ဆာလံ ၁၃၇:၁-၉
၁၃၇ ဇိအုန်ကို လွမ်းဆွတ်တဲ့အခါဗာဗုလုန်မြို့ရဲ့ မြစ်ကမ်းဘေးတွေမှာ+ ထိုင်ပြီး ငါတို့ငိုကြတယ်။+
၂ ကမ်းဘေးက မိုးမခပင်တွေမှာငါတို့ရဲ့စောင်းတွေကို ချိတ်ထားတယ်။+
၃ ဖမ်းခေါ်လာသူတွေက ငါတို့ကို သီချင်းဆိုခိုင်းတယ်။+
လှောင်ပြောင်သူတွေက ငါတို့ကို သရော်ချင်တော့“ဇိအုန်သီချင်း တစ်ပုဒ်လောက် ဆိုပြစမ်းပါ” လို့ပြောကြတယ်။
၄ ယေဟောဝါကို ချီးမွမ်းတဲ့သီချင်းကိုတိုင်းတစ်ပါးမှာ ငါတို့ ဘယ်လိုလုပ် သီဆိုနိုင်မှာလဲ။
၅ အို ဂျေရုဆလင်၊ မင်းကိုသာ ငါမေ့ခဲ့ရင်ငါ့ညာလက်ဟာ သုံးမရတော့တဲ့လက် ဖြစ်သွားပါစေ။+
၆ မင်းကိုသာ ငါသတိမရခဲ့ရင်၊ဂျေရုဆလင်ဟာ ပျော်ရွှင်မှုအပေးဆုံးအရာပဲလို့ငါမသတ်မှတ်ခဲ့ရင်ငါ့လျှာဟာ အာခေါင်မှာ ကပ်သွားပါစေ။+
၇ အို ယေဟောဝါ၊ ဂျေရုဆလင် ကျဆုံးတဲ့နေ့မှာ“မြို့ကို ဖြိုချပစ်။ အုတ်မြစ်ပါမကျန် ဖြိုချပစ်” ဆိုပြီးဧဒုံလူမျိုးတွေ ပြောခဲ့တာကို သတိရလှည့်ပါ။+
၈ ဖျက်ဆီးခံရတော့မယ့် ဗာဗုလုန်သမီးပျို၊+ငါတို့ကို နှိပ်စက်ခဲ့တဲ့အတိုင်းမင်းကို ပြန်ဆပ်ပေးတဲ့သူဟာ ပျော်ရွှင်လိမ့်မယ်။+
၉ မင်းရဲ့သားသမီးတွေကို ဖမ်းပြီးကျောက်ပေါ်မှာ ဆောင့်သတ်တဲ့သူဟာ ပျော်ရွှင်လိမ့်မယ်။+