ဆာလံ ၅၄:၁-၇

  • ရန်သူတွေဝိုင်းနေချိန် ကူညီပေးဖို့ ဆုတောင်းချက်

    • “ဘုရားသခင်ဟာ ငါ့ရဲ့ကူညီမစရှင်” ()

ဂီတမှူးသို့။ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ မက်စကီး။* ဇိဖမြို့သားတွေက “ကျွန်တော်တို့ဆီမှာ ဒါဝိဒ်ပုန်းခိုနေတယ်” လို့ ရှောလုကို လာပြောချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+ ၅၄  အို ဘုရားသခင်၊ နာမတော်ကို ထောက်ပြီး ကျွန်တော့်ကိုကယ်တင်ပေးပါ။+ တန်ခိုးတော်နဲ့ ခုခံကာကွယ်ပေးပါ။+  ၂  အို ဘုရားသခင်၊ ကျွန်တော် ဆုတောင်းတာကို နားထောင်ပေးပါ။+ ကျွန်တော် ပြောတာကို အာရုံစိုက်ပေးပါ။  ၃  သူစိမ်းတွေ ကျွန်တော့်ကိုတိုက်ဖို့ ထကြွနေတယ်။ ရက်စက်တဲ့သူတွေလည်း သတ်ဖို့ရှာကြံနေတယ်။+ ဘုရားသခင်ကို အရေးမလုပ်ကြဘူး။+ (စဲလာ)  ၄  ကြည့်လိုက်ပါ။ ဘုရားသခင်ဟာ ငါ့ရဲ့ကူညီမစရှင်ပဲ။+ ငါ့ကိုထောက်မသူတွေနဲ့အတူ ယေဟောဝါ ရှိနေတယ်။  ၅  ရန်သူတွေကို သူတို့ရဲ့ယုတ်မာမှုအတိုင်း ဘုရားပြန်ဆပ်ပေးမယ်။+ သစ္စာတော်နဲ့အညီ သူတို့ကို ဇာတ်သိမ်းပစ်ပါ။+  ၆  ကိုယ်တော့်ဆီ ပူဇော်သက္ကာတွေ စိတ်ပါလက်ပါ ဆက်သပါ့မယ်။+ ယေဟောဝါဘုရား၊ နာမတော်ဟာ ကောင်းမြတ်တဲ့အတွက် ချီးမွမ်းပါ့မယ်။+  ၇  ဒုက္ခမှန်သမျှကနေ ဘုရားကယ်တင်တဲ့အတွက်+ ရန်သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ငါကြည့်ရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။