ဆာလံ ၄၆:၁-၁၁

  • “ဘုရားသခင်ဟာ ငါတို့ရဲ့ခိုလှုံရာ”

    • ဘုရားသခင်ရဲ့ အံ့ဖွယ်လုပ်ဆောင်မှုများ ()

    • မြေတစ်ခွင်လုံးမှာ စစ်မှုကိုငြိမ်းစေ ()

ဂီတမှူးသို့။ ကောရရဲ့ သားမြေးတွေ စပ်ဆိုတဲ့ သီချင်း။+ အာလမုတ်* တေးအမျိုးအစားအတိုင်း သီဆိုရန်။ ၄၆  ဘုရားသခင်ဟာ ငါတို့ရဲ့ခိုလှုံရာ၊ ငါတို့ရဲ့အစွမ်း ခွန်အားပဲ။+ ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်ပဲ။+  ၂  ဒါကြောင့် ကမ္ဘာကြီး တုန်ခါသွားရင်တောင်၊ပင်လယ်နက်ကြီးထဲ တောင်တန်းတွေ ပြိုဆင်းသွားရင်တောင်+ ငါတို့ မကြောက်ဘူး။  ၃  ပင်လယ်ရေတွေ ဟုန်းဟုန်းမြည်ပြီး ဆူပွက်နေရင်တောင်၊+လှိုင်းထန်လို့ တောင်တန်းတွေ တုန်ခါနေရင်တောင် ငါတို့ မကြောက်ဘူး။ (စဲလာ)  ၄  မြစ်တစ်စင်းရဲ့ မြစ်လက်တက်တွေက ဘုရားသခင်ရဲ့ မြို့တော်ကို၊+အမြင့်ဆုံးဘုရားသခင်ရဲ့ ခမ်းနားသန့်ရှင်းတဲ့ တဲတော်ကို ဝမ်းမြောက်စေတယ်။  ၅  ဘုရားသခင်က အဲဒီမြို့မှာ ရှိနေတဲ့အတွက်+ မြို့ဟာ ကျရှုံးမှာမဟုတ်ဘူး။ ရောင်နီထွက်ပေါ်လာချိန်မှာ အဲဒီမြို့ကို လာကူညီပေးလိမ့်မယ်။+  ၆  လူမျိုးတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီး နိုင်ငံတွေ ကျရှုံးနေတယ်။ ဘုရားသခင် အော်လိုက်တဲ့အခါ ကမ္ဘာကြီး အရည်ပျော်သွားတယ်။+  ၇  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ ငါတို့နဲ့အတူ ရှိတယ်။+ ယာကုပ်ရဲ့ ဘုရားသခင်ဟာလုံခြုံတဲ့ ခိုလှုံရာပဲ။ (စဲလာ)  ၈  ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေ၊ကမ္ဘာမြေပေါ် လုပ်ဆောင်တဲ့အံ့မခန်းဖွယ် လုပ်ရပ်တွေကို ကိုယ်တိုင် လာကြည့်ကြပါ။  ၉  ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။+ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်းဖြတ်ပစ်တယ်။ စစ်မြင်းရထားတွေကို* မီးရှို့ပစ်တယ်။ ၁၀  “အညံ့ခံကြ။ ငါဟာ ဘုရားသခင်ပဲဆိုတာကို သိမှတ်ကြ။ လူမျိုးတွေအလယ်မှာ ငါ့ကို ချီးမြှောက်ကြလိမ့်မယ်။+ ကမ္ဘာမြေပေါ်မှာ ချီးမြှောက်ကြလိမ့်မယ်။”+ ၁၁  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ ငါတို့နဲ့အတူ ရှိတယ်။+ ယာကုပ်ရဲ့ ဘုရားသခင်ဟာ ငါတို့အတွက်လုံခြုံတဲ့ခိုလှုံရာပဲ။+ (စဲလာ)

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
“ဒိုင်းလွှားတွေကို” လည်းဖြစ်နိုင်။