ဆာလံ ၅၃:၁-၆

  • မိုက်မဲသူတွေအကြောင်း ပုံဖော်ချက်

    • “ယေဟောဝါ မရှိဘူး” ()

    • ‘မှန်ရာလုပ်တဲ့သူ မရှိဘူး’ ()

ဂီတမှူးသို့။ မဟာလတ်* တေးအမျိုးအစားအတိုင်း သီဆိုရန်။ မက်စကီး။* ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၅၃  မိုက်မဲသူတွေက “ယေဟောဝါ မရှိဘူး” လို့ စိတ်ထဲမှာ ပြောတတ်တယ်။+ သူတို့ရဲ့အကျင့်တွေဟာ မဖြောင့်မတ်ဘဲ ယိုယွင်းနေတယ်။ ရွံစရာကောင်းတယ်။ မှန်ရာလုပ်တဲ့သူ တစ်ယောက်မှ မရှိဘူး။+  ၂  ဘုရားသခင်ကတော့ လူသားတွေထဲမှာ ထိုးထွင်းဉာဏ်ရှိသူ၊ယေဟောဝါကို ရှာတဲ့သူ ရှိလေမလားဆိုပြီး+ ကောင်းကင်ကနေ ငုံ့ကြည့်နေတယ်။+  ၃  သူတို့အားလုံး လမ်းလွဲပြီးအကျင့်ယိုယွင်းနေတယ်။ မှန်ရာလုပ်တဲ့သူ မရှိဘူး။ တစ်ယောက်တလေတောင်မရှိဘူး။+  ၄  အမှားလုပ်တဲ့သူတွေ တစ်ယောက်မှ နားမလည်ကြဘူး။ ငါ့လူတွေကို အစားအစာလို ဝါးမျိုပစ်တယ်။ ယေဟောဝါဆီ ဆုမတောင်းကြဘူး။+  ၅  ဒါပေမဲ့ မင်းကို တိုက်ခိုက်သူတွေရဲ့ အရိုးတွေကို ဘုရားသခင် ပြန့်ကျဲစေမှာဖြစ်လို့ တစ်ခါမှမကြုံဖူးတဲ့ ကြောက်လန့်ခြင်းမျိုးနဲ့* သူတို့ အကြီးအကျယ် ကြောက်လန့်ရလိမ့်မယ်။ ယေဟောဝါ ငြင်းပယ်လိုက်တဲ့ သူတို့ကို မင်းအရှက်ခွဲရလိမ့်မယ်။  ၆  ဇိအုန်ကနေ အစ္စရေးရဲ့ကယ်တင်ခြင်း ပေါ်ထွက်လာပါစေ။+ ယေဟောဝါက လူမျိုးတော်ကို သုံ့ပန်းဘဝကနေ ပြန်စုသိမ်းတဲ့အခါယာကုပ် ရွှင်လန်းပါစေ။ အစ္စရေး ဝမ်းမြောက်ပါစေ။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
“ကြောက်စရာမရှိတဲ့ နေရာမှာ” လည်းဖြစ်နိုင်။