ဆာလံ ၁၄၁:၁-၁၀

  • ကာကွယ်ပေးဖို့ ဆုတောင်းချက်

    • “ကျွန်တော့်ဆုတောင်းချက် နံ့သာပေါင်းလို ဖြစ်ပါစေ” ()

    • ဖြောင့်မတ်သူရဲ့ ပဲ့ပြင်မှုဟာ ဆီလိုပါပဲ ()

    • လူဆိုးတွေ ကိုယ့်ထောင်ချောက်ထဲ ပြန်ကျ (၁၀)

ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၁၄၁  အို ယေဟောဝါ၊ ကိုယ်တော့်ကိုဆုတောင်းပါတယ်။+ အမြန်ဆုံး လာကူညီလှည့်ပါ။+ ကျွန်တော် ဆုတောင်းတဲ့အခါ အာရုံစိုက်ပေးလှည့်ပါ။+  ၂  ကျွန်တော့်ရဲ့ ဆုတောင်းချက်ဟာ ရှေ့တော်မှာ ပြင်ဆင်ထားတဲ့နံ့သာပေါင်းလို+ ဖြစ်ပါစေ။+ လက်ဖြန့်ပြီး တောင်းတဲ့ဆုဟာလည်း ညဦးပိုင်း ကောက်နှံအလှူလို ဖြစ်ပါစေ။+  ၃  အို ယေဟောဝါ၊ ကျွန်တော့်နှုတ်မှာ အစောင့်ချထားပေးပါ။ နှုတ်ခမ်းတံခါးဝမှာ ကင်းစောင့်ချထားပေးပါ။+  ၄  လူယုတ်မာတွေနဲ့အတူ ယုတ်ညံ့တဲ့အကျင့်တွေ မကျင့်မိအောင်ကျွန်တော့်စိတ်ကို မကောင်းတဲ့ဘက် မတိမ်းညွတ်စေပါနဲ့။+ သူတို့ရဲ့ စားကောင်းသောက်ဖွယ်တွေကို ကျွန်တော် ဘယ်တော့မှ မစားပါရစေနဲ့။  ၅  ဖြောင့်မတ်သူက ကျွန်တော့်ကို ရိုက်ပါစေ။ ဒါဟာ ခိုင်မြဲတဲ့မေတ္တာကို ပြတာပဲ။+ ကျွန်တော့်ကို ပဲ့ပြင်ပါစေ။ ဒါဟာ ခေါင်းပေါ် ဆီလောင်းသလိုပါပဲ။+ ကျွန်တော် ဘယ်တော့မှ မငြင်းပါဘူး။+ သူဘေးဆိုးကြုံရချိန်မှာတောင် သူ့အတွက် ဆုတောင်းပေးနေမှာပါ။  ၆  တရားသူကြီးတွေ ချောက်ကမ်းပါးပေါ်ကနေ ပစ်ချခံရပေမဲ့လူတွေက ကျွန်တော့်စကားတွေကို အာရုံစိုက်ကြလိမ့်မယ်။ အဲဒီစကားတွေဟာ နှစ်သက်စရာ ကောင်းလို့ပါ။  ၇  ထယ်ထိုးလိုက်တဲ့အခါ မြေစိုင်တွေ ပွတက်လာသလိုကျွန်တော်တို့ရဲ့ အရိုးတွေလည်း သင်္ချိုင်းတွင်းဝမှာ ပြန့်ကျဲနေတယ်။  ၈  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ကိုယ်တော့်ကို မျှော်ကိုးပါတယ်။+ ကိုယ်တော့်ဆီမှာ ခိုလှုံပါတယ်။ ကျွန်တော့်အသက်ကို မရုပ်သိမ်းလိုက်ပါနဲ့။  ၉  ကျွန်တော့်အတွက် ဆင်ထားတဲ့ ထောင်ချောက်ထဲ၊လူယုတ်မာတွေရဲ့ ကျော့ကွင်းထဲ မကျသွားအောင် ကာကွယ်ပေးပါ။ ၁၀  ဘေးမသီရန်မခ ကျွန်တော် ဖြတ်ကျော်သွားတဲ့အခါလူဆိုးအားလုံး ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်ကျလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ