ဆာလံ ၄၂:၁-၁၁

  • မဟာကယ်တင်ရှင်အဖြစ် ဘုရားကိုချီးမွမ်း

    • စမ်းရေကိုတမ်းတတဲ့ သမင်လို ဘုရားသခင်ကို တမ်းတ (၁၊ ၂)

    • “ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ” (၁၁)

    • “ဘုရားသခင်ကို စောင့်ဆိုင်းပါ” (၁၁)

ဂီတမှူးသို့။ ကောရရဲ့သားမြေးတွေ+ စပ်ဆိုတဲ့ မက်စကီး။* ၄၂  အို ဘုရားသခင်၊ သမင်ဟာစမ်းရေကို တမ်းတသလို ကျွန်တော်လည်း ကိုယ်တော့်ကို တမ်းတနေပါတယ်။  ၂  အသက်ရှင်တဲ့ ဘုရားသခင်ကိုရေဆာသလို ဆာနေပါတယ်။+ ဘုရားသခင်ရှေ့ကို ဘယ်အချိန်မှ ရောက်နိုင်မှာလဲ။+  ၃  လူတွေက “မင်းရဲ့ဘုရားသခင် ဘယ်မှာလဲ” ဆိုပြီး တစ်နေ့လုံး ကဲ့ရဲ့နေတဲ့အတွက်+ မျက်ရည်တွေဟာ နေ့ရောညပါ ကျွန်တော့်စားစရာ ဖြစ်နေပြီ။  ၄  ပွဲတော်နွှဲပျော်နေသူတွေရဲ့ပျော်ရွှင်မြူးထူးသံ၊+ ကျေးဇူးတင် ချီးမွမ်းသံတွေကြားမှာဘုရားသခင်ရဲ့ အိမ်တော်ဆီ လူစုကြီးနဲ့အတူ သွားခဲ့တာ၊ရှေ့ကနေ တစ်လှမ်းချင်း လျှောက်ခဲ့တာတွေကိုပြန်သတိရမိလေတိုင်း ရင်ထဲမှာ ဆို့နင့်လာတယ်။  ၅  ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ။+ ဘာလို့ ရင်ထဲ ယောက်ယက်ခတ်နေရမှာလဲ။ ဘုရားသခင်ကို မဟာကယ်တင်ရှင်အဖြစ် ချီးမွမ်းရဦးမယ်။+ ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။+  ၆  အို ဘုရားသခင်၊ ကျွန်တော်စိတ်ပျက်နေပါတယ်။+ ဒါကြောင့် ဂျော်ဒန်မြစ်ဝှမ်းဒေသကနေ၊ဟေရမုန်တောင်ထိပ်နဲ့ မိဇာတောင်ကနေကိုယ်တော့်ကို မျှော်မှန်းတမ်းတနေမိတယ်။+  ၇  ရေတံခွန် စီးဆင်းသံတွေ ထွက်ပေါ်လာတဲ့အခါရေလုံးကြီးတွေ အချင်းချင်းအော်ခေါ်ကြတယ်။ ကျွန်တော့်ကို လှိုင်းလုံးကြီးတွေ လွှမ်းမိုးသွားတယ်။+  ၈  ယေဟောဝါက နေ့ဘက်မှာကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာ ပြလိမ့်မယ်။ ညဘက်မှာ ကိုယ်တော့်အကြောင်း သီဆိုမယ်။ အသက်ပေးရှင် ဘုရားသခင်ဆီ ဆုတောင်းမယ်။+  ၉  “ကျွန်တော့်ကို ဘာလို့ မေ့ထားတာလဲ။+ ရန်သူတွေဖိနှိပ်တာနဲ့ပဲ ကျွန်တော် ဘာလို့ ဝမ်းနည်းပက်လက် လျှောက်သွားနေရမှာလဲ”+ ဆိုပြီးကျွန်တော့်ကျောက်ဆောင်ဘုရားသခင်ကို ပြောမယ်။ ၁၀  ရန်သူတွေ ကဲ့ရဲ့နေတယ်။သတ်ချင်စိတ်နဲ့ ရန်မူနေတယ်။* “မင်းရဲ့ဘုရားသခင် ဘယ်မှာလဲ” ဆိုပြီး တစ်နေ့လုံး ကဲ့ရဲ့ကြတယ်။+ ၁၁  ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ။ ဘာလို့ ရင်ထဲ ယောက်ယက်ခတ်နေရမှာလဲ။ ကိုယ်တော့်ကို မဟာကယ်တင်ရှင်၊ ကျွန်တော့်ရဲ့ ဘုရားသခင်အဖြစ် ချီးမွမ်းရဦးမယ်။+ ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
“ကျွန်တော့်အရိုးတွေကို ချေမွနေတယ်” လည်းဖြစ်နိုင်။