ဆာလံ ၁၃၅:၁-၂၁

  • ကြီးမြတ်​မှု​အတွက် ဘုရား​ကို​ချီး​မွမ်း

    • အီဂျစ်​မှာ​ပြတဲ့ အံ့​ဖွယ်​အမှု​နဲ့ ထူး​ဆန်း​တဲ့​အရာတွေ (၈၊ ၉)

    • “နာ​မတော်​ဟာ ထာ​ဝ​စဉ်​တည်​မြဲ” (၁၃)

    • သက်​မဲ့​ရုပ်​တု​များ (၁၅-၁၈)

၁၃၅  ယေဟောဝါ​ကို ချီး​မွမ်း​ကြ။* ယေဟောဝါ​ရဲ့ နာ​မည်​ကို ချီး​မွမ်း​ကြ။ ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တို့ ချီး​မွမ်း​ကြ။+  ၂  ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ၊ ဘုရား​သခင့်​အိမ်​တော် ရင်​ပြင်​တွေ​မှာ အမှု​ဆောင်​နေ​သူတို့၊+ဘု​ရား​ကို ချီး​မွမ်း​ကြ။  ၃  ယေဟောဝါ​ကို ချီး​မွမ်း​ကြ။ ယေဟောဝါ​ဟာ ကောင်းမြတ်​တယ်။+ နာ​မတော်​ကို ချီး​မွမ်း​သီချင်း​ဆို​ကြ။ အဲဒီ​လို​ချီး​မွမ်း​တာ သိပ်​ကောင်း​တယ်။  ၄  ယေဟောဝါ​က ယာကုပ်​ကို မိမိ​အတွက် ရွေး​ချယ်​လိုက်​ပြီ။ အစ္စရေး​ကို တန်​ဖိုး​အထား​ရ​ဆုံး လူမျိုး​အဖြစ် ရွေး​ချယ်​ လိုက်ပြီ။+  ၅  ယေဟောဝါ​ဟာ ကြီးမြတ်​တယ်​ဆိုတာ ငါ​ကောင်း​ကောင်း​သိ​တယ်။ ငါ​တို့​သခင်​ဟာ တ​ခြား​ဘု​ရား​အားလုံး​ထက် ကြီးမြတ်​တယ်။+  ၆  ယေဟောဝါ​က ကောင်း​ကင်​နဲ့​ ကမ္ဘာ​မြေပေါ်​မှာ၊ ပင်လယ်​နဲ့ နက်ရှိုင်း​တဲ့​ရေ​ထု​မှာအလို​ရှိ​ရာ​မှန်​သမျှ လုပ်​ဆောင်​တယ်။+  ၇  ကမ္ဘာ​မြေ အစွန်​အဖျား​တွေ​မှာ မိုး​တိမ်​တွေ တက်​လာ​စေ​တယ်။ မိုး​တွေ​နဲ့​အတူ လျှပ်​စီး​တွေ လက်​စေ​တယ်။* ဘဏ္ဍာ​တိုက်​တွေ​ထဲ​က​နေ လေ​ကို ခေါ်​ထုတ်​လာ​တယ်။+  ၈  အီဂျစ်​ပြည်​မှာ​ရှိ​တဲ့ သား​ဦးတွေ​ကို ကွပ်​မျက်​တယ်။ လူ​ရော တိ​ရစ္ဆာန်​ပါ ပါ​တယ်။+  ၉  အီဂျစ်​ပြည်၊ ဘု​ရား​က မင်း​အလယ်​မှာ၊ ဖာ​ရော​နဲ့ အမှု​ထမ်း​တွေ​ရှေ့​မှာ+ထူး​ဆန်း​တဲ့​အရာတွေ၊ အံ့​ဖွယ်​အမှု​တွေ လုပ်​ပြတယ်။+ ၁၀  တ​ခြား​လူမျိုး အများ​ကြီး​ကိုဒဏ်​ခတ်​တယ်။+ ခွန်​အား​ကြီး​ဘု​ရင်တွေ​ကိုကွပ်​မျက်​တယ်။+ ၁၁  အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်၊+ ဗာရှန်​ဘု​ရင် သြဂတ်​နဲ့+ ခါ​နန်​ပြည်​ရဲ့ တိုင်း​နိုင်​ငံ​အားလုံး​ကို နှိမ်​နင်း​တယ်။ ၁၂  သူတို့​ရဲ့​တိုင်း​ပြည်​ကိုလူမျိုး​တော် အစ္စရေး​အတွက် အမွေ​အဖြစ် ပေး​ခဲ့​တယ်။+ ၁၃  အို ယေဟောဝါ၊ နာ​မတော်​ဟာ ထာ​ဝ​စဉ် တည်​မြဲတယ်။ ယေဟောဝါ​ဘု​ရား၊ ကိုယ်​တော်ရဲ့ ဂုဏ်​သတင်း​ဟာ လူမျိုး​အဆက်​ဆက် တည်​မြဲတယ်။+ ၁၄  ယေဟောဝါ​က လူမျိုး​တော်​ဘက်​က​နေ ခု​ခံ​ကာ​ကွယ်​လိမ့်​မယ်။+ မိမိ​ရဲ့​ကျေး​ကျွန်​တွေ​ကို သနား​စာ​နာ​လိမ့်​မယ်။+ ၁၅  တ​ခြား​လူမျိုး​တွေရဲ့ ဘု​ရားတွေ​ဟာ ရွှေ​ငွေ​နဲ့​လုပ်​ထား​တဲ့ ရုပ်​တု​တွေ​ပဲ။ လူ့​လက်​နဲ့ လုပ်​ထား​တာ​တွေ​ပဲ။+ ၁၆  အဲဒီ​ရုပ်​တု​တွေ​မှာ ပါး​စပ်​ရှိ​ပေမဲ့ စကား​မပြော​တတ်​ဘူး။+ မျက်​စိ​ရှိ​ပေမဲ့ မမြင်​ဘူး။ ၁၇  နား​ရှိ​ပေမဲ့ မကြား​ဘူး။ ခံ​တွင်း​ထဲ​မှာ​လည်း ထွက်​သက်​ဝင်​သက် မရှိ​ဘူး။+ ၁၈  ရုပ်​တု​လုပ်​တဲ့​သူ​တွေရော ယုံ​ကြည်​ကိုး​စား​သူ​တွေ​ပါအဲဒီ​ရုပ်​တု​တွေ​လို​ပဲ ဖြစ်​သွား​လိမ့်​မယ်။+ ၁၉  အစ္စရေး​အမျိုး၊ ယေဟောဝါ​ကို ချီးမွမ်း​ကြ။ အာ​ရုန်​အမျိုး၊ ယေဟောဝါ​ကို ချီးမွမ်း​ကြ။ ၂၀  လေ​ဝိအမျိုး၊ ယေဟောဝါ​ကို ချီးမွမ်း​ကြ။+ ယေဟောဝါ​ကို ကြောက်​ရွံ့​​ ရိုသေသူတို့၊ ယေဟောဝါ​ကို ချီးမွမ်း​ကြ။ ၂၁  ဂျေရု​ဆ​လင်​မှာ စံ​မြန်း​တဲ့​အရှင် ယေဟောဝါ​ကို+ဇိ​အုန်​မှာ ဂုဏ်​တင်​ချီး​မွမ်း​ကြ​ပါ​စေ။+ ယေဟောဝါ​ကို ချီး​မွမ်း​ကြ။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဟာ​လေ​လု​ယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီး​မွမ်း​ကြ။” ‘ယ’ ဆို​တာ ယေဟောဝါ​ရဲ့ အတို​ကောက်​နာ​မည်။ နောက်​ဆက်​တွဲ က​၅ ကို​ကြည့်။
“မိုး​ရေ​အတွက် ရေ​တံခါး​ကို ဖန်​ဆင်း​တယ်” လည်း​ဖြစ်​နိုင်။