ဆာလံ ၁၀၉:၁-၃၁

  • စိတ်ဓာတ်ကျနေသူရဲ့ ဆုတောင်းချက်

    • ‘သူ့တာဝန်ကို တခြားသူ ရပါစေ’ ()

    • ဆင်းရဲသားတွေဘက် ဘုရားရပ်တည် (၃၁)

ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။ ၁၀၉  အို ဘုရားသခင်၊ ကိုယ်တော့်ကို ချီးမွမ်းပါတယ်။+ နှုတ်ဆိတ်မနေပါနဲ့။  ၂  လူဆိုးတွေ၊ လှည့်စားသူတွေ ကျွန်တော့်မကောင်းကြောင်း ပြောနေကြတယ်။ ကျွန်တော့်အကြောင်း မဟုတ်မမှန် ပြောနေကြတယ်။+  ၃  နာကျင်စေတဲ့ စကားတွေပဲ ဝိုင်းပြောနေကြတယ်။ ကျွန်တော့်ကို အကြောင်းမဲ့ တိုက်ခိုက်နေကြတယ်။+  ၄  ကျွန်တော် မေတ္တာပြပေမဲ့ သူတို့ ရန်တုံ့ပြန်ကြတယ်။+ ကျွန်တော်ကတော့ ဆုတောင်းနေဆဲပါပဲ။  ၅  သူတို့က အကောင်းကို အဆိုးနဲ့ တုံ့ပြန်တယ်။+ မေတ္တာတရားကို အမုန်းတရားနဲ့ ပြန်ဆပ်ပေးကြတယ်။+  ၆  သူ့ကို လူဆိုးက တရားစီရင်ပါစေ။ သူ့ညာဘက်မှာ ရန်မူတဲ့သူ ရပ်နေပါစေ။  ၇  သူ့ကိုတရားစီရင်တဲ့အခါ အပြစ်ရှိသူလို့ သတ်မှတ်ကြပါစေ။ သူဆုတောင်းတာကိုတောင် အပြစ်လို့ ထင်မှတ်ကြပါစေ။+  ၈  သူ အသက်တိုပါစေ။+ သူ့ကြီးကြပ်မှူးတာဝန်ကို တခြားသူ ရပါစေ။+  ၉  သူ့သားသမီးတွေ ဖတဆိုးဖြစ်သွားပါစေ။ သူ့မိန်းမလည်း မုဆိုးမဖြစ်ပါစေ။ ၁၀  သူ့သားသမီးတွေ လှည့်လည်တောင်းစားနေရပါစေ။ အိမ်ပျက်တွေထဲက ထွက်ပြီး စားစရာရှာရပါစေ။ ၁၁  သူ့ဥစ္စာရှိသမျှကို အကြွေးရှင် သိမ်းယူပါစေ။ သူပိုင်ဆိုင်သမျှကို သူစိမ်းတွေ လုယူပါစေ။ ၁၂  သူ့ကို သနားကြင်နာတဲ့သူ၊သူ့ရဲ့ဖတဆိုးလေးတွေကို မျက်နှာသာပေးတဲ့သူ တစ်ယောက်မှ မရှိပါစေနဲ့။ ၁၃  သူ့မျိုးဆက် ပြတ်ပါစေ။+ မျိုးဆက်တစ်ဆက်အတွင်း သူတို့နာမည် ပယ်ဖျက်ခံရပါစေ။ ၁၄  သူ့ဘိုးဘေးတွေရဲ့ အမှားကို ယေဟောဝါ သတိရပါစေ။+ သူ့မိခင်ရဲ့အပြစ်တွေလည်း ပယ်ဖျက်မခံရပါစေနဲ့။ ၁၅  ယေဟောဝါက သူတို့လုပ်သမျှကို အမြဲစောင့်ကြည့်နေပါစေ။ သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေကို ကမ္ဘာမြေပေါ်ကနေ ဖျောက်ဖျက်ပစ်ပါစေ။+ ၁၆  သူက သနားကြင်နာမှုပြဖို့ စိတ်မကူးတဲ့အပြင်+ ဖိနှိပ်ခံရသူတွေ၊ ဆင်းရဲသားတွေ၊စိတ်ကြေကွဲနေသူတွေကို သတ်ဖြတ်ဖို့+ လိုက်ဖမ်းခဲ့တယ်။+ ၁၇  ကျိန်စာတိုက်ရတာကို သူနှစ်သက်တဲ့အတွက် ကိုယ်တိုင် ကျိန်စာပြန်သင့်ပြီ။ ကောင်းချီး မပေးချင်တဲ့အတွက် ဘာကောင်းချီးမှ မရဘူး။ ၁၈  ကျိန်စာတွေကို အဝတ်လို ဝတ်ဆင်တယ်။ ကျိန်စာတွေဟာ သူ့ခန္ဓာကိုယ်ထဲ ရေလို စီးဝင်နေတယ်။ အရိုးထဲ ဆီလို စိမ့်ဝင်နေတယ်။ ၁၉  သူတိုက်တဲ့ ကျိန်စာတွေဟာ သူ့ကိုယ်ပေါ်က အဝတ်လို၊+ စည်းနေကျ ခါးစည်းလို မြဲနေပါစေ။ ၂၀  ယေဟောဝါက ငါ့ကိုရန်မူသူတွေ၊ငါ့ကို အပုတ်ချပြောဆိုသူတွေကို အဲဒီလို ပြစ်ဒဏ်ပေးတယ်။+ ၂၁  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊နာမတော်ကို ထောက်ပြီးကျွန်တော့်အကျိုးအတွက် လုပ်ဆောင်ပေးပါ။+ ခိုင်မြဲတဲ့မေတ္တာတော်ဟာ ကောင်းမြတ်လှတဲ့အတွက် ကျွန်တော့်ကို ကယ်တင်ပါ။+ ၂၂  ကျွန်တော်ဟာ ခိုကိုးရာမဲ့ပြီး နွမ်းပါးနေပါတယ်။+ ရင်ထဲမှာ မချိအောင် နာကျင်နေပါတယ်။+ ၂၃  ကျွန်တော်ဟာ အရိပ်လို ပျောက်ကွယ်ပြီးကျိုင်းကောင်လို လွင့်ပါသွားတယ်။ ၂၄  အစာရှောင်နေလို့ ဒူးတွေတုန်နေတယ်။ ပိန်ချုံးပြီး အရိုးပေါ်အရေတင် ဖြစ်နေတယ်။ ၂၅  ကျွန်တော်ဟာ သူတို့ ကဲ့ရဲ့စရာ ဖြစ်နေပြီ။+ ကျွန်တော့်ကိုတွေ့တဲ့အခါ ခေါင်းတခါခါ လုပ်ကြတယ်။+ ၂၆  ယေဟောဝါဘုရား၊ ကူညီပေးလှည့်ပါ။ ခိုင်မြဲတဲ့မေတ္တာတော်နဲ့ ကယ်တင်လှည့်ပါ။ ၂၇  အို ယေဟောဝါ၊ ဒါဟာ လက်ရုံးတော်ကြောင့်ပဲ၊ဒါကို လုပ်ဆောင်သူဟာ ကိုယ်တော်ပဲဆိုတာ သူတို့သိကြပါစေ။ ၂၈  သူတို့ ကျိန်စာတိုက်ပါစေ။ ကိုယ်တော်ကတော့ ကောင်းချီးပေးပါစေ။ ကျွန်တော့်ကို တိုက်ခိုက်တဲ့အခါ သူတို့ အရှက်ကွဲသွားပါစေ။ ကျွန်တော်မျိုးကတော့ ဝမ်းမြောက်ရပါစေ။ ၂၉  ကျွန်တော့်ကို ဆန့်ကျင်သူတွေဟာ နှိမ့်ချခံရခြင်းကို ဝတ်ဆင်ရပါစေ။ အရှက်ကို ဝတ်ရုံလို ခြုံရပါစေ။+ ၃၀  ယေဟောဝါကို အားရပါးရ ချီးမွမ်းမယ်။ လူအများရှေ့မှာ ချီးမွမ်းမယ်။+ ၃၁  ဘုရားက ဆင်းရဲသားတွေရဲ့ ညာဘက်မှာ ရပ်လိမ့်မယ်။ ပြစ်ဒဏ်စီရင်သူတွေလက်ကနေ သူ့ကို ကယ်တင်လိမ့်မယ်။

အောက်ခြေမှတ်ချက်များ