ဆာလံ ၁၁၉:၁-၁၇၆

  • အဖိုးထိုက်စကားတော်အတွက် ကျေးဇူးတင်လေးမြတ်

    • ‘လူငယ်တွေ သန့်ရှင်းတဲ့အသက်တာကို ဘယ်လိုရနိုင်မလဲ’ ()

    • “သတိပေးချက်တွေကို မြတ်နိုးလှပါတယ်” (၂၄)

    • ‘နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက်ပါ’ (၇၄၊ ၈၁၊ ၁၁၄)

    • “ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်” (၉၇)

    • “ဆရာအပေါင်းတို့ထက် ထိုးထွင်းဉာဏ် ပိုရှိလာ” (၉၉)

    • ‘နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေရှေ့က မီးခွက်ပါ’ (၁၀၅)

    • “နှုတ်တော်ထွက်စကားရဲ့ အနှစ်သာရဟာ အမှန်တရားပါ” (၁၆၀)

    • ပညတ်တော် နှစ်သက်သူတွေ ငြိမ်သက်အေးချမ်း (၁၆၅)

א ၁၁၉  ယေဟောဝါရဲ့ပညတ်အတိုင်း လိုက်လျှောက်ပြီးအပြစ်ပြောစရာ မရှိအောင် အသက်ရှင်သူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+  ၂  ဘုရားရဲ့ သတိပေးချက်တွေကို လိုက်နာပြီး+ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာဖွေသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+  ၃  သူတို့က မဖြောင့်မတ်တာ တစ်ခုမှ မလုပ်ဘူး။ ဘုရားရဲ့ လမ်းစဉ်တွေအတိုင်း လိုက်လျှောက်တယ်။+  ၄  အမိန့်တော်ကို အသေအချာ လိုက်နာဖို့ကိုယ်တော် မိန့်မှာထားတယ်။+  ၅  ကျွန်တော် တည်ကြည်ခိုင်မြဲနေရင် သိပ်ကောင်းမှာပဲ။+ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို စောင့်ထိန်းချင်လို့ပါ။  ၆  အဲဒီလိုခိုင်မြဲနေရင် ပညတ်ချက်တွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါကျွန်တော် အရှက်ရမှာ မဟုတ်ဘူး။+  ၇  ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေအကြောင်း လေ့လာတဲ့အခါကိုယ်တော့်ကို ရိုးဖြောင့်တဲ့စိတ်နဲ့ ချီးမွမ်းမယ်။  ၈  ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို စောင့်ထိန်းမယ်။ ကျွန်တော့်ကို ဘယ်တော့မှ မစွန့်ပစ်လိုက်ပါနဲ့။ ב  ၉  လူငယ်လူရွယ်တွေဟာ သန့်ရှင်းတဲ့ အသက်တာကို ဘယ်လိုရနိုင်မလဲ။ ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းခြင်း၊ နှုတ်တော်ထွက် စကားအတိုင်း ကျင့်ကြံခြင်းအားဖြင့်ပဲ။+ ၁၀  ကိုယ်တော့်ကို စိတ်စွမ်းရှိသမျှ ရှာဖွေပါတယ်။ ပညတ်ချက်တွေကနေ ကျွန်တော့်ကို လမ်းမလွဲစေပါနဲ့။+ ၁၁  ကိုယ်တော့်ကို မပြစ်မှားမိအောင်+နှုတ်တော်ထွက် စကားတွေကို ရင်ထဲမှာ စွဲမှတ်ထားပါတယ်။+ ၁၂  အို ယေဟောဝါ၊ ကိုယ်တော့်ကို ချီးမွမ်းပါတယ်။ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။ ၁၃  မိန့်မှာထားသမျှ တရားစီရင်ချက်တွေအကြောင်းကျွန်တော် ကြေညာမယ်။ ၁၄  အဖိုးတန်ပစ္စည်းတွေရလို့ ဝမ်းမြောက်တာထက်+ကိုယ်တော်ရဲ့ သတိပေးချက်တွေရလို့ ပိုဝမ်းမြောက်ပါတယ်။+ ၁၅  အမိန့်တော်တွေအကြောင်း စဉ်းစားဆင်ခြင်မယ်။+ ကိုယ်တော်ရဲ့ လမ်းစဉ်တွေကို မျက်ခြည်မပြတ် အာရုံစိုက်မယ်။+ ၁၆  ကိုယ်တော်ရဲ့ ဥပဒေတွေကို ကျွန်တော် မြတ်နိုးတယ်။ နှုတ်တော်ထွက်စကားကို မမေ့ပါဘူး။+ ג ၁၇  ကျွန်တော်မျိုးကို ကြင်ကြင်နာနာ ဆက်ဆံလှည့်ပါ။ ဒါမှ ကျွန်တော် အသက်ဆက်ရှင်ပြီး နှုတ်တော်ထွက် စကားကို လိုက်နာနိုင်မှာပါ။+ ၁၈  ပညတ်တော်မှာပါတဲ့ အံ့ဖွယ်ရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်ကျွန်တော့်မျက်စိကို ဖွင့်ပေးပါ။ ၁၉  ကျွန်တော်ဟာ တခြားတိုင်းပြည်ကို ရောက်နေတဲ့ တိုင်းတစ်ပါးသားပါ။+ ပညတ်ချက်တွေကို ဝှက်မထားပါနဲ့။ ၂၀  ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေကို တစ်ချိန်လုံး တောင့်တရလွန်းလို့ကျွန်တော် လုံးပါးပါးနေပြီ။ ၂၁  ကိုယ်တော်က ရောင့်တက်သူတွေ၊ပညတ်ချက်တွေကို မလိုက်နာလို့ ကျိန်စာသင့်နေသူတွေကို ပြစ်တင်ဆုံးမတယ်။+ ၂၂  ကိုယ်တော်ရဲ့ သတိပေးချက်တွေကို လိုက်နာတဲ့အတွက် ကဲ့ရဲ့ခြင်းနဲ့ အထင်သေးခြင်းကို ကျွန်တော့်ဆီကနေ ဖယ်ရှားပေးပါ။  ၂၃  မင်းညီမင်းသားတွေ ဝိုင်းထိုင်ပြီး ကျွန်တော့်အကြောင်း မကောင်းပြောနေရင်တောင်ကျွန်တော်မျိုးကတော့ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း စဉ်းစားဆင်ခြင်တယ်။ ၂၄  ကိုယ်တော်ရဲ့ သတိပေးချက်တွေကို မြတ်နိုးလှပါတယ်။+ အဲဒါတွေဟာ ကျွန်တော့်အတွက် အကြံပေးသူတွေပါ။+ ד ၂၅  ကျွန်တော် မြေမှုန့်ထဲ ပြားပြားဝပ်နေရပြီ။+ နှုတ်တော်ထွက်စကားအတိုင်း အသက်ဆက်ရှင်စေပါ။+ ၂၆  ကျွန်တော့်ရဲ့ လုပ်ရပ်တွေအကြောင်း ပြောပြတဲ့အခါ ကိုယ်တော်ပြန်ဖြေတယ်။ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။+ ၂၇  အမိန့်တော်တွေရဲ့ ဆိုလိုရင်းကို နားလည်စေပါ။ ဒါမှ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း ကျွန်တော် စဉ်းစားဆင်ခြင်နိုင်မှာပါ။+ ၂၈  သောကတွေကြောင့် အိပ်မပျော်နိုင်ဘူး။ ဒါကြောင့် နှုတ်တော်ထွက်စကားအတိုင်း ခွန်အားပေးလှည့်ပါ။ ၂၉  လှည့်စားတဲ့ လမ်းစဉ်ကနေ ကျွန်တော့်ကို ဖယ်ရှားပေးပါ။+ ပညတ်တော်အကြောင်း သင်ပေးပြီး မျက်နှာသာပေးလှည့်ပါ။ ၃၀  သစ္စာလမ်းစဉ်ကို ကျွန်တော်ရွေးချယ်ပါပြီ။+ တရားစီရင်ချက်တွေ မှန်ကန်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ၃၁  ကိုယ်တော်ရဲ့ သတိပေးချက်တွေကို ဆည်းကပ်ပါတယ်။+ အို ယေဟောဝါ၊ ကျွန်တော်စိတ်မပျက်ပါရစေနဲ့။+ ၃၂  ခံယူတတ်တဲ့စိတ်ကို ကိုယ်တော် ပေးထားတဲ့အတွက်ပညတ်လမ်းစဉ်တွေကို ကျွန်တော် မက်မက်မောမော လိုက်လျှောက်မယ်။ ה ၃၃  ယေဟောဝါဘုရား၊ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးပါ။+ သက်ဆုံးတိုင် လိုက်နာပါ့မယ်။+ ၃၄  ကျွန်တော့်ကို သိနားလည်နိုင်စွမ်း ပေးလှည့်ပါ။ ဒါမှ ပညတ်တော်ကို စောင့်ထိန်းပြီး စိတ်ရောကိုယ်ပါ လိုက်နာနိုင်မှာပါ။ ၃၅  ပညတ်လမ်းစဉ်အတိုင်း လမ်းပြပေးလှည့်ပါ။+ ပညတ်ချက်တွေကို နှစ်သက်မြတ်နိုးလို့ပါ။ ၃၆  ကျွန်တော့်ကို ကိုယ်တော်ရဲ့ သတိပေးချက်တွေဘက် စိတ်တိမ်းညွတ်စေပါ။ ကိုယ်ကျိုးရှာချင်တဲ့ဘက် မတိမ်းညွတ်စေပါနဲ့။+ ၃၇  အချည်းနှီးဖြစ်တဲ့အရာတွေကို မကြည့်မိအောင် ကျွန်တော့်မျက်စိကို လွှဲပေးပါ။+ ကိုယ်တော်ရဲ့ လမ်းစဉ်မှာပဲ အသက်ဆက်ရှင်စေပါ။ ၃၈  ကျွန်တော်မျိုးကို ပေးခဲ့တဲ့ ကတိတော်အတိုင်း လုပ်ဆောင်ပေးပါ။ ဒါမှ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေနိုင်မှာပါ။* ၃၉  ကျွန်တော်ကြောက်တဲ့ အရှက်ကွဲခြင်းကို ဖယ်ရှားပေးပါ။ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေ မှန်ကန်လို့ပါ။+ ၄၀  အမိန့်တော်တွေကို တောင့်တနေတာ မြင်လှည့်ပါ။ ဖြောင့်မတ်ခြင်းနဲ့အညီ ကျွန်တော့်ကို အသက်ဆက်ရှင်စေပါ။ ו ၄၁  အို ယေဟောဝါ၊ ခိုင်မြဲတဲ့မေတ္တာတော်ကို ခံစားပါရစေ။+ ကတိတော်အတိုင်း ကယ်တင်ခြင်းကျေးဇူးကို ခံစားပါရစေ။+ ၄၂  ဒါမှ ကဲ့ရဲ့နေသူကို ပြန်ချေပနိုင်မှာပါ။ နှုတ်တော်ထွက်စကားကို ယုံကြည်ကိုးစားပါတယ်။ ၄၃  အမှန်တရားနဲ့ဆိုင်တဲ့ စကားတွေကို ကျွန်တော့်နှုတ်ကနေ လုံးဝ မဖယ်ရှားလိုက်ပါနဲ့။ ကိုယ်တော်ရဲ့ တရားစီရင်ချက်ကို မျှော်လင့်နေပါတယ်။ ၄၄  ပညတ်တော်ကိုအစဉ်ထာဝရ စောင့်ထိန်းပါ့မယ်။+ ၄၅  အမိန့်တော်ကို ရှာဖွေစူးစမ်းတဲ့အတွက်ဘေးကင်းတဲ့နေရာမှာ ကျွန်တော် သွားလာရမှာပါ။+ ၄၆  ကိုယ်တော်ရဲ့ သတိပေးချက်တွေအကြောင်း ဘုရင်တွေရှေ့ ထုတ်ဖော်ပြောဆိုမှာပါ။ ကျွန်တော် မရှက်ပါဘူး။+ ၄၇  ပညတ်ချက်တွေကို ကျွန်တော် မြတ်နိုးတယ်။ တကယ်ကို ချစ်မြတ်နိုးပါတယ်။+ ၄၈  ပညတ်ချက်တွေကို ချစ်မြတ်နိုးတဲ့အတွက် ကိုယ်တော့်ဆီ လက်ဖြန့်ဆုတောင်းမယ်။+ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း စဉ်းစားဆင်ခြင်မယ်။+ ז ၄၉  ကျွန်တော်မျိုးကို ပေးခဲ့တဲ့ ကတိကို သတိရလှည့်ပါ။ အဲဒီကတိကြောင့် မျှော်လင့်ချက်ရှိလာပြီး  ၅၀  ဒုက္ခရောက်ချိန်မှာ စိတ်သက်သာရာရခဲ့တယ်။+ နှုတ်တော်ထွက်စကားဟာ အသက်ဆက်ရှင်စေတယ်။ ၅၁  ရောင့်တက်သူတွေ ကျွန်တော့်ကို အလွန်အထင်သေးကြပေမဲ့ပညတ်တော်ကနေ ကျွန်တော် မသွေဖည်ပါဘူး။+ ၅၂  အို ယေဟောဝါ၊ ရှေးတုန်းက ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေအကြောင်း သတိရပါတယ်။+ အဲဒီကနေ နှစ်သိမ့်မှု ခံစားရပါတယ်။+ ၅၃  ပညတ်တော်ကို ပစ်ပယ်တဲ့ လူဆိုးတွေကြောင့်ကျွန်တော် ဒေါသမီး တောက်လောင်နေတယ်။+ ၅၄  ဘယ်မှာပဲ နေထိုင်ပါစေ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေဟာ ကျွန်တော့်အတွက် တေးသီချင်းတွေပါ။ ၅၅  ယေဟောဝါဘုရား၊ ပညတ်တော်ကို စောင့်ထိန်းနိုင်ဖို့ညအချိန်မှာ နာမတော်ကို သတိရပါတယ်။+ ၅၆  အမိန့်တော်ကို စောင့်ထိန်းပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အကျင့်ဖြစ်နေပါပြီ။ ח ၅၇  ယေဟောဝါဟာ ကျွန်တော့်ဝေစုပါ။+ နှုတ်တော်ထွက်စကားကို လိုက်နာမယ်လို့ ကတိပေးပါတယ်။+ ၅၈  ကျွန်တော် လှိုက်လှိုက်လှဲလှဲ အသနားခံပါတယ်။+ ကတိတော်အတိုင်း မျက်နှာသာပေးလှည့်ပါ။+ ၅၉  သတိပေးချက်တွေကို ပြန်လိုက်နာနိုင်ဖို့ ကိုယ့်လမ်းစဉ်တွေကို ဆန်းစစ်ပါတယ်။+ ၆၀  ပညတ်ချက်တွေကို ချက်ချင်း စောင့်ထိန်းပါတယ်။+ မနှောင့်နှေးပါဘူး။ ၆၁  လူဆိုးတွေရဲ့ကြိုးတွေ ဝိုင်းရံထားပေမဲ့ ပညတ်တော်ကို မမေ့ပါဘူး။+ ၆၂  သန်းခေါင်ယံမှာ နိုးထပြီးကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေကိုကျေးဇူးတင်ချီးမွမ်းပါတယ်။+ ၆၃  ကျွန်တော်ဟာ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ၊အမိန့်တော် စောင့်ထိန်းသူတွေရဲ့ မိတ်ဆွေပါပဲ။+ ၆၄  အို ယေဟောဝါ၊ ကမ္ဘာမြေဟာ ခိုင်မြဲတဲ့မေတ္တာတော်နဲ့ ပြည့်နေတယ်။+ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။ ט ၆၅  အို ယေဟောဝါ၊ နှုတ်တော်ထွက်စကားအတိုင်းကျွန်တော်မျိုးကို ကျေးဇူးပြုပါပြီ။ ၆၆  ပညတ်ချက်တွေကို ကျွန်တော် ယုံကြည်ကိုးစားတဲ့အတွက်ဆင်ခြင်ဉာဏ်နဲ့ အသိပညာကို သင်ကြားပေးပါ။+ ၆၇  ကျွန်တော် လမ်းလွဲပြီး ဒုက္ခရောက်ခဲ့ဖူးတယ်။ အခုတော့ နှုတ်တော်ထွက်စကားကို လိုက်နာနေပါပြီ။+ ၆၈  ကိုယ်တော်ဟာ ကောင်းမြတ်တယ်။+ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေကလည်း ကောင်းမြတ်တယ်။ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။+ ၆၉  ရောင့်တက်သူတွေ မဟုတ်မမှန် စွပ်စွဲကြပေမဲ့ ကျွန်တော်ကတော့ အမိန့်တော်ကို စိတ်ရောကိုယ်ပါ စောင့်ထိန်းပါတယ်။ ၇၀  သူတို့ဟာ အကြင်နာတရား ကင်းမဲ့တယ်။+ ကျွန်တော်ကတော့ ပညတ်တော်ကို မြတ်နိုးပါတယ်။+ ၇၁  ကျွန်တော် ဒုက္ခရောက်တာ ကောင်းတယ်။+ ဒါမှ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သိလာနိုင်မှာပါ။ ၇၂  ကိုယ်တော် ထုတ်ဖော်ပြောပြတဲ့ ပညတ်တရားဟာ+ ကျွန်တော့်အတွက် ရွှေငွေ အမြောက်အမြားထက် အဖိုးထိုက်ပါတယ်။+ י ၇၃  ကျွန်တော့်ကို လက်တော်နဲ့ ဖန်ဆင်းပြီး ပုံသွင်းခဲ့တယ်။ ပညတ်ချက်တွေအကြောင်း သိလာနိုင်ဖို့သိနားလည်နိုင်စွမ်း ပေးသနားလှည့်ပါ။+ ၇၄  ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ ကျွန်တော့်ကိုမြင်ပြီး ဝမ်းမြောက်ကြတယ်။ နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက် ဖြစ်နေလို့ပါ။+ ၇၅  အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေဟာ ဖြောင့်မတ်တယ်၊+သစ္စာတရားတော်ကြောင့် ကျွန်တော့်ကို ဆုံးမတယ်ဆိုတာ သိပါတယ်။+ ၇၆  ပေးခဲ့တဲ့ ကတိတော်အတိုင်းခိုင်မြဲတဲ့မေတ္တာတော်က+ ကျွန်တော်မျိုးကို နှစ်သိမ့်ပေးပါစေ။ ၇၇  ပညတ်တော်ကို ကျွန်တော် မြတ်နိုးတဲ့အတွက်+အသက်ဆက်ရှင်နိုင်ဖို့ ကရုဏာ ပြလှည့်ပါ။+ ၇၈  ရောင့်တက်သူတွေဟာ ကျွန်တော့်ကို အကြောင်းမဲ့ ပြစ်မှားတဲ့အတွက်* အရှက်ကွဲကြပါစေ။ ကျွန်တော်ကတော့ အမိန့်တော်တွေအကြောင်း စဉ်းစားဆင်ခြင်မယ်။+ ၇၉  ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ၊ကိုယ်တော်ရဲ့ သတိပေးချက်တွေကို သိကျွမ်းသူတွေ ကျွန်တော့်ဆီ ပြန်လှည့်လာပါစေ။ ၈၀  ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာပါရစေ။+ ဒါမှ ကျွန်တော် အရှက်တကွဲ မဖြစ်မှာပါ။+ כ ၈၁  ကယ်တင်ခြင်း ကျေးဇူးကို တောင့်တနေပါတယ်။+ နှုတ်တော်ထွက်စကားဟာကျွန်တော့်မျှော်လင့်ချက် ဖြစ်နေလို့ပါ။ ၈၂  “ကျွန်တော့်ကို ဘယ်တော့နှစ်သိမ့်ပေးမှာလဲ”+ လို့ပြောရင်းကတိတော်တွေကို မျှော်ကြည့်နေပါတယ်။+ ၈၃  ကျွန်တော်ဟာ မီးခိုးရိုက်ထားလို့ ရှုံ့တွနေတဲ့ သားရေဘူးလို ဖြစ်နေပေမဲ့ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကိုတော့ မမေ့ပါဘူး။+ ၈၄  ကျွန်တော်မျိုး ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ။ ညှဉ်းပန်းနှိပ်စက်သူတွေကို ဘယ်တော့တရားစီရင်မှာလဲ။+ ၈၅  ရောင့်တက်သူတွေ၊ ပညတ်တော်ကို ချိုးဖောက်သူတွေကကျွန်တော့်အတွက် တွင်းတူးထားကြတယ်။ ၈၆  ပညတ်ချက်မှန်သမျှ ယုံကြည်စိတ်ချထိုက်တယ်။ ကျွန်တော့်ကို လူတွေ အကြောင်းမဲ့ နှိပ်စက်နေလို့ ကူညီပါဦး။+ ၈၇  ကျွန်တော့်ကို မြေပေါ်ကနေ သူတို့ ပယ်ရှင်းပစ်တော့မယ်။ ကျွန်တော်ကတော့ အမိန့်တော်ကို မစွန့်ပစ်ပါဘူး။ ၈၈  ခိုင်မြဲတဲ့မေတ္တာတော်နဲ့အညီ ကျွန်တော့်ကို အသက်ဆက်ရှင်စေပါ။ ဒါမှ ကိုယ်တော်ပြောခဲ့တဲ့ သတိပေးချက်တွေကို စောင့်ထိန်းနိုင်မှာပါ။ ל ၈၉  အို ယေဟောဝါ၊ နှုတ်တော်ထွက်စကားဟာကောင်းကင်မှာ ထာဝစဉ် တည်မြဲလိမ့်မယ်။+  ၉၀  ကိုယ်တော်ရဲ့ သစ္စာတရားဟာ လူမျိုးအဆက်ဆက် တည်ပါတယ်။+ ကိုယ်တော်က ကမ္ဘာမြေကို တည်မြဲတည်နေစေဖို့ အခိုင်အမာ အုတ်မြစ်ချထားတယ်။+  ၉၁  ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေကြောင့် ကောင်းကင်နဲ့ ကမ္ဘာမြေဟာ ဒီနေ့အထိတည်မြဲနေတယ်။ ဖန်ဆင်းရာအားလုံးဟာ ကိုယ်တော့်ကျွန်တွေပဲ။ ၉၂  ပညတ်တော်ကိုသာ မမြတ်နိုးခဲ့ရင်ကျွန်တော် ဒုက္ခရောက်ပြီး ပျက်စီးနေလောက်ပြီ။+ ၉၃  အမိန့်တော်ကို ကျွန်တော်ဘယ်တော့မှ မမေ့ဘူး။ အမိန့်တော်ကြောင့် ကျွန်တော် အသက်ဆက်ရှင်နေလို့ပါ။+ ၉၄  ကျွန်တော့်ကို ကိုယ်တော် ပိုင်ပါတယ်။+ အမိန့်တော်တွေကို ကျွန်တော် စူးစမ်းရှာဖွေတဲ့အတွက် ကယ်တင်ပေးလှည့်ပါ။+ ၉၅  ကျွန်တော့်ကို လုပ်ကြံဖို့ လူဆိုးတွေ စောင့်နေတယ်။ ကျွန်တော်ကတော့ သတိပေးချက်တွေကို အသေအချာ အာရုံစိုက်ပါတယ်။ ၉၆  ပြီးပြည့်စုံတဲ့အရာအားလုံး အကန့်အသတ်ရှိမှန်း ကျွန်တော်သိမြင်ပါပြီ။ ပညတ်ချက်တွေကတော့ အကန့်အသတ် မရှိဘူး။ מ ၉၇  ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။+ တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်။+ ၉၈  ပညတ်ချက်တွေ ကိုယ်နဲ့မကွာ အမြဲရှိနေလို့ကျွန်တော်ဟာ ရန်သူတွေထက် ဉာဏ်ပညာ ရှိလာတယ်။+ ၉၉  သတိပေးချက်တွေကို စဉ်းစားဆင်ခြင်လို့ဆရာအပေါင်းတို့ထက် ထိုးထွင်းဉာဏ် ပိုရှိလာတယ်။+ ၁၀၀  အမိန့်တော်တွေကို စောင့်ထိန်းလို့ အသက်ကြီးသူတွေထက် သိနားလည်နိုင်စွမ်းနဲ့ လုပ်ဆောင်နိုင်တာပါ။ ၁၀၁  နှုတ်တော်ထွက်စကားကို လိုက်နာနိုင်ဖို့ယုတ်မာတဲ့လမ်းမှန်သမျှ ကျွန်တော် မလိုက်လျှောက်ပါဘူး။+ ၁၀၂  ကိုယ်တော် သွန်သင်ပေးတဲ့ အတွက်တရားစီရင်ချက်တွေကနေ လမ်းမလွဲပါဘူး။ ၁၀၃  နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခံတွင်းထဲမှာ ချိုမြိန်လိုက်တာ။ ပါးစပ်ထဲမှာ ပျားရည်ထက်တောင် ချိုမြပါတယ်။+ ၁၀၄  ကျွန်တော်က အမိန့်တော်အတိုင်း သိနားလည်မှုရှိရှိ လုပ်ဆောင်ပါတယ်။+ ဒါကြောင့်လည်း မှားယွင်းတဲ့ လမ်းစဉ်မှန်သမျှကို မုန်းပါတယ်။+ נ ၁၀၅  နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေကို လမ်းပြတဲ့ မီးခွက်ပါ။ လမ်းခရီးကို လင်းစေတဲ့ အလင်းပါ။+ ၁၀၆  ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေကို စောင့်ထိန်းမယ်လို့သစ္စာဆိုထားတဲ့အတိုင်း ကျွန်တော် လုပ်ဆောင်ပါ့မယ်။ ၁၀၇  ယေဟောဝါဘုရား၊ ကျွန်တော် အကြီးအကျယ် ဒုက္ခရောက်နေတယ်။+ နှုတ်တော်ထွက်စကားအတိုင်း ကျွန်တော့်ကို အသက် ဆက်ရှင်စေပါ။+ ၁၀၈  အို ယေဟောဝါ၊ စေတနာအလျောက်ဆက်သတဲ့ ကျွန်တော့်ရဲ့ ချီးမွမ်းခြင်းအလှူတွေကို လက်ခံပေးလှည့်ပါ။+ တရားစီရင်ချက်တွေအကြောင်း သင်ကြားပေးလှည့်ပါ။+ ၁၀၉  ကျွန်တော်ဟာ အသက်အန္တရာယ် အမြဲကြုံနေရပေမဲ့ပညတ်တော်ကို မမေ့ပါဘူး။+ ၁၁၀  လူဆိုးတွေ ထောင်ချောက်ဆင်ထားပေမဲ့အမိန့်တော်တွေကနေ ကျွန်တော် လမ်းမလွဲပါဘူး။+ ၁၁၁  သတိပေးချက်တွေဟာ စိတ်ရွှင်လန်းစေတဲ့အတွက်+အဲဒါတွေကို ထာဝရပိုင်ဆိုင်ရာအဖြစ် ယူမှတ်ပါတယ်။ ၁၁၂  ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကိုသက်ဆုံးတိုင် အမြဲလိုက်နာမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။ ס ၁၁၃  စိတ်မပါ့တပါ ဖြစ်နေသူတွေကို ကျွန်တော် မုန်းပါတယ်။+ ပညတ်တော်ကိုတော့ အလွန်နှစ်သက်ပါတယ်။+ ၁၁၄  ကိုယ်တော်ဟာ ကျွန်တော့်ခိုနားရာ၊ ကျွန်တော့်ဒိုင်းလွှားပါ။+ နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက်ပါ။+ ၁၁၅  လူယုတ်မာတို့၊ ငါနဲ့ဝေးဝေးနေကြ။+ ဒါမှ ဘုရားသခင်ရဲ့ ပညတ်ချက်တွေကို ငါစောင့်ထိန်းနိုင်မှာ။ ၁၁၆  ကျွန်တော် အသက်ဆက်ရှင်နိုင်အောင်ကတိတော်အတိုင်း ထောက်မပေးပါ။+ ကျွန်တော့်မျှော်လင့်ချက်ဟာ စိတ်ပျက်စရာ မဖြစ်ပါစေနဲ့။+ ၁၁၇  ကျွန်တော် ကယ်တင်ခံရအောင် ထောက်မပေးပါ။+ ဒါဆိုရင် ကိုယ်တော့်စည်းမျဉ်းတွေကို အမြဲအာရုံစိုက်နိုင်မှာပါ။+ ၁၁၈  ကိုယ်တော်က စည်းမျဉ်းတွေကနေလမ်းလွဲသွားသူတွေကို ငြင်းပယ်တယ်။+ သူတို့ဟာ လိမ်ညာလှည့်စားတတ်လို့ပဲ။ ၁၁၉  ကမ္ဘာပေါ်မှာရှိတဲ့ လူဆိုးအားလုံးကိုလည်း အသုံးမဝင်တဲ့ချော်လို* ဖယ်ရှားပစ်တယ်။+ ဒါကြောင့် သတိပေးချက်တွေကို ကျွန်တော် အလွန်နှစ်သက်ပါတယ်။ ע ၁၂၀  ကိုယ်တော့်ကို ကြောက်လွန်းလို့ ကျွန်တော် တုန်လှုပ်နေတယ်။ တရားစီရင်ချက်တွေကို ကြောက်ပါတယ်။ ၁၂၁  ကျွန်တော်က တရားသဖြင့် စီရင်ပေးပါတယ်၊ ဖြောင့်မတ်တာကို လုပ်ဆောင်ပါတယ်။ ဖိနှိပ်သူတွေလက်ထဲ ကျွန်တော့်ကို မစွန့်ပစ်လိုက်ပါနဲ့။ ၁၂၂  ကျွန်တော်မျိုးရဲ့ အကျိုးအတွက် လုပ်ဆောင်မယ်လို့ အာမခံတော်မူပါ။ ရောင့်တက်သူတွေ ကျွန်တော့်ကို မဖိနှိပ်ပါစေနဲ့။ ၁၂၃  ကယ်တင်ခြင်းကို မျှော်ရလွန်းလို့၊ဖြောင့်မတ်တဲ့ကတိတော်ကို စောင့်မျှော်ရလွန်းလို့ မျက်စိတွေ မှုန်ဝါးနေပါပြီ။+ ၁၂၄  ကျွန်တော်မျိုးကို ခိုင်မြဲတဲ့မေတ္တာ ပြလှည့်ပါ။+ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးပါ။+ ၁၂၅  ကျွန်တော်ဟာ ကိုယ်တော့်ကျွန်ပါ။ သိနားလည်နိုင်စွမ်း ပေးသနားပါ။+ ဒါမှ သတိပေးချက်တွေကို ကျွန်တော် သိလာမှာပါ။ ၁၂၆  ပညတ်တော်ကို သူတို့ချိုးဖောက်နေလို့ယေဟောဝါ အရေးယူ လုပ်ဆောင်မယ့်အချိန် ရောက်ပြီ။+ ၁၂၇  ကျွန်တော်ကတော့ ပညတ်ချက်တွေကိုရွှေထက်မက ရွှေစင်ထက် နှစ်သက်ပါတယ်။+ ၁၂၈  ဒါကြောင့် ကိုယ်တော်ပေးတဲ့ သွန်သင်ချက်တိုင်းဟာ မှန်ကန်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။+ မှားတဲ့လမ်းစဉ်မှန်သမျှကို မုန်းပါတယ်။+ פ ၁၂၉  ကိုယ်တော်ရဲ့ သတိပေးချက်တွေဟာ နှစ်သက်စရာ ကောင်းလှပါတယ်။ ဒါကြောင့် အဲဒါတွေကို ကျွန်တော် စောင့်ထိန်းပါတယ်။ ၁၃၀  နှုတ်တော်ထွက်စကားရဲ့ ဖွင့်ဟရှင်းလင်းချက်တွေဟာ အလင်းပေးတယ်။+ အတွေ့အကြုံမရှိသူတွေကို သိနားလည်မှု ရှိစေတယ်။+ ၁၃၁  ပညတ်ချက်တွေကို တမ်းတရလွန်းလို့+ကျွန်တော် ပါးစပ်ဟပြီး သက်ပြင်းချနေရတယ်။ ၁၃၂  နာမတော်ကို ချစ်မြတ်နိုးသူတွေအတွက် ချမှတ်ထားတဲ့ တရားစီရင်ချက်နဲ့အညီ+ကျွန်တော့်ဘက်လှည့်ပြီး မျက်နှာသာပေးလှည့်ပါ။+ ၁၃၃  ကျွန်တော့်ခြေလှမ်းတွေ ဘေးကင်းဖို့ နှုတ်တော်ထွက်စကားနဲ့ လမ်းပြပေးပါ။ ဆိုးညစ်တဲ့အရာက ကျွန်တော့်ကို မစိုးမိုးပါစေနဲ့။+ ၁၃၄  ဖိနှိပ်သူတွေလက်ကနေ ကယ်တင်ပေးပါ။ အမိန့်တော်ကို လိုက်နာပါ့မယ်။ ၁၃၅  ကျွန်တော်မျိုးကို မျက်နှာတော်အလင်း ထွန်းလင်းပေးပါ။+ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးပါ။ ၁၃၆  ပညတ်တော်ကို လူတွေ မစောင့်ထိန်းကြလို့ကျွန်တော့်မှာ မျက်ရည်တွေ ချောင်းလို စီးကျနေတယ်။+ צ ၁၃၇  အို ယေဟောဝါ၊ ကိုယ်တော်ဟာ ဖြောင့်မတ်တယ်။+ တရားစီရင်ချက်တွေဟာ မျှတတယ်။+ ၁၃၈  သတိပေးချက်တွေဟာ ဖြောင့်မတ်တယ်။ အပြည့်အဝ ယုံကြည်စိတ်ချထိုက်တယ်။ ၁၃၉  နှုတ်တော်ထွက်စကားကို ရန်သူတွေ မေ့လျော့တဲ့အတွက်ကျွန်တော့်ရဲ့ စိတ်ထက်သန်မှုဟာ ရင်ထဲမှာ တောက်လောင်နေတယ်။+ ၁၄၀  နှုတ်တော်ထွက်စကားဟာ အကြွင်းမဲ့သန့်စင်တယ်။+ အဲဒါတွေကို ကျွန်တော်မျိုး အလွန်နှစ်သက်တယ်။+ ၁၄၁  ကျွန်တော်ဟာ အရေးမပါသူ၊ အထင်သေးခံရသူပါ။+ ဒါပေမဲ့ အမိန့်တော်တွေကို မမေ့ပါဘူး။ ၁၄၂  ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဟာ ထာဝရ ဖြောင့်မတ်ခြင်းပါ။+ ပညတ်တော်ကလည်း အမှန်တရားပါပဲ။+ ၁၄၃  အခက်အခဲတွေ၊ ဒုက္ခတွေ ကြုံတွေ့ရပေမဲ့ ပညတ်ချက်တွေကို ကျွန်တော် မြတ်နိုးနေဆဲပါပဲ။ ၁၄၄  ကိုယ်တော်ရဲ့ သတိပေးချက်တွေဟာ ထာဝစဉ် ဖြောင့်မတ်ပါတယ်။ ကျွန်တော် အသက်ဆက်ရှင်နိုင်ဖို့ သိနားလည်နိုင်စွမ်း ပေးသနားလှည့်ပါ။+ ק ၁၄၅  အို ယေဟောဝါ၊ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ခေါ်နေပါတယ်။ ပြန်ထူးလှည့်ပါ။ စည်းမျဉ်းတွေကို စောင့်ထိန်းပါ့မယ်။ ၁၄၆  ကိုယ်တော့်ကို ခေါ်နေပါတယ်။ ကယ်တင်ပေးပါ။ သတိပေးချက်တွေကို လိုက်နာပါ့မယ်။ ၁၄၇  မိုးမလင်းခင်ထပြီး ကိုယ်တော့်ကို အော်ဟစ်အကူအညီတောင်းပါတယ်။+ နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက်ပါ။ ၁၄၈  သန်းခေါင်ယံမှာ နိုးထပြီးကတိတော်တွေအကြောင်း စဉ်းစားဆင်ခြင်ပါတယ်။+ ၁၄၉  ခိုင်မြဲတဲ့မေတ္တာကိုထောက်ပြီး ကျွန်တော်ပြောတာကို နားထောင်ပေးပါ။+ အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ တရားမျှတမှုနဲ့အညီ ကျွန်တော့်ကို အသက်ဆက်ရှင်စေပါ။ ၁၅၀  ယုတ်ညံ့တဲ့အကျင့် ကျင့်တဲ့သူတွေ မကောင်းတဲ့အကြံနဲ့ အနားရောက်လာတယ်။ ပညတ်တော်ကို သူတို့ပစ်ပယ်ကြတယ်။ ၁၅၁  ယေဟောဝါဘုရား၊ ကျွန်တော့်အနီးအနားမှာ ကိုယ်တော်ရှိနေတယ်။+ ပညတ်ချက်တွေဟာ အမှန်တရားပါ။+ ၁၅၂  သတိပေးချက်တွေကို ထာဝစဉ်တည်အောင် ကိုယ်တော်ပြဋ္ဌာန်းခဲ့မှန်း+ဟိုးအရင်ကတည်းက ကျွန်တော် သိထားပါတယ်။ ר ၁၅၃  ကျွန်တော့်ဒုက္ခကို မြင်ပြီး ကယ်တင်ပေးပါ။+ ပညတ်တော်ကို မမေ့လျော့ပါဘူး။ ၁၅၄  ကျွန်တော့်ဘက်ကနေ ခုခံကာကွယ်ပေးပါ။ ကယ်တင်ပေးပါ။+ ကတိတော်အတိုင်း အသက်ဆက်ရှင်စေပါ။ ၁၅၅  ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို မစူးစမ်း မရှာဖွေတဲ့အတွက်လူဆိုးတွေဟာ ကယ်တင်ခြင်းနဲ့ အလှမ်းဝေးနေတယ်။+ ၁၅၆  အို ယေဟောဝါ၊ ကရုဏာတော် ကြီးမားလှပါတယ်။+ ကိုယ်တော်ရဲ့ တရားမျှတမှုနဲ့အညီ ကျွန်တော့်ကို အသက်ဆက်ရှင်စေပါ။ ၁၅၇  နှိပ်စက်သူတွေ၊ ရန်သူတွေ များလှပေမဲ့+ ကိုယ်တော်ရဲ့ သတိပေးချက်တွေကနေ ကျွန်တော် သွေဖည်မသွားပါဘူး။ ၁၅၈  သစ္စာဖောက်တွေက နှုတ်တော်ထွက်စကားအတိုင်း မလိုက်နာတဲ့အတွက်သူတို့ကို ကျွန်တော် ရွံတယ်။+ ၁၅၉  အမိန့်တော်တွေကို ကျွန်တော် နှစ်သက်တယ်ဆိုတာ မြင်လှည့်ပါ။ အို ယေဟောဝါ၊ ခိုင်မြဲတဲ့မေတ္တာတော်နဲ့အညီ အသက်ဆက်ရှင်စေပါ။+ ၁၆၀  နှုတ်တော်ထွက်စကားရဲ့ အနှစ်သာရဟာ အမှန်တရားပါ။+ ဖြောင့်မတ်တဲ့ တရားစီရင်ချက်မှန်သမျှ ထာဝစဉ် တည်မြဲပါတယ်။ ש ၁၆၁  မင်းညီမင်းသားတွေက အကြောင်းမဲ့ နှိပ်စက်ကြပေမဲ့+ကျွန်တော့်ရင်ထဲမှာ နှုတ်တော်ထွက်စကားကို လေးမြတ်လှပါတယ်။+ ၁၆၂  တိုက်ရာပါဥစ္စာတွေ အများကြီးရလို့ ဝမ်းမြောက်နေသူလိုနှုတ်တော်ထွက်စကားကြောင့် ကျွန်တော် ဝမ်းမြောက်နေပါတယ်။+ ၁၆၃  မဟုတ်မမှန်တာကို ကျွန်တော်မုန်းတယ်။ ရွံတယ်။+ ပညတ်တော်ကိုတော့ အလွန်နှစ်သက်ပါတယ်။+ ၁၆၄  ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေကြောင့်ကိုယ်တော့်ကို တစ်ရက်မှာ ခုနစ်ကြိမ် ချီးမွမ်းပါတယ်။ ၁၆၅  ပညတ်တော်ကို အလွန်နှစ်သက်သူတွေဟာ သိပ်ကို ငြိမ်သက်အေးချမ်းပါတယ်။+ ဘာကမှ သူတို့ကို တိုက်မိလဲအောင် မလုပ်နိုင်ဘူး။ ၁၆၆  အို ယေဟောဝါ၊ ကယ်တင်ခြင်းကျေးဇူးကို ကျွန်တော်မျှော်လင့်ပါတယ်။ ပညတ်ချက်တွေကို စောင့်ထိန်းပါတယ်။ ၁၆၇  ကိုယ်တော်ရဲ့ သတိပေးချက်တွေကို လိုက်နာတယ်။ အဲဒါတွေကို သိပ်နှစ်သက်ပါတယ်။+ ၁၆၈  အမိန့်တော်နဲ့ သတိပေးချက်တွေကို ကျွန်တော် စောင့်ထိန်းပါတယ်။ ကျွန်တော် ဘာပဲလုပ်လုပ် ကိုယ်တော်သိနေတယ်။+ ת ၁၆၉  အို ယေဟောဝါ၊ ကျွန်တော့်ရဲ့ အကူအညီတောင်းသံဟာ ရှေ့တော်ကို ရောက်ပါစေ။+ နှုတ်တော်ထွက်စကားအတိုင်း သိနားလည်နိုင်စွမ်း ပေးလှည့်ပါ။+ ၁၇၀  မျက်နှာသာပေးပါလို့ ကျွန်တော် အသနားခံနေတာကို ကိုယ်တော်ကြားပါစေ။ ကတိတော်အတိုင်း ကယ်တင်ပေးလှည့်ပါ။ ၁၇၁  စည်းမျဉ်းတွေအကြောင်း ကိုယ်တော် သင်ကြားပေးတဲ့အတွက်ကျွန်တော့်နှုတ်ကနေ ချီးမွမ်းစကားတွေ လျှံကျနေပါစေ။+ ၁၇၂  ပညတ်ချက်မှန်သမျှ ဖြောင့်မတ်တဲ့အတွက်နှုတ်တော်ထွက်စကားအကြောင်း သီချင်းဆိုပါရစေ။+ ၁၇၃  အမိန့်တော်တွေကို လိုက်နာဖို့ ရွေးချယ်တဲ့အတွက်+လက်တော်က ကျွန်တော့်ကိုကူညီဖို့ အသင့်ရှိနေပါစေ။+ ၁၇၄  ယေဟောဝါဘုရား၊ ကယ်တင်ခြင်းကျေးဇူးကို ကျွန်တော် တောင့်တပါတယ်။ ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။+ ၁၇၅  ကိုယ်တော့်ကို ချီးမွမ်းနိုင်ဖို့ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးပါ။+ တရားစီရင်ချက်တွေဟာ ကျွန်တော့်ကို ကူညီပေးပါစေ။ ၁၇၆  လမ်းပျောက်တဲ့သိုးလို ဖြစ်နေလို့+ ကျွန်တော်မျိုးကို လိုက်ရှာလှည့်ပါ။ ပညတ်ချက်တွေကို မမေ့ပါဘူး။+

အောက်ခြေမှတ်ချက်များ

“ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေအတွက် အဲဒီကတိတော် ပေးခဲ့တာပါ” လည်းဖြစ်နိုင်။
“လိမ်ညာပြောပြီး ကျွန်တော့်ကို ပြစ်မှားတဲ့အတွက်” လည်းဖြစ်နိုင်။
ရွှေငွေ အရည်ကျိုတဲ့အခါ ထွက်လာတဲ့ အမှိုက်သရိုက်။