ဆာလံ ၂၃:၁-၆

  • “ယေဟောဝါဟာ ငါ့သိုးထိန်းပါ”

    • “လိုလေသေးမရှိ ငါပြည့်စုံနေတာ” ()

    • “ငါ့ကို လန်းဆန်းစေတယ်” ()

    • “ကျွန်တော့်ခွက်ဟာ ပြည့်လျှံနေတယ်” ()

ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၂၃  ယေဟောဝါဟာ ငါ့သိုးထိန်းပါ။+ လိုလေသေးမရှိ ငါပြည့်စုံနေတာ။+  ၂  ငါ့ကို စိမ်းစိုတဲ့စားကျက်တွေမှာ နားနေစေတယ်။ ရေပေါများတဲ့နေရာဆီ* ဦးဆောင်ခေါ်သွားတယ်။+  ၃  ငါ့ကို လန်းဆန်းစေတယ်။+ နာမတော်ကိုထောက်ပြီး ဖြောင့်မတ်ခြင်းလမ်းထဲ ဦးဆောင်ခေါ်သွားတယ်။+  ၄  မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ လျှောက်ရပေမဲ့+ ကိုယ်တော်ရှိနေလို့+ ဘာအန္တရာယ်မှ မကြောက်ဘူး။+ နှင်တံနဲ့ တောင်ဝှေးတော်ကြောင့် ကျွန်တော် စိတ်အေးလက်အေး ဖြစ်နေတယ်။  ၅  ကိုယ်တော်က ရန်သူရှေ့မှာ စားသောက်ပွဲ တည်ခင်းပေးတယ်။+ ကျွန်တော့်ခေါင်းကို ဆီလိမ်းပေးတယ်။+ ကျွန်တော့်ခွက်ဟာ ပြည့်လျှံနေတယ်။+  ၆  ကောင်းမြတ်ခြင်းကျေးဇူးနဲ့ ခိုင်မြဲတဲ့မေတ္တာကိုအသက်ထက်ဆုံး ကျွန်တော် ခံစားရလိမ့်မယ်။+ ယေဟောဝါရဲ့ အိမ်တော်မှာ တစ်သက်လုံး နေထိုင်သွားမယ်။+

အောက်ခြေမှတ်ချက်များ

“အေးမြတဲ့ ရေပြင်ဆီ” လည်းဖြစ်နိုင်။