ဆာလံ ၂၉:၁-၁၁

  • ယေဟောဝါ​ရဲ့ တန်ခိုး​ပါ​တဲ့​အသံ

    • သန့်​ရှင်း​တဲ့​အဝတ် ဝတ်​ပြီး ကိုးကွယ်​ပါ ()

    • ‘ဘုန်း​တန်ခိုး​ကြီး​တဲ့ ဘုရား​ရဲ့​အသံ​ဟာ မိုး​ခြိမ်း​သံနဲ့တူ’ ()

    • လူမျိုး​တော်​ကို ယေဟောဝါ အစွမ်း​ခွန်​အား​ပေး (၁၁)

ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၂၉  ခွန်​အား​ကြီး​သူတို့၊ ယေဟောဝါ ရ​ထိုက်​တာ​ကို ပေး​ကြ။ ယေဟောဝါ​က ဘုန်း​အသရေ​နဲ့ အစွမ်း​ခွန်​အား​ရှိ​တဲ့​အတွက် ဘုရားရ​ထိုက်​တာ​ကို​ ပေးကြ။+  ၂  ယေဟောဝါ​ရဲ့ ဘုန်း​အသရေ​နဲ့ ပြည့်​စုံ​တဲ့ နာ​မည်​ကို ဂုဏ်​တင်​ ချီး​မွမ်း​ကြ။ သန့်​ရှင်း​တဲ့​အဝတ်​တွေ ဝတ်​ပြီး* ယေဟောဝါ​ကို ဦး​ချ​ကြ။  ၃  ရေ​ပြင်​ပေါ်​မှာ ယေဟောဝါ​ရဲ့ အသံ​ကို ကြား​ရ​တယ်။ ဘုန်း​တန်ခိုး​ကြီး​တဲ့ ဘု​ရားရဲ့ အသံ​ဟာ မိုး​ခြိမ်း​သံ​နဲ့ တူ​တယ်။+ ရေ​ပြင်​ကြီး​အထက်​မှာ ယေဟောဝါ တည်​ရှိ​တယ်။+  ၄  ယေဟောဝါ​ရဲ့​အသံ​ဟာ တန်ခိုး​ပါ​တယ်။+ ယေဟောဝါ​ရဲ့​အသံ​ဟာ ထည်​ဝါ​တယ်။  ၅  ယေဟောဝါ​ရဲ့​အသံ​ကြောင့် သစ်​က​တိုး​ပင်​တွေ ကျိုး​ပဲ့​ကုန်​တယ်။ ယေဟောဝါ​ဟာ လက်​ဘ​နွန်​က သစ်​က​တိုး​ပင်​တွေ​ကို အစိတ်​စိတ်​အမြွှာ​မြွှာ ဖြစ်​စေ​တယ်။+  ၆  လက်​ဘ​နွန်​တောင်​တန်း​ကို နွား​ပေါက်​လေး​လို၊စိ​ရုန်​တောင်​ကို+ နွား​ရိုင်း​ပျို​လို ခုန်​ပေါက်​စေ​တယ်။  ၇  ယေဟောဝါ​ရဲ့ အသံ​ကြောင့် လျှပ်​စီး​တွေ လင်း​လက်​သွား​တယ်။+  ၈  ယေဟောဝါ​ရဲ့ အသံ​ကြောင့် တော​ကန္တာရ​ဟာ သိမ့်​သိမ့်​တုန်​သွား​တယ်။+ ယေဟောဝါ​ဟာ ကာ​ဒေ​ရှ​တော​ကန္တာရ​ကို+ သိမ့်​သိမ့်​တုန်​စေ​တယ်။  ၉  ယေဟောဝါ​ရဲ့ အသံ​ကြောင့် သမင်​မဟာ တ​ဆတ်​ဆတ်​ တုန်​ပြီး သား​ဖွား​တော့​တယ်။ သစ်​တော​တွေ ပြောင်​တ​လင်း​ခါ​ကုန်​တယ်။+ “ဘု​ရား​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ” ဆို​ပြီး ဗိမာန်​တော်​ထဲ​က လူ​အားလုံး ကြွေး​ကြော်​ကြ​တယ်။ ၁၀  ယေဟောဝါ​ဟာ ရေ​ပြင်​ကျယ်​ကြီး​ပေါ်​မှာ နန်း​ထိုင်​တယ်။+ ယေဟောဝါ​ဟာ ထာ​ဝ​ရ​ဘု​ရင်​အဖြစ် နန်း​ထိုင်​တယ်။+ ၁၁  လူမျိုး​တော်​ကို ယေဟောဝါ အစွမ်း​ခွန်​အား​ပေး​လိမ့်​မယ်။+ ငြိမ်သက်​ခြင်း​ကောင်း​ချီး​ကို ယေဟောဝါ ပေး​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“သန့်​ရှင်း​မြင့်မြတ်​တဲ့ ဘုန်း​တော်​ကြောင့်” လည်း​ဖြစ်​နိုင်။