ဆာလံ ၄:၁-၈

  • ဘုရားသခင်ဆီ အားကိုးတကြီး ဆုတောင်း

    • “စိတ်အနှောင့်အယှက် ဖြစ်ရင်တောင် အပြစ် မလုပ်မိစေနဲ့” ()

    • ‘စိတ်အေးလက်အေး အိပ်စက်ပါတော့မယ်’ ()

ဂီတမှူးသို့။ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။  အို ဖြောင့်မတ်တဲ့ ဘုရားသခင်၊+ ကျွန်တော်  ခေါ်တဲ့အခါ ထူးလှည့်ပါ။ ဒုက္ခရောက်တဲ့အခါ လွတ်လမ်းကို ပြင်ဆင်ပေးပါ။ ကျွန်တော့်ကို မျက်နှာသာပေးပါ။ ဆုတောင်းတဲ့အခါ နားထောင်ပေးပါ။  ၂  လူသားတို့၊ ငါ့ကို ဘယ်လောက်ကြာကြာ သိက္ခာချနေမှာလဲ။ တန်ဖိုးမရှိတာကို ဘယ်လောက်ကြာကြာ နှစ်သက်နေမှာလဲ။ မဟုတ်မမှန်တာကို ဘယ်လောက်ကြာကြာ လိုက်ရှာနေမှာလဲ။ (စဲလာ)  ၃  ယေဟောဝါက မိမိအပေါ် သစ္စာစောင့်သိသူကို အရေးတယူ ဆက်ဆံတယ်ဆိုတာ သိထားကြပါ။ ငါခေါ်တဲ့အခါ ယေဟောဝါ ကြားလိမ့်မယ်။  ၄  စိတ်အနှောင့်အယှက် ဖြစ်ရင်တောင် အပြစ်မလုပ်မိစေနဲ့။+ စိတ်ထဲမှာပဲ ထားပြီး အိပ်ရာပေါ် ဆိတ်ငြိမ်စွာ နေလိုက်ပါ။ (စဲလာ)  ၅  ဖြောင့်မတ်ခြင်း ပူဇော်သက္ကာတွေကို ပူဇော်ပြီးယေဟောဝါကို ယုံကြည်ကိုးစားကြပါ။+  ၆  “ကောင်းတာတွေကို ဘယ်သူပြပေးမှာလဲ” လို့ပြောတဲ့သူ အများကြီးပဲ။ အို ယေဟောဝါ၊ ကျွန်တော်တို့အပေါ် မျက်နှာသာအလင်း ထွန်းလင်းပါစေ။+  ၇  ကောက်နှံနဲ့ စပျစ်ဝိုင်အသစ်တွေ အလျှံပယ်ထွက်လို့  ရွှင်လန်းရတာထက်ကိုယ်တော်ပေးတဲ့ ရွှင်လန်းခြင်းဟာ သာလွန်ပါတယ်။  ၈  အို ယေဟောဝါ၊ ကိုယ်တော် တစ်ပါးတည်းသာ ကျွန်တော့်ကို ဘေးကင်းလုံခြုံစွာ နေထိုင်စေတဲ့အတွက်+ကျွန်တော် စိတ်အေးလက်အေး လဲလျောင်းအိပ်စက်ပါတော့မယ်။+

အောက်ခြေမှတ်ချက်များ