ဆာလံ ၁၂:၁-၈

  • ယေဟောဝါ ထပြီး အရေးယူလုပ်ဆောင်

    • နှုတ်တော်ထွက်စကားတွေ စင်ကြယ် ()

ဂီတမှူးသို့။ ရှေမိနိတ်သံ* နဲ့တီးခတ်ရန်။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၁၂  ယေဟောဝါဘုရား၊  ကျွန်တော့်ကို ကယ်ပါဦး။ သစ္စာစောင့်သိသူ တစ်ယောက်မှ မရှိတော့ဘူး။ လူတွေထဲမှာ သစ္စာရှိသူတွေကို ရှာမတွေ့နိုင်တော့ဘူး။  ၂  လူတွေ အချင်းချင်း လိမ်ညာပြောကြတယ်။ နှုတ်ခမ်းနဲ့ မြှောက်ပင့်ပြီး လှည့်စားတတ်တဲ့စိတ်နဲ့ ပြောကြတယ်။+  ၃  မြှောက်ပင့်တတ်တဲ့ နှုတ်ခမ်း၊ကြွားလုံးထုတ်တတ်တဲ့ လျှာကို ယေဟောဝါ ဖြတ်ပစ်လိမ့်မယ်။+  ၄  “ငါတို့က စကားနဲ့ အနိုင်ယူမယ်။ ကိုယ်ကြိုက်သလို ကိုယ်ပြောမယ်။ ငါတို့ကို ဘယ်သူမှ ဆရာ လာမလုပ်နဲ့” လို့ သူတို့ပြောတယ်။+  ၅  ဒါကြောင့် ယေဟောဝါက “ဒုက္ခရောက်သူတွေ ဖိနှိပ်ခံရပြီးဆင်းရဲသားတွေ ညည်းတွားနေရတဲ့အတွက်+ငါထပြီး အရေးယူလုပ်ဆောင်မယ်။ သူတို့ကို အထင်သေးသူတွေရဲ့ လက်ကနေ ငါကယ်တင်မယ်” လို့ပြောတယ်။  ၆  ယေဟောဝါရဲ့ နှုတ်ထွက်စကားတွေဟာ စင်ကြယ်တယ်။+ မြေမီးဖိုထဲမှာ ခုနစ်ကြိမ် သန့်စင်ထားတဲ့ ငွေနဲ့တူတယ်။  ၇  အို ယေဟောဝါ၊ သူတို့ကို ကိုယ်တော် စောင့်ရှောက်လိမ့်မယ်။+ သူတို့အားလုံးကို ဒီလူမျိုးဆက်ရဲ့ရန်ကနေ ထာဝစဉ် ကာကွယ်ပေးလိမ့်မယ်။  ၈  စာရိတ္တပျက်ပြားမှုကို လူတွေအားပေးအားမြှောက် လုပ်နေတဲ့အတွက်လူဆိုးတွေလည်း ထင်ရာစိုင်း သွားလာနေတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။