ဆာလံ ၁၇:၁-၁၅

  • ကာကွယ်မှုရဖို့ ဆုတောင်းချက်

    • “ကျွန်တော့်စိတ်နှလုံးကို ကိုယ်တော် စစ်ဆေး” ()

    • “အတောင်တော် အရိပ်အောက်မှာ” ()

ဒါဝိဒ်ရဲ့ ဆုတောင်းချက်။ ၁၇  အို ယေဟောဝါ၊ တရားမျှတမှုအတွက် ကျွန်တော် အသနားခံ နေတာကို ကြားလှည့်ပါ။ ကျွန်တော် အကူအညီတောင်းတာကို အာရုံစိုက်ပေးပါ။ စိတ်ရင်းမှန်နဲ့ ဆုတောင်းတာကို နားထောင်ပေးပါ။+  ၂  ကျွန်တော့်အတွက် တရားသဖြင့် ဆုံးဖြတ်ပေးပါ။+ ကျွန်တော် ဖြောင့်မှန်တယ်ဆိုတာ ကိုယ်တော် တွေ့မြင်ပါစေ။  ၃  ကျွန်တော့် စိတ်နှလုံးကို ကိုယ်တော် စစ်ဆေးတယ်။ ညအချိန်မှာ ကျွန်တော့်ကို စစ်ကြောတယ်။+ ကျွန်တော့်ကို သန့်စင်ပေးတယ်။+ မကောင်းတာ တစ်ခုမှ မကြံစည်မှန်း၊နှုတ်နဲ့လည်း မပြစ်မှားမှန်း ကိုယ်တော် သိတယ်။  ၄  လူတွေ ဘာတွေပဲ လုပ်နေပါစေ၊ကျွန်တော်ကတော့ နှုတ်တော်ထွက်စကားကြောင့် ဓားပြတွေရဲ့ လမ်းစဉ်ကို ရှောင်ရှားနိုင်တာပါ။+  ၅  ကျွန်တော် တိုက်မိမလဲရအောင်+ ကိုယ်တော့်လမ်းတွေပေါ်မှာပဲ လျှောက်လှမ်းပါရစေ။  ၆  အို ဘုရားသခင်၊ ကိုယ်တော် နားထောင်မယ်ဆိုတာသိလို့ တောင်းလျှောက်ရတာပါ။+ နားကိုစွင့်ပြီး ကျွန်တော် ပြောတာကို နားထောင်ပေးပါ။+  ၇  ပုန်ကန်သူတွေရဲ့ရန်ကနေ လွတ်ဖို့ညာလက်ရုံးတော်အောက်မှာ လာခိုလှုံတဲ့သူတွေကို ကယ်တင်တဲ့အရှင်၊ခိုင်မြဲတဲ့မေတ္တာတော်ကို အံ့ဖွယ်နည်းနဲ့ ပြသလှည့်ပါ။+  ၈  ကိုယ်တော်ရဲ့ မျက်ဆန်လို ကျွန်တော့်ကို ကာကွယ်ပေးပါ။+ အတောင်တော် အရိပ်အောက်မှာ ဝှက်ထားပေးပါ။+  ၉  တိုက်ခိုက်နေတဲ့ လူဆိုးတွေ၊ဝိုင်းရံထားတဲ့ ရန်သူတွေလက်ကနေ ကာကွယ်ပေးပါ။+ ၁၀  သူတို့မှာ စာနာစိတ် မရှိဘူး။ မောက်မောက်မာမာ ပြောတတ်တယ်။ ၁၁  ကျွန်တော်တို့ကို ဝိုင်းရံပိတ်ဆို့ထားတယ်။+ အလဲထိုးဖို့ အခွင့်ကောင်း စောင့်နေတယ်။ ၁၂  သားကောင်ကို အပိုင်းပိုင်းဆွဲဖြတ်ချင်တဲ့ ခြင်္သေ့လိုပဲ။ ဝပ်ပြီး ချောင်းမြောင်းနေတဲ့ ခြင်္သေ့ပျိုလိုပဲ။ ၁၃  အို ယေဟောဝါ၊ ထတော်မူပါ။ ရန်သူကို ထိပ်တိုက်ရင်ဆိုင်ပြီး+ ရှုံးနိမ့်စေပါ။ လူဆိုးရဲ့လက်ကနေ ကိုယ်တော့်ဓားနဲ့ ကယ်တင်ပေးပါ။ ၁၄  ယေဟောဝါဘုရား၊ ဒီလောကသားတွေလက်ကနေ လက်ရုံးတော်နဲ့ ကယ်တင်ပေးပါ။ သူတို့ရဲ့ဝေစုဟာ လက်ရှိ အသက်တာအတွက်ပဲ။+ ကောင်းတဲ့အရာတွေ ကိုယ်တော် ဖြည့်ဆည်းပေးတဲ့အတွက်+ သူတို့လည်း သားသမီးတွေအတွက် အမွေဥစ္စာ ချန်ထားကြတယ်။ ၁၅  ကျွန်တော်ကတော့ ဖြောင့်မတ်တဲ့အတွက် မျက်နှာတော်ကို ဖူးမြင်ခွင့်ရလိမ့်မယ်။ နိုးထလာတဲ့အခါ ကိုယ်တော့်ကို မြင်ရရင်ပဲ ကျေနပ်ပါပြီ။+

အောက်ခြေမှတ်ချက်များ