ဆာလံ ၆:၁-၁၀

  • မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​ချက်

    • လူ​သေတွေ ဘုရား​ကို မချီး​မွမ်း​နိုင် ()

    • မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​တာ​ကို​ဘုရားကြား ()

ဂီ​တ​မှူး​သို့။ ရှေ​မိ​နိတ်​သံ* ညှိ​ထား​တဲ့ ကြိုး​တပ်​တူ​ရိ​ယာ​နဲ့ တွဲ​ဖက်​သီ​ဆို​ရန်။ ဒါဝိဒ်​စပ်​ဆို​တဲ့​သီချင်း။  အို ယေဟောဝါ၊ ကျွန်​တော့်​ကို ဒေါသ​တ​ကြီး မဆုံးမ​ပါ​နဲ့။ စိတ်​ဆိုး​မာန်​ဆိုး မတည့်​မတ်​ပါ​နဲ့။+  ၂  ယေဟောဝါ၊ ကျွန်​တော် ခြေ​ကုန်​လက်​ပန်း​ကျ​နေ​လို့ ကရု​ဏာ​ပြလှည့်​ပါ။ ယေဟောဝါ၊ ကျွန်​တော့်​အရိုး​တွေ တုန်​လှုပ်​နေ​လို့ ပျောက်​ကင်း​စေပါ။+  ၃  ကျွန်​တော် အရမ်း​စိတ်​ညစ်​နေပြီ။+ ယေဟောဝါ၊ ကျွန်​တော် မေး​ပါ​ရ​စေ။ ဘယ်​လောက်​ကြာ​ကြာ ဒီလို​ခံစား​နေ​ရ​မှာ​လဲ။+  ၄  ယေဟောဝါ၊ ကျွန်​တော့်​ကို လာ​ကယ်​ပါ​ဦး။+ ခိုင်​မြဲတဲ့​မေတ္တာ​တော်​ကို ထောက်​ပြီး ကယ်​တင်​ပါ​ဦး။+  ၅  လူ​သေတွေ ကိုယ်​တော့်​အကြောင်း မပြော​နိုင်​ဘူး။ သင်္ချိုင်း​မှာ ကိုယ်​တော့်​ကို မချီး​မွမ်း​နိုင်​ဘူး။+  ၆  ညည်း​တွားရ​လွန်း​လို့ ကျွန်​တော် မော​ပန်း​နေ​ပြီ။+ တစ်​ည​လုံး ငို​ရ​လွန်း​လို့ အိပ်​ရာ​ဟာ မျက်​ရည်တွေ​နဲ့ စို​ရွှဲ​နေ​ပြီ။ ခု​တင်​က​လည်း မျက်​ရည်​ထဲ​မှာ မျော​နေ​ပြီ။+  ၇  သော​က​ကြောင့် ကျွန်​တော့်​မျက်​လုံး​တွေ အား​နည်း​လာ​ပြီ။+ ဒုက္ခ​ပေး​သူ​တွေ​ကြောင့် မျက်​စိ​တွေ မှုန်​လာ​ပြီ။  ၈  လူ​ယုတ်​မာ​တို့၊ ငါ့​ဆီ​က​နေ ထွက်​သွား​ကြ။ ငါ့​ငို​ကြွေး​သံ​ကို ယေဟောဝါ ကြား​လိမ့်​မယ်။+  ၉  မျက်​နှာ​သာ​ပေး​ပါ​လို့ အသနား​ခံ​တာ​ကို ယေဟောဝါ ကြား​လိမ့်​မယ်။+ ငါ့​ဆုတောင်း​ချက်​ကို ယေဟောဝါ လက်ခံ​လိမ့်​မယ်။ ၁၀  ငါ့​ရန်​သူ​အားလုံး အရှက်​တ​ကွဲ​ဖြစ်​ပြီး တုန်​လှုပ်​ချောက်​ချား​ကြ​လိမ့်​မယ်။ ရုတ်​တ​ရက် အရှက်​ကွဲ​ပြီး လှည့်​ပြေး​ရ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။