ဆာလံ ၃၆:၁-၁၂

  • အဖိုးထိုက်တဲ့ ခိုင်မြဲသောမေတ္တာတော်

    • ဘုရားသခင်ကို လူဆိုး မကြောက် ()

    • အသက်ရဲ့ပင်ရင်း ဘုရားသခင် ()

    • ‘အလင်းတော်ကြောင့်သာ အလင်းကို မြင်တွေ့နိုင်တာပါ’ ()

ဂီတမှူးသို့။ ယေဟောဝါရဲ့ကျွန် ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၃၆  လူဆိုးရဲ့စိတ်ထဲမှာ အပြစ်က စကားပြောနေတယ်။ လူဆိုးက ဘုရားသခင်ကို ကြောက်ရကောင်းမှန်း မသိဘူး။+  ၂  ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့အတွက် ကိုယ့်အမှားကို မြင်လည်း မမြင်ဘူး၊ မုန်းလည်း မမုန်းဘူး။+  ၃  သူ့နှုတ်ကထွက်တဲ့ စကားတွေဟာ ထိခိုက်စေတယ်။ လှည့်စားတတ်တယ်။ မှန်ရာလုပ်တဲ့အခါ လိုအပ်တဲ့ ထိုးထွင်းဉာဏ်မျိုး သူ့မှာ မရှိဘူး။  ၄  အိပ်ရာပေါ် ရှိနေချိန်မှာတောင် သူတစ်ပါးကို အကောက်ကြံနေတယ်။ မကောင်းတဲ့လမ်းပေါ် ရပ်မြဲရပ်နေတယ်။ မကောင်းမှုကို မငြင်းပယ်ဘူး။  ၅  ယေဟောဝါဘုရား၊ ခိုင်မြဲတဲ့မေတ္တာတော်ဟာ ကောင်းကင်အထိ၊+သစ္စာတရားဟာ မိုးတိမ်တွေအထိ မြင့်မားလှတယ်။  ၆  ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဟာ ခံ့ညားတဲ့ တောင်တန်းကြီးလိုပါပဲ။+ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေဟာ နက်ရှိုင်းတဲ့ ရေထုကြီးလိုပါပဲ။+ အို ယေဟောဝါ၊ လူတွေရော တိရစ္ဆာန်တွေပါ ရှင်သန်နေတာ ကိုယ်တော်ကြောင့်ပါ။+  ၇  အို ဘုရားသခင်၊ ခိုင်မြဲတဲ့မေတ္တာတော်ဟာ အဖိုးထိုက်လှတယ်။+ အတောင်တော် အရိပ်အောက်မှာလူသားတွေ ခိုလှုံကြတယ်။+  ၈  အိမ်တော်ထဲက အဆီအနှစ်တွေကို သူတို့ ဝဝလင်လင် သောက်သုံးရတယ်။+ ကိုယ်တော်က သူတို့ကို ကောင်းမြတ်ခြင်းမြစ်ရေ သောက်သုံးစေတယ်။+  ၉  ကိုယ်တော်ဟာ အသက်ရဲ့ပင်ရင်းပါ။+ အလင်းတော်ကြောင့်သာ အလင်းကို ကျွန်တော်တို့ မြင်တွေ့နိုင်တာပါ။+ ၁၀  ကိုယ်တော့်ကို သိကျွမ်းသူတွေအပေါ် ခိုင်မြဲတဲ့မေတ္တာ ဆက်ပြလှည့်ပါ။+ စိတ်ရိုးဖြောင့်သူတွေအပေါ် ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုကို တည်မြဲတည်စေပါ။+ ၁၁  မောက်မာသူတွေ ကျွန်တော့်ကို မနင်းပါစေနဲ့။ လူဆိုးတွေ ကျွန်တော့်ကို မမောင်းထုတ်ပါစေနဲ့။ ၁၂  အမှားကျူးလွန်သူတွေ ကျဆုံးကုန်ပြီ။ ပြန်မထနိုင်လောက်အောင် အလဲထိုးခံရပြီ။+

အောက်ခြေမှတ်ချက်များ