ဂလာတိ ၆:၁-၁၈

  • အချင်းချင်းရဲ့ဝန်ကို ထမ်းပေးကြပါ (၁-၁၀)

    • မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရ (၇၊ ၈)

  • အရေဖျားဖြတ်ခြင်း အကျိုးမရှိ (၁၁-၁၆)

    • ဘုရားဖန်ဆင်းလိုက်တဲ့ အသစ်သောအရာ (၁၅)

  • နိဂုံးစကား (၁၇၊ ၁၈)

 ညီအစ်ကိုတို့၊  တစ်ယောက်ယောက်ဟာ သတိမထားမိဘဲ ခြေလှမ်းမှားသွားတယ်ဆိုရင် ဘုရားရေးရာ အရည်အသွေးရှိတဲ့ ခင်ဗျားတို့က အဲဒီလိုလူကို နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့+ တည့်မတ်ပေးလိုက်ပါ။  ဒါပေမဲ့  ကိုယ်တိုင်လည်း+ အပြစ်သွေးဆောင်ခံရနိုင်တာမို့ အမြဲသတိထားကြပါ။+ ၂  အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်းပေးကြပါ။+ ဒါဆိုရင် ခရစ်တော်ရဲ့တရားကို လိုက်နာရာရောက်လိမ့်မယ်။+ ၃  ဘာမှမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါသူလို့ထင်နေရင်+ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ ၄  လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။+ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။+ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။ ၅  ဘာလို့လဲဆိုတော့ လူတိုင်း ကိုယ့်တာဝန်ကိုယ် ထမ်းရမှာဖြစ်လို့ပဲ။+ ၆  ဒါ့အပြင်  တရားစကားတော် သင်ယူသူတိုင်းဟာ  သင်ပေးတဲ့သူကို ကောင်းမွန်ရာမှန်သမျှ  မျှဝေပေးပါစေ။+ ၇  လှည့်စားမခံကြပါနဲ့။ ဘုရားသခင်ကို မခန့်လေးစားလုပ်လို့ မရဘူး။ လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။+ ၈  အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း မျိုးစေ့ကြဲတဲ့သူက အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း ပျက်စီးခြင်းကိုပဲ ရိတ်သိမ်းရလိမ့်မယ်။ စွမ်းအားတော် လမ်းပြတဲ့အတိုင်း မျိုးစေ့ကြဲတဲ့သူကတော့ စွမ်းအားတော် လမ်းပြတဲ့အတိုင်း ထာဝရအသက်ကို  ရိတ်သိမ်းရလိမ့်မယ်။+ ၉  ဒါကြောင့် မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။ လက်မလျှော့ဘူးဆိုရင်  အချိန်တန်တဲ့အခါ အသီးအပွင့်တွေကို  ရိတ်သိမ်းရလိမ့်မယ်။+ ၁၀  ဒါကြောင့် အခွင့်အရေးရသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်းတူတဲ့သူတွေကို ကောင်းမှုပြုကြစို့။ ၁၁  ခင်ဗျားတို့ဆီ ကျွန်တော်ကိုယ်တိုင် စာလုံးကြီးတွေနဲ့ ရေးလိုက်တယ်ဆိုတာ ကြည့်ကြပါ။ ၁၂  လူအထင်ကြီးခံချင်တဲ့သူတွေဟာ  ခရစ်တော်ရဲ့  ဒုက္ခသစ်တိုင်ကြောင့်*  နှိပ်စက်ညှဉ်းဆဲမခံချင်လို့ ခင်ဗျားတို့ကို အတင်းအကျပ် အရေဖျားဖြတ်ခိုင်းနေတာ။ ၁၃  တကယ်တော့ အရေဖျားဖြတ်ထားသူတွေ ကိုယ်တိုင်က ပညတ်တရားကို  မစောင့်ထိန်းကြပါဘူး။+ ခင်ဗျားတို့ကိုကျတော့ အရေဖျားဖြတ်စေချင်ကြတယ်။ အဲဒါမှ ခင်ဗျားတို့ရဲ့ အပြင်ပန်းခန္ဓာနဲ့ပတ်သက်ပြီး သူတို့ ကြွားနိုင်မှာလေ။ ၁၄  ကျွန်တော်ကတော့ ဒုက္ခသစ်တိုင်ပေါ် အသေခံခဲ့တဲ့ သခင်ယေရှုခရစ်အကြောင်းကလွဲပြီး+  ဘာအတွက်မှ မကြွားပါရစေနဲ့။ ကျွန်တော့်အမြင်မှာ  ဒီလောကဟာ  ခရစ်တော်အားဖြင့် သေဆုံးနေပြီ။ လောကအမြင်မှာလည်း  ကျွန်တော်  သေဆုံးနေပြီ။ ၁၅  အရေဖျားဖြတ်တာ၊  မဖြတ်တာဟာ အရေးမကြီးပါဘူး။+ ဘုရားသခင် ဖန်ဆင်းလိုက်တဲ့  အသစ်သောအရာကသာ+ အရေးကြီးတာပါ။ ၁၆  ဒီကျင့်ဝတ်အတိုင်း စနစ်တကျ လျှောက်လှမ်းသူတွေအပေါ်၊ ဘုရားသခင်ရဲ့ အစ္စရေးလူမျိုးအပေါ်+ ငြိမ်သက်ခြင်းနဲ့ ကရုဏာတော် သက်ရောက်ပါစေ။ ၁၇  ကျွန်တော့်ကိုယ်မှာ  ယေရှုရဲ့ကျွန်ဆိုပြီး အမှတ်အသား ခတ်နှိပ်ထားပြီဖြစ်လို့+ အခုကစပြီး ကျွန်တော့်ကို ဘယ်သူမှ ဒုက္ခမပေးကြပါနဲ့။ ၁၈  ညီအစ်ကိုတို့၊ အရည်အသွေးကောင်းတွေ ပြသတဲ့အတွက် ခင်ဗျားတို့ဆီမှာ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာ သက်ရောက်ပါစေ။ အာမင်။*

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”