ဆာလံ ၅၇:၁-၁၁

  • မျက်နှာသာပြဖို့ ဆုတောင်းချက်

    • အတောင်တော် အရိပ်အောက် ခိုလှုံ ()

    • ရန်သူတွေ ကိုယ့်ထောင်ချောက်ထဲ ပြန်ကျ ()

ဂီတမှူးသို့။ “မဖျက်ဆီးလိုက်ပါနဲ့” တေးသွားအတိုင်း သီဆိုရန်။ မစ်တမ်။* ရှောလုရန်ကနေ ထွက်ပြေးပြီး လိုဏ်ဂူထဲရောက်နေချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+ ၅၇  အို ဘုရားသခင်၊ ကျွန်တော့်ကို မျက်နှာသာပေးလှည့်ပါ။မျက်နှာသာပေးလှည့်ပါ။ ကိုယ်တော့်ဆီမှာ ခိုလှုံပါတယ်။+ ဒုက္ခကင်းဝေးသွားချိန်အထိ အတောင်တော် အရိပ်အောက်မှာ ခိုလှုံပါတယ်။+  ၂  ငါ့ဒုက္ခတွေကို အဆုံးတိုင်ပေးတဲ့အမြင့်ဆုံးအရှင်၊ စစ်မှန်တဲ့ဘုရားသခင်ကို အကူအညီတောင်းတယ်။  ၃  ဘုရားသခင်က ကောင်းကင်ကနေ အကူအညီကို စေလွှတ်ပြီး ကယ်တင်လိမ့်မယ်။+ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားကို စေလွှတ် ပေးလိမ့်မယ်။+ (စဲလာ) ငါ့ကို တိရစ္ဆာန်တွေလို ဝိုင်းဟပ်နေသူတွေ စိတ်ပျက်ရလိမ့်မယ်။  ၄  ငါ့ကို ခြင်္သေ့တွေ ဝိုင်းနေတယ်။+ ဝါးမျိုချင်သူတွေအလယ်မှာငါအိပ်ရတော့မယ်။ သူတို့ရဲ့ သွားတွေဟာ လှံတွေ၊ မြားတွေပဲ။ သူတို့ရဲ့ လျှာတွေဟာ ထက်တဲ့ဓားတွေပဲ။+  ၅  အို ဘုရားသခင်၊ ကောင်းကင်အထက်မှာ ကိုယ်ကိုချီးမြှောက်တော်မူပါ။ မြေတစ်ခွင်လုံးမှာ ဘုန်းတန်ခိုးတော် ပျံ့နှံ့ပါစေ။+  ၆  ငါ့ခြေကို ကျော့မိစေဖို့ သူတို့ပိုက်ထောင်ထားတယ်။+ ငါ့မှာ ဒုက္ခတွေနဲ့ပိနေတယ်။+ ငါ့ရှေ့မှာ တွင်းတူးထားပေမဲ့ အဲဒီတွင်းထဲ သူတို့ပြန်ကျသွားတယ်။+ (စဲလာ)  ၇  အို ဘုရားသခင်၊ ကျွန်တော့်စိတ်ဟာ တည်ကြည်ခိုင်မြဲပါတယ်။+ တည်ကြည်ခိုင်မြဲပါတယ်။ တေးဖွဲ့ပြီး သီချင်းဆိုပါ့မယ်။  ၈  ငါ့ဂုဏ်ကျက်သရေ၊ နိုးထပါ။ ကြိုးတပ်တူရိယာနဲ့ စောင်းတို့၊ နိုးထကြ။ အရုဏ်ဦးကိုလည်း နှိုးရဦးမယ်။+  ၉  ယေဟောဝါဘုရား၊ ကိုယ်တော့်ကို လူတွေအလယ်မှာ ချီးမွမ်းပါ့မယ်။+ လူမျိုးတွေအလယ်မှာ ချီးမွမ်းသီချင်းဆိုပါ့မယ်။+ ၁၀  ခိုင်မြဲတဲ့မေတ္တာတော်ဟာ ကောင်းကင်တိုင်အောင် ကြီးမားလို့ပါ။+ သစ္စာတရားဟာ မိုးယံတိုင်အောင် ကြီးမားလို့ပါ။ ၁၁  အို ဘုရားသခင်၊ ကောင်းကင်အထက်မှာ ကိုယ်ကိုချီးမြှောက်တော်မူပါ။ မြေတစ်ခွင်လုံးမှာ ဘုန်းတန်ခိုးတော် ပျံ့နှံ့ပါစေ။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။