြည်လို့လား။+
၃ ခင်ဗျားတို့ အသိဉာဏ်မဲ့လိုက်ကြတာ။ အစပိုင်းမှာ စွမ်းအားတော်နဲ့အညီ ပြုမူကျင့်ကြံပြီးခါမှ အခု လူ့အလိုဆန္ဒအတိုင်း အဆုံးသတ်မလို့လား။+
၄ ဆင်းရဲဒုက္ခ အတော်များများကို အလကားသက်သက် ခံခဲ့ကြတာလား။ အဲဒီလို မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံပါတယ်။
၅ ခင်ဗျားတို့ကို စွမ်းအားတော်ပေးပြီး အံ့ဖွယ်အမှုတွေ ပြခဲ့တဲ့သူက+ ခင်ဗျားတို့ ပညတ်စောင့်ထိန်းလို့ အဲဒီလိုပြတာလား။ ဒါမှမဟုတ် ကြားနာတာတွေကို ခင်ဗျားတို့ ယုံကြည်လို့ ပြတာလား။
၆ အာဗြဟံဟာ “ယေဟောဝါကို* ယုံကြည်လို့ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်” မဟုတ်လား။+
၇ ယုံကြည်ခြင်းနဲ့ အသက်ရှင်သူတွေဟာ အာဗြဟံရဲ့ သားသမီးတွေဖြစ်မှန်း ခင်ဗျားတို့သိပါတယ်။+
၈ ယုံကြည်ခြင်းကြောင့် လူမျိုးခြားတွေကို ဖြောင့်မတ်သူတွေအဖြစ် ဘုရားသခင် သတ်မှတ်မယ်ဆိုပြီး ကျမ်းစာမှာ ကြိုပြောထားတယ်။ “မင်းကြောင့် လူမျိုးအားလုံး ကောင်းချီးခံစားရမယ်”+ ဆိုတဲ့ သတင်းကောင်းကို အာဗြဟံကို ပြောခဲ့တယ်။
၉ ဒါကြောင့် ယုံကြည်ခြင်းနဲ့ အသက်ရှင်သူတွေဟာ ယုံကြည်ခြင်းရှိသူ အာဗြဟံလိုပဲ ကောင်းချီးခံစားရတယ်။+
၁၀ ပညတ်စောင့်ထိန်းတာကိုပဲ အားထားသူတွေဟာ ကျိန်ခြင်းခံရလိမ့်မယ်။ “ပညတ်ကျမ်းလိပ်မှာ ရေးထားသမျှကို အမြဲ မလိုက်နာတဲ့သူဟာ ကျိန်စာသင့်ပါစေ” ဆိုပြီး ရေးထားလို့ပဲ။+
၁၁ ဒါ့အပြင် “ဖြောင့်မတ်သူဟာ ယုံကြည်ခြင်းကြောင့် အသက်ရှင်လိမ့်မယ်”+ လို့လည်း ရေးထားတဲ့အတွက် ဘုရားသခင်က ဘယ်သူ့ကိုမှ ပညတ်ကြောင့် ဖြောင့်မတ်သူအဖြစ် မသတ်မှတ်ဘူးဆိုတာ+ ကျွန်တော်တို့ သိနိုင်တယ်။
၁၂ ပညတ်တရားဟာ ယုံကြည်ခြင်းပေါ်မှာ အခြေခံတာ မဟုတ်ဘူး။ “ပညတ်တွေကို လိုက်နာသူတိုင်း ပညတ်တွေအားဖြင့် အသက်ရှင်ရလိမ့်မယ်”+ လို့ပဲ ပြောထားတယ်။
၁၃ “သစ်တိုင်တင်ခံရတဲ့သူဟာ ကျိန်ခြင်းခံရသူပဲ”+ လို့လည်း ကျမ်းစာမှာ ရေးထားတယ်။ ခရစ်တော်ဟာ ကျွန်တော်တို့ကိုယ်စား ကျိန်ခြင်းကိုခံပြီး ပညတ်တရားရဲ့ ကျိန်ခြင်းကနေ ကျွန်တော်တို့ကို လွတ်မြောက်စေတယ်။+ ဒီနည်းနဲ့ ကျွန်တော်တို့ကို ဝယ်လိုက်တယ်။+
၁၄ ဘာလို့လဲဆိုတော့ အာဗြဟံကို ပေးထားတဲ့ ကောင်းချီးဟာ ခရစ်တော်ယေရှုအားဖြင့်+ လူမျိုးခြားတွေအပေါ် သက်ရောက်နိုင်ဖို့၊ ယုံကြည်ခြင်းအားဖြင့် ကတိတော်နဲ့သက်ဆိုင်တဲ့ စွမ်းအားတော်ကို ကျွန်တော်တို့ ရရှိနိုင်ဖို့ဖြစ်တယ်။+
၁၅ ညီအစ်ကိုတို့၊ လူတွေ ကြုံရတတ်တာကို ပြောမယ်။ ဥပမာ၊ ပဋိညာဉ်တစ်ခု အတည်ပြုပြီးပြီဆိုရင် ဘယ်သူမှ ပယ်ဖျက်လို့၊ ဖြည့်စွက်လို့ မရဘူး။
၁၆ ဘုရားသခင်က အာဗြဟံနဲ့ သူ့မျိုးနွယ်ကို ကတိပေးခဲ့တယ်။+ အဲဒီကတိမှာ လူအများကို ရည်ညွှန်းပြီး “မင်းရဲ့သားမြေးတွေ” လို့ပြောမယ့်အစား တစ်ယောက်သောသူ ခရစ်တော်ကို+ ရည်ညွှန်းပြီး “မင်းရဲ့မျိုးနွယ်” လို့ပြောထားတယ်။
၁၇ ကျွန်တော်ပြောချင်တာက နောင်အနှစ် ၄၃၀ ကြာမှ+ ပေါ်လာတဲ့ ပညတ်တရားက ဘုရားသခင် အရင်ဖွဲ့ ခဲ့တဲ့ ပဋိညာဉ်ကို မပယ်ဖျက်နိုင်ဘူး။ ကတိတော်ကို မဖျက်သိမ်းနိုင်ဘူး။
၁၈ ပညတ်ကို စောင့်ထိန်းမှ အမွေခံရမယ်ဆိုရင် ကတိတော်ကြောင့်ရတာ မဟုတ်တော့ဘူး။ တကယ်တော့ ဘုရားသခင်က ကတိတော်အားဖြင့် အာဗြဟံကို အဲဒီအမွေ ပေးသနားခဲ့တာ။+
၁၉ ဒါဆိုရင် ပညတ်တရားဟာ ဘာအတွက်လဲ။ ကတိထားရာမျိုးနွယ် မပေါ်ထွန်းခင်+ လူတွေရဲ့အပြစ်ကို ဖော်ပြဖို့+ ပညတ်တရားကို ထပ်ပေးခဲ့တာပါ။ ကောင်းကင်တမန်တွေကတစ်ဆင့်+ ဘုရားသခင်ပေးခဲ့တဲ့ အဲဒီပညတ်တရားကို ဖျန်ဖြေသူအားဖြင့် ရခဲ့တယ်။+
၂၀ ပဋိညာဉ်ဖွဲ့တဲ့အခါ သက်ဆိုင်သူတစ်ဦးပဲဆိုရင် ဖျန်ဖြေသူ မလိုဘူး။ အဲဒီပဋိညာဉ်ကိုဖွဲ့တုန်းက သက်ဆိုင်သူဟာ ဘုရားသခင်တစ်ပါးတည်းပဲ။
၂၁ ဒါဆိုရင် ပညတ်တရားဟာ ဘုရားသခင့်ကတိတွေနဲ့ ဆန့်ကျင်နေသလား။ လုံးဝ မဆန့်ကျင်ဘူး။ အသက်ရှင်စေနိုင်တဲ့ ပညတ်ကိုသာ ပေးအပ်ခဲ့ပြီးပြီဆိုရင် အဲဒီပညတ်အားဖြင့် ဖြောင့်မတ်တဲ့ အနေအထားကို ရမှာပေါ့။
၂၂ ဒါပေမဲ့ ကျမ်းစာက အရာအားလုံးကို အပြစ်ရဲ့ ချုပ်နှောင်မှုလက်ထဲ အပ်ထားတယ်။ ဒါမှ ယေရှုခရစ်ကို ယုံကြည်သူတွေဟာ အဲဒီယုံကြည်ခြင်းအားဖြင့် ကတိတော်ကို ရနိုင်ကြမှာပါ။
၂၃ ယုံကြည်ခြင်း မရောက်လာခင်မှာတော့ ကျွန်တော်တို့ဟာ ပညတ်ရဲ့ ကာကွယ်မှု၊ အုပ်ထိန်းမှုကို ခံရင်း နောင်မှာဖော်ပြပေးမယ့် ယုံကြည်ခြင်းကို စောင့်မျှော်နေခဲ့တယ်။+
၂၄ ဒါကြောင့် ပညတ်တရားဟာ ကျွန်တော်တို့ကို ခရစ်တော်ဆီ ပို့ဆောင်ပေးတဲ့ အုပ်ထိန်းသူ ဖြစ်လာတယ်။+ ဒါမှသာ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်တယ်လို့ သတ်မှတ်ခံရနိုင်မယ်။+
၂၅ အခုတော့ ယုံကြည်ခြင်း ရောက်လာပြီဖြစ်လို့+ ကျွန်တော်တို့ဟာ အုပ်ထိန်းသူလက်အောက်မှာ မရှိတော့ဘူး။+
၂၆ ခင်ဗျားတို့အားလုံးဟာ ခရစ်တော်ယေရှုကို ယုံကြည်တဲ့အတွက်+ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်ကြတယ်။+
၂၇ နှစ်ခြင်းခံပြီး ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့ ခင်ဗျားတို့အားလုံးဟာ ခရစ်တော်ကို ဝတ်ဆင်ခဲ့ကြပြီ။+
၂၈ ဂျူးလူမျိုးနဲ့ ဂရိလူမျိုး၊+ ကျွန်နဲ့ လွတ်လပ်သူ၊+ အမျိုးသားနဲ့ အမျိုးသမီးဆိုပြီး ခွဲခြားထားတာ မရှိတော့ဘူး။+ ခင်ဗျားတို့အားလုံးဟာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေပြီ။+
၂၉ ဒါ့အပြင် ခင်ဗျားတို့ဟာ ခရစ်တော်ပိုင်ဆိုင်သူတွေ ဖြစ်တဲ့အတွက် အာဗြဟံရဲ့ မျိုးနွယ်စစ်စစ်ပဲ၊+ ကတိတော်ကို+ အမွေခံရမယ့်သူတွေပဲ။+
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။